Home
ဆောင်းပါး
နှလုံးကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့ လက္ခဏာ (၈) မျိုး
DVB
·
August 17, 2019
နှလုံးရောဂါရှိထားပြီးသားလူတွေရော၊ နှလုံးရောဂါရှိမရှိ မသိသေးတဲ့သူတွေရော ကိုယ့်မှာဖြစ်တဲ့လက္ခဏာတွေအကြောင်း သေချာသိထားဖို့လိုတယ်၊ အချိန်မီကုသနိုင်အောင် လက်ဦးဖို့လိုတယ်ဆိုတာလေး သတိပေးချင်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးက လက္ခဏာ အတိအကျမပြတတ်ပါဘူး။ ရုပ်ရှင်တွေထဲကလို ရင်ဘတ်လေးဖိပြီးလဲကျသွားတာမျိုး အမြဲတမ်းမပြပါဘူး။ တချို့လက္ခဏာတွေက မောတာ၊ရင်ဘတ်အောင့်တာတင် မဟုတ်သလို အချိန်မီမကုသနိုင်ရင် ဘာဆက်ဖြစ်သွားနိုင်လဲဆိုတာလည်း အပိုင်ပြောဖို့မလွယ်ပါဘူး။ မသေချာရင် နှလုံးကိုစစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။အကယ်၍ကာယကံရှင်က အသက် ၆၀ နဲ့အထက် ရှိနေသူဖြစ်ရင်၊ ဝနေရင်၊ ဆီးချိုရှိရင်၊ ကိုလက်စထရောများရင်၊ သွေးတိုးရှိရင် ဖြစ်နိုင်ခြေပိုများတတ်ပါတယ်။ ဒီလိုအချက်တွေ ကိုယ့်မှာရှိတာများလေ ပိုသတိထားသင့်လေ ဖြစ်ပါတယ်။အထူးသဖြင့် ဒီလက္ခဏာတွေကို ဂရုစိုက်ပါ – (၁) ရင်ဘတ်ထဲက ဝေဒနာ နှလုံးအတွက်အန္တရာယ်အများဆုံး အဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ ရင်ဘတ်အောင့်တာပါပဲ။ နှလုံးသွေးကြောပိတ်နေတာ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းတာဆိုရင် ရင်ဘတ်ထဲ အောင့်တယ်၊ တင်းကျပ်ကျပ်ကြီးဖြစ်နေတယ်၊ ဖိထားသလို ခံစားရတယ်။ ဒီခံစားချက်ကို ဘယ်လိုခေါ်ဆိုလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တချို့က ရင်ဘတ်မှာအလေးကြီးဖိထားသလို ခံစားရတယ်ပြောပေမယ့် ပူလောင်နေတယ်၊ ဖိညှပ်သလိုနာတယ် လို့လည်း တချို့က ပြောကြပါတယ်။ ဒီဝေဒနာက တစ်ခါဖြစ်ရင် မိနစ်ပိုင်းလောက်ကြာရှည်တတ်တယ်၊ နားနေချိန်မှာလည်းဖြစ်တတ်တယ်၊ လှုပ်ရှားလိုက်ချိန်မှာလည်း ဖြစ်တတ်တယ်။ ဝေဒနာက ခဏလေးပဲဖြစ်တာဆိုရင်၊ ဒါမှမဟုတ် အောင့်တဲ့နေရာကို ထိလိုက်၊ဖိလိုက်ရင် ပိုနာတာဆိုရင် နှလုံးကြောင့်မဟုတ်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့် ရင်ဘတ်မအောင့်ဘဲလည်း နှလုံးပြဿနာဖြစ်နေနိုင်တယ်၊ heart attack ဖြစ်နိုင်တယ်ဆိုတာ သတိမမေ့ပါနဲ့။ (၂) မအီမသာ၊ အစာမကြေ၊ ရင်ပူ၊ ဗိုက်အောင့် Heart attack ဖြစ်တဲ့အချိန်မှာ တချို့လူတွေဟာ ဒီလက္ခဏာတွေခံစားရတတ်တယ်။ ပျို့အန်တာမျိုးလည်း ရှိတတ်တယ်။ဒီလိုလက္ခဏာမျိုးကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုခံစားရတတ်ပါတယ်။ ဗိုက်အောင့်တိုင်းတော့ ဒီလိုမဟုတ်ပေမယ့် heart attack ဖြစ်ချိန်မှာ ဗိုက်အောင့်တတ်တာကို သတိထားဖို့လိုပါတယ်။ (၃) လက်မောင်းအထိ ပြန့်လာတဲ့ နာကျင်မှု Heart attack ရဲ့ သိသာထင်ရှားတဲ့ နောက်လက္ခဏာတစ်ခုက ဘယ်ဘက်တစ်ခြမ်းလုံးကို ဖြာထွက်သွားတဲ့ နာကျင်မှုပါပဲ။ စစချင်းမှာ ရင်ဘတ်အောင့်ရာကနေ ဘယ်ဘက်လက်မောင်းပါ အောင့်တာ၊ကိုက်တာဖြစ်လာတတ်တယ်။ (၄) ခေါင်းမူးတာ ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးက သွေးအလုံအလောက်မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။ (၅) ဟောက်တာ ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကို အောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့ သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့ သွေးဖိအားကို မြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊ လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတု့ိ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ (၆) ချွေးထွက်လွန်းတာ အကြောင်းရင်းမည်မည်ရရ မရှိဘဲ ချွေးတွေအများကြီးထွက်ပြီး အေးစက်လာတာက heart attack အန္တရာယ်ကို အချက်ပြတာဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေနဲ့ အတူတွဲပြီးဖြစ်လာမယ်ဆိုရင် ဆေးရုံမှာ ချက်ချင်းကုသမှုခံယူတာကောင်းပါတယ်။ (၇) အမြစ်မပြတ်တဲ့ ချောင်းဆိုး အများအားဖြင့်တော့ ချောင်းဆိုးဝေဒနာတိုင်းက နှလုံးကြောင့်မဟုတ်ကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာ နှလုံးရောဂါရှိတယ် ဒါမှမဟုတ် ဖြစ်နိုင်ခြေရှိနေတယ်ဆိုရင် ဒီလက္ခဏာမျိုးကို အမှုမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။ ကာလတာရှည်နေတဲ့ ချောင်းဆိုးက အဖြူရောင် သို့မဟုတ် ပန်းရောင်သမ်းတဲ့ သလိပ်တွေထွက်နေတုန်းပဲဆိုရင် နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတဲ့လက္ခဏာတစ်ခုပါ။ နှလုံးက ခန္ဓာကိုယ်က လိုအပ်သလောက်မလုပ်ပေးနိုင်တော့တာကြောင့် အဆုတ်ထဲကို သွေးပြန်ယိုစိမ့်လာစေတာဖြစ်ပါတယ်။ (၈) ခြေထောက်အောက်ပိုင်းဖောရောင်တာ အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာ ခြေထောက်ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ ခြေထောက်ဖောရောင်ခြင်းက ခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။ ရုတ်တရက် ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။ ေရးသားသူ ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Zawgyi Version ႏွလံုးေရာဂါရွိထားျပီးသားလူေတြေရာ၊ ႏွလံုးေရာဂါရွိမရွိ မသိေသးတဲ့သူေတြေရာ ကိုယ့္မွာျဖစ္တဲ့လကၡဏာေတြအေၾကာင္း ေသခ်ာသိထားဖို႔လိုတယ္၊ အခ်ိန္မီကုသနုိင္ေအာင္ လက္ဦးဖို႔လိုတယ္ဆိုတာေလး သတိေပးခ်င္ပါတယ္။ ႏွလံုးနဲ႔ပတ္သက္တဲ့ ျပႆနာအားလံုးက လကၡဏာ အတိအက်မျပတတ္ပါဘူး။ ရုပ္ရွင္ေတြထဲကလို ရင္ဘတ္ေလးဖိျပီးလဲက်သြားတာမ်ိဳး အျမဲတမ္းမျပပါဘူး။ တခ်ိဳ႕လကၡဏာေတြက ေမာတာ၊ရင္ဘတ္ေအာင့္တာတင္ မဟုတ္သလို အခ်ိန္မီမကုသနုိင္ရင္ ဘာဆက္ျဖစ္သြားနုိင္လဲဆိုတာလည္း အပိုင္ေျပာဖို႔မလြယ္ပါဘူး။ မေသခ်ာရင္ ႏွလံုးကိုစစ္ေဆးၾကည့္တာ အေကာင္းဆံုးပါပဲ။အကယ္၍ကာယကံရွင္က အသက္ ၆၀ နဲ႔အထက္ ရွိေနသူျဖစ္ရင္၊ ဝေနရင္၊ ဆီးခ်ိဳရွိရင္၊ ကိုလက္စထေရာမ်ားရင္၊ ေသြးတိုးရွိရင္ ျဖစ္နိုင္ေျခပိုမ်ားတတ္ပါတယ္။ ဒီလုိအခ်က္ေတြ ကိုယ့္မွာရွိတာမ်ားေလ ပိုသတိထားသင့္ေလ ျဖစ္ပါတယ္။အထူးသျဖင့္ ဒီလကၡဏာေတြကို ဂရုစိုက္ပါ – (၁) ရင္ဘတ္ထဲက ေဝဒနာ ႏွလံုးအတြက္အႏၱရာယ္အမ်ားဆံုး အျဖစ္မ်ားတဲ့ လကၡဏာတစ္ခုကေတာ့ ရင္ဘတ္ေအာင့္တာပါပဲ။ ႏွလံုးေသြးေၾကာပိတ္ေနတာ၊ ႏွလံုးလုပ္ေဆာင္ခ်က္ရုတ္တရက္ရပ္ဆိုင္းတာဆိုရင္ ရင္ဘတ္ထဲ ေအာင့္တယ္၊ တင္းက်ပ္က်ပ္ၾကီးျဖစ္ေနတယ္၊ ဖိထားသလို ခံစားရတယ္။ ဒီခံစားခ်က္ကို ဘယ္လိုေခၚဆိုလဲဆိုတာ တစ္ေယာက္နဲ႕တစ္ေယာက္မတူၾကပါဘူး။ တခ်ိဳ႕က ရင္ဘတ္မွာအေလးၾကီးဖိထားသလို ခံစားရတယ္ေျပာေပမယ့္ ပူေလာင္ေနတယ္၊ ဖိညွပ္သလိုနာတယ္ လို႔လည္း တခ်ိဳ႕က ေျပာၾကပါတယ္။ ဒီေဝဒနာက တစ္ခါျဖစ္ရင္ မိနစ္ပိုင္းေလာက္ၾကာရွည္တတ္တယ္၊ နားေနခ်ိန္မွာလည္းျဖစ္တတ္တယ္၊ လႈပ္ရွားလိုက္ခ်ိန္မွာလည္း ျဖစ္တတ္တယ္။ ေဝဒနာက ခဏေလးပဲျဖစ္တာဆိုရင္၊ ဒါမွမဟုတ္ ေအာင့္တဲ့ေနရာကို ထိလိုက္၊ဖိလိုက္ရင္ ပိုနာတာဆိုရင္ ႏွလံုးေၾကာင့္မဟုတ္ဘူးလို႔ ပညာရွင္ေတြက ေျပာပါတယ္။ ဒါေပမယ့္ ရင္ဘတ္မေအာင့္ဘဲလည္း ႏွလံုးျပႆနာျဖစ္ေနနိုင္တယ္၊ heart attack ျဖစ္နုိင္တယ္ဆိုတာ သတိမေမ့ပါနဲ႔။ (၂) မအီမသာ၊ အစာမေၾက၊ ရင္ပူ၊ ဗိုက္ေအာင့္ Heart attack ျဖစ္တဲ့အခ်ိန္မွာ တခ်ိဳ႕လူေတြဟာ ဒီလကၡဏာေတြခံစားရတတ္တယ္။ ပ်ိဳ႔အန္တာမ်ိဳးလည္း ရွိတတ္တယ္။ဒီိလိုလကၡဏာမ်ိဳးကို အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုခံစားရတတ္ပါတယ္။ ဗိုက္ေအာင့္တိုင္းေတာ့ ဒီလိုမဟုတ္ေပမယ့္ heart attack ျဖစ္ခ်ိန္မွာ ဗိုက္ေအာင့္တတ္တာကို သတိထားဖို႔လိုပါတယ္။ (၃) လက္ေမာင္းအထိ ျပန္႔လာတဲ့ နာက်င္မႈ Heart attack ရဲ႕ သိသာထင္ရွားတဲ့ ေနာက္လကၡဏာတစ္ခုက ဘယ္ဘက္တစ္ျခမ္းလံုးကို ျဖာထြက္သြားတဲ့ နာက်င္မႈပါပဲ။ စစခ်င္းမွာ ရင္ဘတ္ေအာင့္ရာကေန ဘယ္ဘက္လက္ေမာင္းပါ ေအာင့္တာ၊ကိုက္တာျဖစ္လာတတ္တယ္။ (၄) ေခါင္းမူးတာ ေခါင္းမူးတာ(ေခါင္းထဲေပါ့ခနဲျဖစ္သြားတာ)ဟာ ဦးေႏွာက္ဆီကို ႏွလံုးက ေသြးအလံုအေလာက္မပို႔နုိင္တာေၾကာင့္ျဖစ္ပါတယ္။ ေခါင္းမူးတာက ႏွလံုးခုန္စည္းခ်က္မမွန္ျခင္း(arrhythmia)ရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။ နွလံုးၾကြက္သားအားနည္းျခင္းေၾကာင့္လည္း ႏွလံုးခုန္မမွန္ျဖစ္ေစနုိုင္ပါတယ္။ (၅) ေဟာက္တာ ကိုယ့္ရဲ႕ေဟာက္သံက်ယ္က်ယ္ထြက္ေနတယ္ဆိုတာ အသက္ရွဴေခတၱရပ္တာေၾကာင့္ပါ။ အဲဒီအခ်ိန္ဆိုရင္ ဦးေႏွာက္ကို ေအာက္ဆီဂ်င္အလံုအေလာက္မေရာက္ေတာ့ပါဘူး။ ဒီလိုျဖစ္ရင္ ေသြးလည္ပတ္ေစဖို႔ ႏွလံုးနဲ႔ ေသြးေၾကာေတြကို ပိုအလုပ္လုပ္ေစပါေတာ့တယ္။ ရလဒ္ကေတာ့ ေသြးဖိအားကို ျမင့္ေစနုိင္တယ္၊ နွလံုးခုန္စည္းခ်က္ မူမမွန္ျဖစ္ေစတယ္၊ ေလျဖတ္ျခင္းနဲ႔ ႏွလံုးလုပ္ေဆာင္ခ်က္ပ်က္စီးျခင္းတု႔ိ ျဖစ္လာနိုင္တဲ့ အႏၱရာယ္ရွိပါတယ္။ (၆) ေခြ်းထြက္လြန္းတာ အေၾကာင္းရင္းမည္မည္ရရ မရွိဘဲ ေခြ်းေတြအမ်ားၾကီးထြက္ျပီး ေအးစက္လာတာက heart attack အႏၱရာယ္ကို အခ်က္ျပတာျဖစ္နုိင္ပါတယ္။ တျခားလကၡဏာေတြနဲ႔ အတူတြဲျပီးျဖစ္လာမယ္ဆိုရင္ ေဆးရံုမွာ ခ်က္ခ်င္းကုသမႈခံယူတာေကာင္းပါတယ္။ (၇) အျမစ္မျပတ္တဲ့ ေခ်ာင္းဆိုး အမ်ားအားျဖင့္ေတာ့ ေခ်ာင္းဆိုးေဝဒနာတိုင္းက ႏွလံုးေၾကာင့္မဟုတ္ၾကပါဘူး။ ဒါေပမယ့္ ကိုယ့္မွာ ႏွလံုးေရာဂါရွိတယ္ ဒါမွမဟုတ္ ျဖစ္နုိင္ေျခရွိေနတယ္ဆိုရင္ ဒီလကၡဏာမ်ိဳးကို အမႈမဲ့အမွတ္မဲ့ မေနသင့္ပါဘူး။ ကာလတာရွည္ေနတဲ့ ေခ်ာင္းဆိုးက အျဖဴေရာင္ သို႔မဟုတ္ ပန္းေရာင္သမ္းတဲ့ သလိပ္ေတြထြက္ေနတုန္းပဲဆိုရင္ ႏွလံုးလုပ္ေဆာင္ခ်က္ပ်က္ယြင္းတဲ့လကၡဏာတစ္ခုပါ။ ႏွလံုးက ခႏၶာကိုယ္က လိုအပ္သေလာက္မလုပ္ေပးနုိင္ေတာ့တာေၾကာင့္ အဆုတ္ထဲကို ေသြးျပန္ယိုစိမ့္လာေစတာျဖစ္ပါတယ္။ (၈) ေျခေထာက္ေအာက္ပိုင္းေဖာေရာင္တာ အခ်ိန္ၾကာၾကာ မတ္တပ္ရပ္ေနတဲ့အခါ ဒါမွမဟုတ္ ထိုင္ေနတဲ့အခါမ်ိဳးမွာ ေျခေထာက္ေရာင္လာတတ္သလို ကိုယ္ဝန္ေဆာင္ကာလမွာလည္း ျဖစ္တတ္ပါတယ္။ ဒီလိုအရည္ေတြစုတယ္ဆိုတာ ႏွလံုးလုပ္ေဆာင္ခ်က္ပ်က္ယြင္းတာနဲ႔ ေျခေထာက္မွာေသြးလည္ပတ္မႈမေကာင္းရာက အရင္းခံတာပါ။ ေျခေထာက္ေဖာေရာင္ျခင္းက ေျခေထာက္ေအာက္ပိုင္းကေန ႏွလံုးဆီကိုေသြးျပန္္မပို႔နုိင္ေအာင္ ပိတ္ဆို႔မႈရွိေနတာေကာင့္ျဖစ္ပါတယ္။ ရုတ္တရက္ ေျခေထာက္ေရာင္လာရင္ ေနာက္ခံအေၾကာင္းရင္းကိုသိနုိင္ဖို႔ ဆရာဝန္ျပသင့္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024