A d v e r t i s e m e n t With Us

လူထုစည်းဝေးပွဲအတွင်း ထောက်ခံသူတဦးကို ဆန္ဒပြသူနှင့်မှားပြီး ထရမ့်လှောင်ပြောင်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သြဂုတ် ၁၅ ရက်က  နယူးဟမ်ရှိုင်းယား ပြည်နယ် လူထုစည်းဝေးပွဲအတွင်း ထောက်ခံသူတဦးကို ဆန္ဒပြသူနဲ့မှားပြီး အဲဒီလူကို ဝိတ်တက်နေတယ်ဆိုပြီး  လှောင်ပြောင်ခဲ့ပါတယ်။  လူထုစည်းဝေးပွဲအတွင်း သမ္မတထရမ့်က ဖရန့်ဒေါ်ဆန်ဆိုသူကို “အဲဒီလူက ဝိတ်တက်နေတယ်။ အိမ်ပြန်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ လိုတယ်။ သူ့ကို အပြင်ခေါ်ထုတ်သွားပါ” လို့ ပြောခဲ့တာပါ။     လူထုစည်းဝေးပွဲအပြီးမှာတော့ သမ္မတထရမ့်က ဖရန့်ဒေါ်ဆန်ဟာ သူ့ကို  ထောက်ခံသူ ဖြစ်မှန်းသိသွားပြီး ဖရန့်ဒေါ်ဆန်ကို သူရဲ့ အဲဖို့စ်ဝမ်း လေယာဉ်ပေါ်ကနေ  ဖုန်းနဲ့ ဆက်သွယ်ခဲ့ပါတယ်။   ဒါပေမဲ့ သမ္မတထရမ့်ဟာ ဒေါ်ဆန်ကို ဆက်သွယ်လို့ မရဘဲ voicemail ထားခဲ့တယ်လို့ အုပ်ချုပ်ရေး အရာရှိတဦးကပြောပါတယ်။  Fox News ချာနယ်က လုပ်တဲ့ရှိုးက  ဒေါ်ဆန်ကို ဆက်သွယ်ရာမှတော့ ဒေါ်ဆန်က သူဝိတ်တက်တာကို လှောင်ပြောင်တဲ့ သမ္မတ ထရမ့်မှတ်ချက်စကားကို စိတ်မဆိုးဘူးလို့ ပြန်ဖြေခဲ့ပါတယ်။   အဲဒီနောက် ဒေါ်ဆန်က သူဟာ သမ္မတထရမ့်ကို သဘောကျပြီး ထရမ့်ဟာ   အမေရိကအတွက် အကောင်းဆုံး လူတယောက်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။
Zawgyi Version လူထုစည္းေဝးပြဲအတြင္း ေထာက္ခံသူတဦးကို ဆႏၵျပသူႏွင့္မွားၿပီး ထရမ့္ေလွာင္ေျပာင္ DVB အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ ၾသဂုတ္ ၁၅ ရက္က နယူးဟမ္ရႈိင္းယား ျပည္နယ္ လူထုစည္းေဝးပြဲအတြင္း ေထာက္ခံသူတဦးကို ဆႏၵျပသူနဲ႔မွားၿပီး အဲဒီလူကို ဝိတ္တက္ေနတယ္ဆိုၿပီး ေလွာင္ေျပာင္ခဲ့ပါတယ္။ လူထုစည္းေဝးပြဲအတြင္း သမၼတထရမ့္က ဖရန႔္ေဒၚဆန္ဆိုသူကို “အဲဒီလူက ဝိတ္တက္ေနတယ္။ အိမ္ျပန္ၿပီး ေလ့က်င့္ခန္းလုပ္ဖို႔ လိုတယ္။ သူ႔ကို အျပင္ေခၚထုတ္သြားပါ” လို႔ ေျပာခဲ့တာပါ။ လူထုစည္းေဝးပြဲအၿပီးမွာေတာ့ သမၼတထရမ့္က ဖရန႔္ေဒၚဆန္ဟာ သူ႔ကို ေထာက္ခံသူ ျဖစ္မွန္းသိသြားၿပီး ဖရန႔္ေဒၚဆန္ကို သူရဲ႕ အဲဖို႔စ္ဝမ္း ေလယာဥ္ေပၚကေန ဖုန္းနဲ႔ ဆက္သြယ္ခဲ့ပါတယ္။ ဒါေပမဲ့ သမၼတထရမ့္ဟာ ေဒၚဆန္ကို ဆက္သြယ္လို႔ မရဘဲ voicemail ထားခဲ့တယ္လို႔ အုပ္ခ်ဳပ္ေရး အရာရွိတဦးကေျပာပါတယ္။ Fox News ခ်ာနယ္က လုပ္တဲ့ရႈိးက ေဒၚဆန္ကို ဆက္သြယ္ရာမွေတာ့ ေဒၚဆန္က သူဝိတ္တက္တာကို ေလွာင္ေျပာင္တဲ့ သမၼတ ထရမ့္မွတ္ခ်က္စကားကို စိတ္မဆိုးဘူးလို႔ ျပန္ေျဖခဲ့ပါတယ္။ အဲဒီေနာက္ ေဒၚဆန္က သူဟာ သမၼတထရမ့္ကို သေဘာက်ၿပီး ထရမ့္ဟာ အေမရိကအတြက္ အေကာင္းဆုံး လူတေယာက္ျဖစ္တယ္လို႔ေျပာခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up