Home
မေးမြန်းခန်း
အမွေဆက်ခံရေး (ဥပဒေရေးရာ အမေးအဖြေ)
DVB
·
August 17, 2019
အမွေဆက်ခံရေးဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို ဦးကျော်ဇေယျ (ဥပဒေပညာရှင်၊ စာရေးဆရာ ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ကျမတို့မှာ ညီအမ ၃ ယောက်ရှိပါတယ်။ အမေက အရင်ကွယ်လွန်ပြီး အဖေက နောက်မှ ကွယ်လွန်ပါတယ်။ အဖေ မကွယ်လွန်ခင်မှာ အတူနေသမီး အပျိုကြီးဖြစ်သူကို လက်ရှိနေထိုင်တဲ့ အိမ်ခြံမြေတစ်ခုလုံးကို အပိုင်ပေးစာချုပ်နဲ့ မှတ်ပုံတင်ပြီး ပေးခဲ့ပါတယ်။ အဖေ ကွယ်လွန်ပြီးနောက် ကျန်တဲ့ညီမတွေက ဒီအိမ်ကြီးနံဘေးမှာပဲ အဖီဆွယ်ပြီး နေရပါတယ်။ ကျန်တဲ့ အမွေဆိုင် သမီးတွေအနေနဲ့ ဒီအိမ်နဲ့ပတ်သက်ပြီး သက်ဆိုင်ခွင့် မရှိတော့ဘူးလား ဆိုတာ သိပါရစေ။ ဖြေ - အပိုင်ပေးတာဟာ ဥပဒေနဲ့အညီလား ပထမ စဉ်းစားရတာပေါ့။ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ ၁၆(ခ) အရ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို တန်ဖိုးလည်း တစ်သိန်းအထက် ဖြစ်မယ်၊ အဲဒါကို လွှဲပြောင်းရောင်းချမယ် ဆိုရင် မလွဲမသွေ မှတ်ပုံတင်စာချုပ်ချုပ်မှ တရားဝင်မယ်လို့ ပြောထားပါတယ်။ အဲဒီဥပဒေနဲ့အညီ မှတ်ပုံတင် စာချုပ်ပြီးတော့ ပေးလိုက်တဲ့အတွက် ပေးကမ်းခြင်း စာချုပ်ဟာ တည်မြဲခိုင်မာတယ်လို့ ပြောလို့ရပါတယ်။  ဒါပေမဲ့ မြန့်မာဓလေ့ထုံးတမ်းဥပဒေမှာ မိဘများ ကွယ်လွန်ဆုံးပါးသွားတဲ့အခါမှာ အမွေပစ္စည်းဟာ တဦးတည်းကပဲ အပြည့်ရပြီး ကျန်ပုဂ္ဂိုလ်တွေက တစိုးတစေ့မျှ မရဘူးဆိုရင် ဒီပေးကမ်းခြင်း ပျက်တယ်လို့ ဆိုထားပါတယ်။ ဒီတော့ ပထမ ပေးကမ်းခြင်းမှာ မိဘရှိနေတော့ ဒီပြဿနာက မပေါ်ဘူး။ ဒါပေမဲ့ မိဘ ဆုံးသွားတဲ့အခါမှာ ဒုတိယပြဿနာက ဝင်လာတယ်။ ကျန်တဲ့သားသမီးက ဘာရသလဲ။ ဘာမှ မရဘူး ဆိုရင်တော့ စောစောကပြောသလို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ပေးကမ်းခြင်းစာချုပ်နဲ့ ပေးထားတာသည် အလိုလို ပျက်သွားပါတယ်။ ဖျက်သိမ်းစရာ မလိုဘူး။ ဒါကြောင့် ကျန်တဲ့ နှစ်ယောက်အနေနဲ့က အကျိုးခံစားခွင့် ရနိုင်တယ်။ ဒီမြေကြီးတစ်ခုလုံးဟာ အမွေဆိုင်ပစ္စည်းအဖြစ် မှတ်ယူရမယ်လို့ ဖြေကြားပေးချင်ပါတယ်။  မေး - ကျမက တဦးတည်းသော သမီးပါ။ အမေ သက်ရှိထင်ရှား ရှိစဉ်အခါက အဘိုး အဘွားပိုင် အမွေဆိုင်အိမ်ကို ကျန်တဲ့ ဦးလေးနဲ့ အဒေါ်ဆီမှာ ငွေပြန်အမ်းပြီး ရယူထားပါတယ်။ လက်ရှိမှာ ဒီအိမ်မှာ ဦးလေးနဲ့ အဒေါ်တို့ မိသားစု နေထိုင်ပါတယ်။ အမေ့အမည်နဲ့ စာချုပ်စာတမ်း မလုပ်ရသေးပါဘူး။ စည်ပင်မှာ အိမ်ပိုင်ရှင် အမည်ပြောထားတဲ့အတွက် စည်ပင်ကလာတဲ့ ပြေစာတွေပေါ်မှာတော့ အမေ့နာမည်နဲ့ပါ။ မနှစ်က အမေ ဆုံးသွားပါတယ်။ ဒီအိမ်ကို ရောင်းမယ်ဆိုတော့ ဦးလေးရဲ့ သားသမီးတွေက မကြိုက်ပါဘူး။ အမေ မဆုံးခင်က ကျန်းမာရေး မကောင်းလို့ ရောင်းမယ်လုပ်တော့ သူတို့က ပြန်ဝယ်မယ်ဆိုပြီး အောက်ကြေးနဲ့ ဈေးဖြတ်ပါတယ်။ မရောင်းဖြစ်ပါ။ ကျမအနေနဲ့ ဒီအိမ်ကို တရားဝင် အမည်ပေါက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လမ်းညွှန်ပေးစေချင်ပါတယ်။ ‌‌ဖြေ - သူကတော့ အမွေဆိုင်သားသမီး သုံးယောက် ရှိတာပေါ့။ သူ့အမေရယ်၊ အဒေါ်ရယ်၊ ဦးလေးရယ်ပေါ့။ သူ့အမေက ဒီအမွေဆိုင်ပစ္စည်းကို  ငွေအမ်းပြီး သူက ယူလိုက်တာပေါ့။ ခိုင်ခိုင်မာမာ ချုပ်ထားတာ ရှိသလား မရှိဘူးဆိုတာတော့ မပေါ်သေးဘူး။ ဒါပေမဲ့ ယူထားတယ်ဆိုတော့ အထောက်အထားတော့ ရှိနေပြီ။ အိမ်ကို စည်ပင်နာမည် ပြောင်းတယ် ဆိုတာကတော့ အခွန်နဲ့ စပ်ဆိုင်တာ ဖြစ်မှာပေါ့။ အခွန်ပြေစာတွေမှာတော့ သူ့အမေနာမည် ပေါက်သွားလို့ပေါ့နော်။ ပေါက်သွားပြီဆိုတော့ ဒါနဲ့ပတ်သက်ပြီး ထုခွဲရောင်းချမယ့်အခါကျတော့၊ လက်ရှိနေတယ် ဆိုတော့ ဘယ်သဘောတူနိုင်မလဲ။ ဒါပေမဲ့ ပြောင်းမယ့်ကိစ္စမှာ (သူတို့ကလည်း ဝယ်မယ်ဆိုတာ အောက်ဈေးနဲ့ ပြောတာကိုး) သူကလည်း မကျေနပ်ဘူး၊ သူ့နာမည်ပေါက်အောင် လုပ်လို့ရမယ်ဆိုတာ သူက သိချင်တယ်။ ဆိုတော့ စောစောကပြောသလို စာချုပ်ခိုင်ခိုင်မာမာ ရှိမယ်၊ သက်သေ ခိုင်ခိုင်မာမာ ရှိမယ် ဆိုရင်တော့ သိပ်ပြီးတော့ ပူစရာမရှိပါဘူး။ အဒေါ်နဲ့ ညှိပြီးတော့ သူ့အမည်ပြောင်းဖို့အတွက် တောင်းဆိုရုံပဲပေါ့။ တောင်းဆိုလို့ လွယ်လွယ်ကူကူ သဘောတူရင်လည်း ပြီးတာပဲပေါ့။ အဲလိုမှ သဘောမတူဘူး ဆိုရင်တော့ သူ့အမည်ပေါက်အောင် လုပ်ရမယ် ဆိုရင်တော့၊ တရားစွဲရမယ်။ အမွေဆိုင်အိမ်ကို အမွေဆိုင်သားချင်းများထံမှ ဝယ်ယူပိုင်ဆိုင်ခဲ့သည်မှာ မှန်ကြောင်း ထုတ်ဖော် ကြေညာပေးစေလိုမှုနဲ့ ဒီအိမ်မှာနေတဲ့လူတွေကို ဖယ်ရှားပြီး လက်ရောက်ရလိုမှု စွဲကို စွဲရပါမယ်။ သီးခြားသက်သာခွင့်ဥပဒေပုဒ်မ ၄၂ အရ စွဲရမယ်။ ဒီအိမ်ကြီးဟာ သူ့မိဘ ပိုင်ခဲ့တာ၊ သူ ပိုင်တယ်ပေါ့၊ ဒါကြောင့် အမွေဆက်ခံပိုင်ဆိုင်ခွင့် ရှိတယ်ပေါ့။ အဲဒါကို ထုတ်ဖော်ကြေညာပေးစေလိုမှု စွဲတဲ့အခါမှာ နောက်ဆက်တွဲသက်သာခွင့်က မတောင်းလို့ မရဘူး။ နောက်ဆက်တွဲက ဒီအဒေါ်နဲ့ ဦးလေးကို ဖယ်ရှားခိုင်းပြီး အိမ်ဥပစာကို လက်ရောက်ရဖို့ သူက လုပ်ရမှာကိုး၊ အဲဒီ ၄၂ နဲ့စွဲတဲ့အခါမှာ စောစောက ပြောသလို ခေါင်းစီး တပ်ပြီးတော့ စွဲမှ နိုင်တော့မှသာလျှင် အဲဒီ အနိုင်ဒီကရီကို ပြပြီးတော့ သူနာမည် အမည်ဖောက်လို့ရပါလိမ့်မယ်။ ညှိုနိုင်းလို့ အဆင်ပြေရင်လည်း တရားစွဲစရာ မလိုဘူး၊ အမည်ဖောက်လို့ ရတာပေါ့။ ညှိနှိုင်းလို့ မရရင်လည်း ဒီနည်းကို ကျင့်သုံးဖို့ လိုအပ်တယ်လို့ပဲ ဖြေကြားချင်ပါတယ်။   မေး - မိဘနှစ်ပါး ကွာရှင်းချိန်မှာ မိခင် ဒါမှမဟုတ် ဖခင်ဘက်ကို ပါသွားတဲ့ သားသမီးတွေအနေနဲ့ ကျန်တဲ့ မိခင်၊ သို့မဟုတ် ဖခင်ကို လုံးဝ အဆက်အသွယ်မလုပ်၊ ပြန်မကြည့်ဘူးဆိုရင် အမွေမရထိုက်ဘူးလို့ သိရပါတယ်။ ဟုတ်ပါသလား။ အမမွေရထိုက်ကြောင်း တရားဝင်ဖြစ်အောင် ဥပဒေအရ လုပ်လို့ရ နိုင်ပါသလား။ ဖြေ - လင်မယား ကွာကြပြီဆိုရင် ပစ္စည်းခန်းလည်း ခွဲရတာပေါ့၊ သား၊ သမီးတွေ ရှိတဲ့အခါဆိုရင်လည်း ဘယ်သူက ဘာယူဆိုပြီးတော့ မိဘတွေက စီမံပေးရတာပဲ။ ဆိုတော့ အဲဒီလို ကွဲကွာသွားကြပြီး ဖြစ်ပြီဆိုရင်တော့ အတူ မနေတဲ့ သားသမီးဟာ အခြားမိဘတွေဆီကနေပြီးတော့ အမွေဆက်ခံပိုင်ခွင့်က ဥပဒေအရတော့ မရတော့ဘူး။ ဒါပေမဲ့ ဘယ်အချိန်မှာရလဲဆိုတော့ အချက် သုံးချက် ရှိပါတယ်။ တစ်အချက်အနေနဲ့  အတူမနေတဲ့မိဘကို သားသမီးက သားသမီးတို့ ဝတ္တရားရှိသည့်အတိုင်း မိဘအပေါ် သွားပြီးပြုစုမယ်၊ ဆောင်ရွက်ပေးတယ်ဆိုတဲ့ အချက်တချက် ရှိရမယ်။ နောက်တခါ မိဘနဲ့သားသမီး အတူမနေတဲ့ မိဘနဲ့ ကွဲကွာနေတဲ့ သားသမီး သံယောဇဉ်အဆက်အသွယ်ရှိ၊ မရှိ၊ ဒီအချက်က အရေးကြီးပါတယ်။ နောက်ဆုံးအချက်ကတော့ အတူမနေတဲ့ မိဘက အတူမနေတဲ့ သားသမီးကို သူတို့ရဲ့ မိသားစုဝင်အဖြစ် အသိအမှတ်ပြု လက်ခံလား ဆိုတဲ့ အချက်သုံးချက်ပေ့ါ။ အဲဒီအချက်သုံးချက်ကိုသာ ဆောင်ရွက်ခဲ့မယ်ဆိုရင၊် အတူမနေတဲ့ သားသမီးက ဆောင်ရွက်ခဲ့မယ်၊ နောက် အတူမနေတဲ့ မိဘများက လက်ခံမယ်ဆိုရင်၊ အတူမနေတဲ့မိဘရဲ့ အမွေကို ဆက်ခံခွင့်ရှိတယ်လို့ပဲ ဖြေကြားချင်ပါတယ်။  မေး - ဆရာရှင့် ။ ကျမတို့မောင်နှမ ၄ ယောက်မှာ တစ်ယောက်က မယ်သီလရှင်ဝတ်နေတာ ၇ နှစ်ရှိပါပြီ ။ မိဘတွေလည်း ဆုံးကုန်ပြီတော့ အမွေခွဲတဲ့အခါ ညီမဖြစ်သူ သီလရှင်အနေနဲ့ အမွေရပိုင်ခွင့် ရှိပါသလား ။ ဖြေ - ဒါလည်း မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေထဲမှာပါ ပါတယ်။ သီလရှင်၊ ဖိုးသူတော်၊ ရဟန်း ဆိုတာ ကွာခြားချက် ရှိပါတယ်။ ရဟန်းဘောင်ကို ဝင်တယ်ဆိုတာကတော့ ဥပါသကာကံ ခံယူတယ်လို့ ဆိုတာပေါ့။ ဒီဥပါသကာကံကို ခံယူတယ်ဆိုရင်တော့ ဆွေးခန်းမျိုးခန်းလည်း ပြတ်ပါတယ်။ ပစ္စည်းခန်းလည်း ပြတ်ပါတယ်။ အမွေလည်း မရတော့ဘူး။ သီလရှင်၊ ဖိုးသူတော် ဆိုတာကတော့ အဲဒီလို မဟုတ်ပါဘူး။ သူတို့ကို ဥပါသကီမလို့ ခေါ်တယ်။  ဥပါသကီမသည် အမွေခန်းနဲ့ ပက်သက်ပြီး ခံစားခွင့်ရှိတယ်။ ဘိက္ခုနီမ ဆိုတာ သတ်သတ်ရှိသေးတယ်။ ခုခေတ်မှာတော့ မရှိတော့ပါဘူး။ နောက် သီလရှင် ဆိုတာကတော့ ဘီက္ခုနီမနဲ့ မတူဘူး။ အဲတော့ သီလရှင် ဆိုတာတာ အမွေဆက်ခံခွင့် ရှိတယ်လို့ ဖြေကြားချင်ပါတယ်။ မေး - ကျမက အစ္စလာမ်ဘာသာဝင်ပါ။ ဖခင်က နောက်အိမ်ထောင်နဲ့ သားသမီး ၄ ယောက် ရှိပါတယ်။ အတူနေနေရင်း ဖခင်ဆုံးသွားတော့ ကျမကို မိထွေးက သန်ခေါင်စာရင်း ထုတ်ခိုင်းပြီး အိမ်ပေါ်က နှင်ချပါတယ်။ ကျမ အမျိုးတွေက မခံချင်လို့ အမွေတောင်းခိုင်းပါတယ်။ အစ္စလာမ် အမွေပုံအရ ကျမက ၆ ပုံ ၁ ပုံ ရရှိပါတယ်။ မိထွေးက အမွေပုံကို တိတိကျကျ ခွဲမပေးဘဲ အတွင်းပစ္စည်းရောင်းပေးပြီး အမွေစွန့်လွှတ်စာချုပ်မှာ လက်မှတ် ထိုးခိုင်းခဲ့ပါတယ်။ အခုဆိုရင် ၁၃ နှစ် ရှိပါပြီ။ ကျမအနေနဲ့ မိထွေးဆီက ကျန်တဲ့အမွေကို ဆက်တောင်းလို့ ရပါသေးလား ဆိုတာကို ဖြေကြားပေးစေလိုပါတယ်။ ဖြေ - သူက အတင်းအဓမ္မ အမွေစွန့်လွတ်ကြောင်း လက်မှတ်ထိုးခိုင်တယ်၊ ၆ ပုံ ၁ ပုံလည်း မပေးဘူးဆိုရင်၊ အဲဒီအချက် ခိုင်မာတယ်ဆိုရင် သက်သေပြပြီးတော့ ဒီစာချုပ်ဖျက်သိမ်းပေးဖို့ဆိုပြီး တရားစွဲလို့တောင် ရပါသေးတယ်။ ဒါပေမဲ့ အချိန် ၃ နှစ်ပဲ ရှိတယ်။  ၆ ပုံ ၁ ဆိုတာကို ၁ ပုံတောင် မရဘူးဆိုတော့ တောင်းခွင့်ရှိသေးတာပဲ။ သို့သော် သူက နှစ်ပေါင်းကြာနေပြီဆိုတော့ အမွေပစ္စည်း တောင်းမယ်ဆိုရင် ၁၂ နှစ်အတွင်း တောင်းမှသာလျှင် တောင်းပိုင်ခွင့် ရှိတာကိုး။ ဒါကြောင့် ဒီအခြေအနေ ဒီအခါမှာတော့ဖြင့် အခွင့်အရေးက နည်းသွားပြီလို့ပဲ ဖြေကြားပေးချင်ပါတယ်။  မေး - ကျနော်တို့မှာ မောင်နှမ ၃ ယောက်ရှိပါတယ်။ ဒုတိယအမက အပျိုကြီးဖြစ်ပြီး မွေးစားသားတယောက် ရှိပါတယ‌ေ။ အပျိုကြီး ကွယ်လွန်တဲ့အခါ သူပိုင်ပစ္စည်တွေကို မွေးစားသားက အမွေဆက်ခံရမည်လား။ ကျန်တဲ့ မောင်နှမအရင်း နှစ်ယောက်က ဆက်ခံခွင့် မရှိဘူးလား ဆိုတာ သိလိုပါတယ်။ ဖြေ - အပျိုကြီးက သားသမီးမွေးစားတ ယ်ဆိုတော့ ကိတ္တိမ အမွေစားအမွေခံနဲ့ မွေးစားတာလား၊ အပတိဋ္ဌ သားသမီးအနေနဲ့ မွေးစားတာလား ဆိုတာ တိတိကျကျ မေးခွန်းမှာ မပါပါဘူး။ အဲဒီတော့ မေးတဲ့သူက သိဖို့ကတော့ ကိတ္တိမ အမွေစားအမွေခံ သားသမီးအနေနဲ့ မွေးစားတယ်ဆိုရင် အပျိုကြီး ဖြစ်ပေမယ့် သားသမီးအရင်းလို့ပဲ ဥပဒေက သတ်မှတ်ပါတယ်။ သားသမီးအရင်း ဆိုတာ အမွေဆက်ခံခွင့် ရှိတာပဲ။ အပတိဋ္ဌ သားသမီးအနေနဲ့ မွေးစားရင်တော့ အမွေပေးရန် ရည်ရွယ်ပြီး မွေးစားတာ မဟုတ်တော့ အမွေမရနိုင်ပါဘူး။ အဲဒီတော့ စောစောက ပြောသလို( ကိတ္တိမမွေးစားရေး ဆိုရင်) သားသမီးမွေးစားထားတာရှိရင် အပျိုကြီးဆုံးရင် ပစ္စည်းခန်းကတော့ သားသမီး ရမှာပေါ့။ တကယ်လို့ မရှိရင်တော့ မောင်နှမတွေအနေနဲ့ အမွေက အောက်ကို ဆင်းမှာပါလို့ပဲ ဖြေကြားချင်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အေမြဆက္ခံေရး (ဥပေဒေရးရာအေမးအေျဖ) အေမြဆက္ခံေရး (ဥပေဒေရးရာအေမးအေျဖ) အေမြဆက္ခံေရးဆိုင္ရာ ဥပေဒနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚက ေမးျမန္းလာတာေတြကို ဦးေက်ာ္ေဇယ် (ဥပေဒပညာရွင္၊ စာေရးဆရာ ) အား ဒီဗြီဘီက ေတြ႕ဆုံေမးျမန္းထားပါတယ္။ ေမး - က်မတို႔မွာ ညီအမ ၃ ေယာက္ရွိပါတယ္။ အေမက အရင္ကြယ္လြန္ၿပီး အေဖက ေနာက္မွ ကြယ္လြန္ပါတယ္။ အေဖ မကြယ္လြန္ခင္မွာ အတူေနသမီး အပ်ိဳႀကီးျဖစ္သူကို လက္ရွိေနထိုင္တဲ့ အိမ္ၿခံေျမတစ္ခုလုံးကို အပိုင္ေပးစာခ်ဳပ္နဲ႔ မွတ္ပုံတင္ၿပီး ေပးခဲ့ပါတယ္။ အေဖ ကြယ္လြန္ၿပီးေနာက္ က်န္တဲ့ညီမေတြက ဒီအိမ္ႀကီးနံေဘးမွာပဲ အဖီဆြယ္ၿပီး ေနရပါတယ္။ က်န္တဲ့ အေမြဆိုင္ သမီးေတြအေနနဲ႔ ဒီအိမ္နဲ႔ပတ္သက္ၿပီး သက္ဆိုင္ခြင့္ မရွိေတာ့ဘူးလား ဆိုတာ သိပါရေစ။ ေျဖ - အပိုင္ေပးတာဟာ ဥပေဒနဲ႔အညီလား ပထမ စဥ္းစားရတာေပါ့။ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဥပေဒပုဒ္မ ၁၆(ခ) အရ မေ႐ႊ႕မေျပာင္းႏိုင္တဲ့ပစၥည္းကို တန္ဖိုးလည္း တစ္သိန္းအထက္ ျဖစ္မယ္၊ အဲဒါကို လႊဲေျပာင္းေရာင္းခ်မယ္ ဆိုရင္ မလြဲမေသြ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္မွ တရားဝင္မယ္လို႔ ေျပာထားပါတယ္။ အဲဒီဥပေဒနဲ႔အညီ မွတ္ပုံတင္ စာခ်ဳပ္ၿပီးေတာ့ ေပးလိုက္တဲ့အတြက္ ေပးကမ္းျခင္း စာခ်ဳပ္ဟာ တည္ၿမဲခိုင္မာတယ္လို႔ ေျပာလို႔ရပါတယ္။  ဒါေပမဲ့ ျမန႔္မာဓေလ့ထုံးတမ္းဥပေဒမွာ မိဘမ်ား ကြယ္လြန္ဆုံးပါးသြားတဲ့အခါမွာ အေမြပစၥည္းဟာ တဦးတည္းကပဲ အျပည့္ရၿပီး က်န္ပုဂၢိဳလ္ေတြက တစိုးတေစ့မွ် မရဘူးဆိုရင္ ဒီေပးကမ္းျခင္း ပ်က္တယ္လို႔ ဆိုထားပါတယ္။ ဒီေတာ့ ပထမ ေပးကမ္းျခင္းမွာ မိဘရွိေနေတာ့ ဒီျပႆနာက မေပၚဘူး။ ဒါေပမဲ့ မိဘ ဆုံးသြားတဲ့အခါမွာ ဒုတိယျပႆနာက ဝင္လာတယ္။ က်န္တဲ့သားသမီးက ဘာရသလဲ။ ဘာမွ မရဘူး ဆိုရင္ေတာ့ ေစာေစာကေျပာသလို စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွာ ေပးကမ္းျခင္းစာခ်ဳပ္နဲ႔ ေပးထားတာသည္ အလိုလို ပ်က္သြားပါတယ္။ ဖ်က္သိမ္းစရာ မလိုဘူး။ ဒါေၾကာင့္ က်န္တဲ့ ႏွစ္ေယာက္အေနနဲ႔က အက်ိဳးခံစားခြင့္ ရႏိုင္တယ္။ ဒီေျမႀကီးတစ္ခုလုံးဟာ အေမြဆိုင္ပစၥည္းအျဖစ္ မွတ္ယူရမယ္လို႔ ေျဖၾကားေပးခ်င္ပါတယ္။ ေမး - က်မက တဦးတည္းေသာ သမီးပါ။ အေမ သက္ရွိထင္ရွား ရွိစဥ္အခါက အဘိုး အဘြားပိုင္ အေမြဆိုင္အိမ္ကို က်န္တဲ့ ဦးေလးနဲ႔ အေဒၚဆီမွာ ေငြျပန္အမ္းၿပီး ရယူထားပါတယ္။ လက္ရွိမွာ ဒီအိမ္မွာ ဦးေလးနဲ႔ အေဒၚတို႔ မိသားစု ေနထိုင္ပါတယ္။ အေမ့အမည္နဲ႔ စာခ်ဳပ္စာတမ္း မလုပ္ရေသးပါဘူး။ စည္ပင္မွာ အိမ္ပိုင္ရွင္ အမည္ေျပာထားတဲ့အတြက္ စည္ပင္ကလာတဲ့ ေျပစာေတြေပၚမွာေတာ့ အေမ့နာမည္နဲ႔ပါ။ မႏွစ္က အေမ ဆုံးသြားပါတယ္။ ဒီအိမ္ကို ေရာင္းမယ္ဆိုေတာ့ ဦးေလးရဲ႕ သားသမီးေတြက မႀကိဳက္ပါဘူး။ အေမ မဆုံးခင္က က်န္းမာေရး မေကာင္းလို႔ ေရာင္းမယ္လုပ္ေတာ့ သူတို႔က ျပန္ဝယ္မယ္ဆိုၿပီး ေအာက္ေၾကးနဲ႔ ေဈးျဖတ္ပါတယ္။ မေရာင္းျဖစ္ပါ။ က်မအေနနဲ႔ ဒီအိမ္ကို တရားဝင္ အမည္ေပါက္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာကို လမ္းၫႊန္ေပးေစခ်င္ပါတယ္။ ‌‌ေျဖ - သူကေတာ့ အေမြဆိုင္သားသမီး သုံးေယာက္ ရွိတာေပါ့။ သူ႔အေမရယ္၊ အေဒၚရယ္၊ ဦးေလးရယ္ေပါ့။ သူ႔အေမက ဒီအေမြဆိုင္ပစၥည္းကို  ေငြအမ္းၿပီး သူက ယူလိုက္တာေပါ့။ ခိုင္ခိုင္မာမာ ခ်ဳပ္ထားတာ ရွိသလား မရွိဘူးဆိုတာေတာ့ မေပၚေသးဘူး။ ဒါေပမဲ့ ယူထားတယ္ဆိုေတာ့ အေထာက္အထားေတာ့ ရွိေနၿပီ။ အိမ္ကို စည္ပင္နာမည္ ေျပာင္းတယ္ ဆိုတာကေတာ့ အခြန္နဲ႔ စပ္ဆိုင္တာ ျဖစ္မွာေပါ့။ အခြန္ေျပစာေတြမွာေတာ့ သူ႔အေမနာမည္ ေပါက္သြားလို႔ေပါ့ေနာ္။ ေပါက္သြားၿပီဆိုေတာ့ ဒါနဲ႔ပတ္သက္ၿပီး ထုခြဲေရာင္းခ်မယ့္အခါက်ေတာ့၊ လက္ရွိေနတယ္ ဆိုေတာ့ ဘယ္သေဘာတူႏိုင္မလဲ။ ဒါေပမဲ့ ေျပာင္းမယ့္ကိစၥမွာ (သူတို႔ကလည္း ဝယ္မယ္ဆိုတာ ေအာက္ေဈးနဲ႔ ေျပာတာကိုး) သူကလည္း မေက်နပ္ဘူး၊ သူ႔နာမည္ေပါက္ေအာင္ လုပ္လို႔ရမယ္ဆိုတာ သူက သိခ်င္တယ္။ ဆိုေတာ့ ေစာေစာကေျပာသလို စာခ်ဳပ္ခိုင္ခိုင္မာမာ ရွိမယ္၊ သက္ေသ ခိုင္ခိုင္မာမာ ရွိမယ္ ဆိုရင္ေတာ့ သိပ္ၿပီးေတာ့ ပူစရာမရွိပါဘူး။ အေဒၚနဲ႔ ညႇိၿပီးေတာ့ သူ႔အမည္ေျပာင္းဖို႔အတြက္ ေတာင္းဆို႐ုံပဲေပါ့။ ေတာင္းဆိုလို႔ လြယ္လြယ္ကူကူ သေဘာတူရင္လည္း ၿပီးတာပဲေပါ့။ အဲလိုမွ သေဘာမတူဘူး ဆိုရင္ေတာ့ သူ႔အမည္ေပါက္ေအာင္ လုပ္ရမယ္ ဆိုရင္ေတာ့၊ တရားစြဲရမယ္။ အေမြဆိုင္အိမ္ကို အေမြဆိုင္သားခ်င္းမ်ားထံမွ ဝယ္ယူပိုင္ဆိုင္ခဲ့သည္မွာ မွန္ေၾကာင္း ထုတ္ေဖာ္ ေၾကညာေပးေစလိုမႈနဲ႔ ဒီအိမ္မွာေနတဲ့လူေတြကို ဖယ္ရွားၿပီး လက္ေရာက္ရလိုမႈ စြဲကို စြဲရပါမယ္။ သီးျခားသက္သာခြင့္ဥပေဒပုဒ္မ ၄၂ အရ စြဲရမယ္။ ဒီအိမ္ႀကီးဟာ သူ႔မိဘ ပိုင္ခဲ့တာ၊ သူ ပိုင္တယ္ေပါ့၊ ဒါေၾကာင့္ အေမြဆက္ခံပိုင္ဆိုင္ခြင့္ ရွိတယ္ေပါ့။ အဲဒါကို ထုတ္ေဖာ္ေၾကညာေပးေစလိုမႈ စြဲတဲ့အခါမွာ ေနာက္ဆက္တြဲသက္သာခြင့္က မေတာင္းလို႔ မရဘူး။ ေနာက္ဆက္တြဲက ဒီအေဒၚနဲ႔ ဦးေလးကို ဖယ္ရွားခိုင္းၿပီး အိမ္ဥပစာကို လက္ေရာက္ရဖို႔ သူက လုပ္ရမွာကိုး၊ အဲဒီ ၄၂ နဲ႔စြဲတဲ့အခါမွာ ေစာေစာက ေျပာသလို ေခါင္းစီး တပ္ၿပီးေတာ့ စြဲမွ ႏိုင္ေတာ့မွသာလွ်င္ အဲဒီ အႏိုင္ဒီကရီကို ျပၿပီးေတာ့ သူနာမည္ အမည္ေဖာက္လို႔ရပါလိမ့္မယ္။ ညႇိဳႏိုင္းလို႔ အဆင္ေျပရင္လည္း တရားစြဲစရာ မလိုဘူး၊ အမည္ေဖာက္လို႔ ရတာေပါ့။ ညႇိႏႈိင္းလို႔ မရရင္လည္း ဒီနည္းကို က်င့္သုံးဖို႔ လိုအပ္တယ္လို႔ပဲ ေျဖၾကားခ်င္ပါတယ္။ ေမး - မိဘႏွစ္ပါး ကြာရွင္းခ်ိန္မွာ မိခင္ ဒါမွမဟုတ္ ဖခင္ဘက္ကို ပါသြားတဲ့ သားသမီးေတြအေနနဲ႔ က်န္တဲ့ မိခင္၊ သို႔မဟုတ္ ဖခင္ကို လုံးဝ အဆက္အသြယ္မလုပ္၊ ျပန္မၾကည့္ဘူးဆိုရင္ အေမြမရထိုက္ဘူးလို႔ သိရပါတယ္။ ဟုတ္ပါသလား။ အမေမြရထိုက္ေၾကာင္း တရားဝင္ျဖစ္ေအာင္ ဥပေဒအရ လုပ္လို႔ရ ႏိုင္ပါသလား။ ေျဖ - လင္မယား ကြာၾကၿပီဆိုရင္ ပစၥည္းခန္းလည္း ခြဲရတာေပါ့၊ သား၊ သမီးေတြ ရွိတဲ့အခါဆိုရင္လည္း ဘယ္သူက ဘာယူဆိုၿပီးေတာ့ မိဘေတြက စီမံေပးရတာပဲ။ ဆိုေတာ့ အဲဒီလို ကြဲကြာသြားၾကၿပီး ျဖစ္ၿပီဆိုရင္ေတာ့ အတူ မေနတဲ့ သားသမီးဟာ အျခားမိဘေတြဆီကေနၿပီးေတာ့ အေမြဆက္ခံပိုင္ခြင့္က ဥပေဒအရေတာ့ မရေတာ့ဘူး။ ဒါေပမဲ့ ဘယ္အခ်ိန္မွာရလဲဆိုေတာ့ အခ်က္ သုံးခ်က္ ရွိပါတယ္။ တစ္အခ်က္အေနနဲ႔  အတူမေနတဲ့မိဘကို သားသမီးက သားသမီးတို႔ ဝတၱရားရွိသည့္အတိုင္း မိဘအေပၚ သြားၿပီးျပဳစုမယ္၊ ေဆာင္႐ြက္ေပးတယ္ဆိုတဲ့ အခ်က္တခ်က္ ရွိရမယ္။ ေနာက္တခါ မိဘနဲ႔သားသမီး အတူမေနတဲ့ မိဘနဲ႔ ကြဲကြာေနတဲ့ သားသမီး သံေယာဇဥ္အဆက္အသြယ္ရွိ၊ မရွိ၊ ဒီအခ်က္က အေရးႀကီးပါတယ္။ ေနာက္ဆုံးအခ်က္ကေတာ့ အတူမေနတဲ့ မိဘက အတူမေနတဲ့ သားသမီးကို သူတို႔ရဲ႕ မိသားစုဝင္အျဖစ္ အသိအမွတ္ျပဳ လက္ခံလား ဆိုတဲ့ အခ်က္သုံးခ်က္ေပ့ါ။ အဲဒီအခ်က္သုံးခ်က္ကိုသာ ေဆာင္႐ြက္ခဲ့မယ္ဆိုရင၊္ အတူမေနတဲ့ သားသမီးက ေဆာင္႐ြက္ခဲ့မယ္၊ ေနာက္ အတူမေနတဲ့ မိဘမ်ားက လက္ခံမယ္ဆိုရင္၊ အတူမေနတဲ့မိဘရဲ႕ အေမြကို ဆက္ခံခြင့္ရွိတယ္လို႔ပဲ ေျဖၾကားခ်င္ပါတယ္။ ေမး - ဆရာရွင့္ ။ က်မတို႔ေမာင္ႏွမ ၄ ေယာက္မွာ တစ္ေယာက္က မယ္သီလရွင္ဝတ္ေနတာ ၇ ႏွစ္ရွိပါၿပီ ။ မိဘေတြလည္း ဆုံးကုန္ၿပီေတာ့ အေမြခြဲတဲ့အခါ ညီမျဖစ္သူ သီလရွင္အေနနဲ႔ အေမြရပိုင္ခြင့္ ရွိပါသလား ။ ေျဖ - ဒါလည္း ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒထဲမွာပါ ပါတယ္။ သီလရွင္၊ ဖိုးသူေတာ္၊ ရဟန္း ဆိုတာ ကြာျခားခ်က္ ရွိပါတယ္။ ရဟန္းေဘာင္ကို ဝင္တယ္ဆိုတာကေတာ့ ဥပါသကာကံ ခံယူတယ္လို႔ ဆိုတာေပါ့။ ဒီဥပါသကာကံကို ခံယူတယ္ဆိုရင္ေတာ့ ေဆြးခန္းမ်ိဳးခန္းလည္း ျပတ္ပါတယ္။ ပစၥည္းခန္းလည္း ျပတ္ပါတယ္။ အေမြလည္း မရေတာ့ဘူး။ သီလရွင္၊ ဖိုးသူေတာ္ ဆိုတာကေတာ့ အဲဒီလို မဟုတ္ပါဘူး။ သူတို႔ကို ဥပါသကီမလို႔ ေခၚတယ္။  ဥပါသကီမသည္ အေမြခန္းနဲ႔ ပက္သက္ၿပီး ခံစားခြင့္ရွိတယ္။ ဘိကၡဳနီမ ဆိုတာ သတ္သတ္ရွိေသးတယ္။ ခုေခတ္မွာေတာ့ မရွိေတာ့ပါဘူး။ ေနာက္ သီလရွင္ ဆိုတာကေတာ့ ဘီကၡဳနီမနဲ႔ မတူဘူး။ အဲေတာ့ သီလရွင္ ဆိုတာတာ အေမြဆက္ခံခြင့္ ရွိတယ္လို႔ ေျဖၾကားခ်င္ပါတယ္။ ေမး - က်မက အစၥလာမ္ဘာသာဝင္ပါ။ ဖခင္က ေနာက္အိမ္ေထာင္နဲ႔ သားသမီး ၄ ေယာက္ ရွိပါတယ္။ အတူေနေနရင္း ဖခင္ဆုံးသြားေတာ့ က်မကို မိေထြးက သန္ေခါင္စာရင္း ထုတ္ခိုင္းၿပီး အိမ္ေပၚက ႏွင္ခ်ပါတယ္။ က်မ အမ်ိဳးေတြက မခံခ်င္လို႔ အေမြေတာင္းခိုင္းပါတယ္။ အစၥလာမ္ အေမြပုံအရ က်မက ၆ ပုံ ၁ ပုံ ရရွိပါတယ္။ မိေထြးက အေမြပုံကို တိတိက်က် ခြဲမေပးဘဲ အတြင္းပစၥည္းေရာင္းေပးၿပီး အေမြစြန႔္လႊတ္စာခ်ဳပ္မွာ လက္မွတ္ ထိုးခိုင္းခဲ့ပါတယ္။ အခုဆိုရင္ ၁၃ ႏွစ္ ရွိပါၿပီ။ က်မအေနနဲ႔ မိေထြးဆီက က်န္တဲ့အေမြကို ဆက္ေတာင္းလို႔ ရပါေသးလား ဆိုတာကို ေျဖၾကားေပးေစလိုပါတယ္။ ေျဖ - သူက အတင္းအဓမၼ အေမြစြန႔္လြတ္ေၾကာင္း လက္မွတ္ထိုးခိုင္တယ္၊ ၆ ပုံ ၁ ပုံလည္း မေပးဘူးဆိုရင္၊ အဲဒီအခ်က္ ခိုင္မာတယ္ဆိုရင္ သက္ေသျပၿပီးေတာ့ ဒီစာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ဆိုၿပီး တရားစြဲလို႔ေတာင္ ရပါေသးတယ္။ ဒါေပမဲ့ အခ်ိန္ ၃ ႏွစ္ပဲ ရွိတယ္။  ၆ ပုံ ၁ ဆိုတာကို ၁ ပုံေတာင္ မရဘူးဆိုေတာ့ ေတာင္းခြင့္ရွိေသးတာပဲ။ သို႔ေသာ္ သူက ႏွစ္ေပါင္းၾကာေနၿပီဆိုေတာ့ အေမြပစၥည္း ေတာင္းမယ္ဆိုရင္ ၁၂ ႏွစ္အတြင္း ေတာင္းမွသာလွ်င္ ေတာင္းပိုင္ခြင့္ ရွိတာကိုး။ ဒါေၾကာင့္ ဒီအေျခအေန ဒီအခါမွာေတာ့ျဖင့္ အခြင့္အေရးက နည္းသြားၿပီလို႔ပဲ ေျဖၾကားေပးခ်င္ပါတယ္။ ေမး - က်ေနာ္တို႔မွာ ေမာင္ႏွမ ၃ ေယာက္ရွိပါတယ္။ ဒုတိယအမက အပ်ိဳႀကီးျဖစ္ၿပီး ေမြးစားသားတေယာက္ ရွိပါတယ‌ေ။ အပ်ိဳႀကီး ကြယ္လြန္တဲ့အခါ သူပိုင္ပစၥည္ေတြကို ေမြးစားသားက အေမြဆက္ခံရမည္လား။ က်န္တဲ့ ေမာင္ႏွမအရင္း ႏွစ္ေယာက္က ဆက္ခံခြင့္ မရွိဘူးလား ဆိုတာ သိလိုပါတယ္။ ေျဖ - အပ်ိဳႀကီးက သားသမီးေမြးစားတ ယ္ဆိုေတာ့ ကိတၱိမ အေမြစားအေမြခံနဲ႔ ေမြးစားတာလား၊ အပတိ႒ သားသမီးအေနနဲ႔ ေမြးစားတာလား ဆိုတာ တိတိက်က် ေမးခြန္းမွာ မပါပါဘူး။ အဲဒီေတာ့ ေမးတဲ့သူက သိဖို႔ကေတာ့ ကိတၱိမ အေမြစားအေမြခံ သားသမီးအေနနဲ႔ ေမြးစားတယ္ဆိုရင္ အပ်ိဳႀကီး ျဖစ္ေပမယ့္ သားသမီးအရင္းလို႔ပဲ ဥပေဒက သတ္မွတ္ပါတယ္။ သားသမီးအရင္း ဆိုတာ အေမြဆက္ခံခြင့္ ရွိတာပဲ။ အပတိ႒ သားသမီးအေနနဲ႔ ေမြးစားရင္ေတာ့ အေမြေပးရန္ ရည္႐ြယ္ၿပီး ေမြးစားတာ မဟုတ္ေတာ့ အေမြမရႏိုင္ပါဘူး။ အဲဒီေတာ့ ေစာေစာက ေျပာသလို( ကိတၱိမေမြးစားေရး ဆိုရင္) သားသမီးေမြးစားထားတာရွိရင္ အပ်ိဳႀကီးဆုံးရင္ ပစၥည္းခန္းကေတာ့ သားသမီး ရမွာေပါ့။ တကယ္လို႔ မရွိရင္ေတာ့ ေမာင္ႏွမေတြအေနနဲ႔ အေမြက ေအာက္ကို ဆင္းမွာပါလို႔ပဲ ေျဖၾကားခ်င္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024