Home
မြန်မာသတင်း
နေရပ်စွန့်ခွာတိုင်းရင်းသားများဟု မှားယွင်းဖော်ပြခဲ့သည့် ဝန်ကြီးဌာနနှစ်ခုမှ တာဝန်ရှိသူများကို စစ်ဆေးနေ
DVB
·
August 17, 2019
မြန်မာ့အသံ ရုပ်မြင်သံကြားနဲ့  ပြန်ကြားရေးထုတ် သတင်းစာ သုံးစောင်မှာ သြဂုတ် ၁၂ ရက်နေ့က ဖော်ပြခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဘင်္ဂါလီတွေကို နေရပ်စွန့်ခွာ တိုင်းရင်းသားများဆိုပြီး သုံးနှုန်းခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူခိုင်းထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။  လက်ရှိမှာ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြီး ဌာနဆိုင်ရာ အရေးယူတာတွေ ပြုလုပ်သွားမယ်လို့ သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာပါ အဓိက တာဝန်ရှိပြီး ဒီအသုံးအနှုန်း ဒီဝေါဟာရဟာ နိုင်ငံတော်အစိုးရရဲ့ မူ၊ နိုင်ငံတော်အစိုးရရဲ့ အာဘော် လုံးဝ မဟုတ်ဘူးလို့လည်း ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။ “ဒီကိစ္စကို ကျနော်တို့ စိစစ်ပါတယ်။ အဓိက ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ပြန်ကြားရေးဝန်ကြီးဌာ တာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းပြီး စိစစ်ပါတယ်။ ဒီသတင်းကို စတင်ရေးသားတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာလည်း တာဝန်ရှိပါတယ်။ နောက် ဒီသတင်းကို တည်းဖြတ်ပြီး ဖော်ပြဖို့ တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာလည်း တာဝန်ရှိပါတယ်။” မြန်မာ့ရုပ်မြင်သံကြားက ဩဂုတ် ၁၂ ရက်နေ့ည သတင်းမှာ ဆောက်လုပ်ရေးဒုဝန်ကြီး  ဉီးကျော်လင်း မောင်တောဒေသ ပြန်လည်လက်ခံရေးစခန်းများအား ကြည့်ရှုသတင်းမှာ “အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသွားသော တိုင်းရင်းသားများ” ဟု မှားယွင်းဖော်ပြခဲ့သလို ဩဂုတ် ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာလည်း အလားတူ အသုံးအနှုန်း ဖော်ပြမိခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး “အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသူများ” လို့ ပြင်ဆင်သိမှတ်ပေးဖို့ မေတ္တာရပ်ခံစာကို ပြန်ကြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေနရပ္စြန႔္ခြာတိုင္းရင္းသားမ်ားဟု မွားယြင္းေဖာ္ျပခဲ့သည့္ ဝန္ႀကီးဌာနႏွစ္ခုမွ တာဝန္ရွိသူမ်ားကို စစ္ေဆးေန ျမန္မာ့အသံ ႐ုပ္ျမင္သံၾကားနဲ႔  ျပန္ၾကားေရးထုတ္ သတင္းစာသုံးေစာင္မွာ ၾသဂုတ္ ၁၂ ရက္ေန႔က ေဖာ္ျပခဲ့တဲ့ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ဘဂၤါလီေတြကို ေနရပ္စြန႔္ခြာ တိုင္းရင္းသားမ်ားဆိုၿပီး သုံးႏႈန္းခဲ့တာနဲ႔ ပတ္သက္ၿပီး အေရးယူခိုင္းထားတယ္လို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။ လက္ရွိမွာ စုံစမ္းစစ္ေဆးတာေတြ လုပ္ေနၿပီး ဌာနဆိုင္ရာ အေရးယူတာေတြ ျပဳလုပ္သြားမယ္လို႔ ၾသဂုတ္လ ၁၆ ရက္ေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။ ေဆာက္လုပ္ေရးဝန္ႀကီးဌာနနဲ႔ ျပန္ၾကားေရးဝန္ႀကီးဌာနမွာပါ အဓိက တာဝန္ရွိၿပီး ဒီအသုံးအႏႈန္း ဒီေဝါဟာရဟာ ႏိုင္ငံေတာ္အစိုးရရဲ႕ မူ၊ ႏိုင္ငံေတာ္အစိုးရရဲ႕ အာေဘာ္ လုံးဝ မဟုတ္ဘူးလို႔လည္း ဦးေဇာ္ေဌးက ေျပာဆိုခဲ့ပါတယ္။ “ဒီကိစၥကို က်ေနာ္တို႔ စိစစ္ပါတယ္။ အဓိက ေဆာက္လုပ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြ၊ ျပန္ၾကားေရးဝန္ႀကီးဌာ တာဝန္ရွိသူေတြကို ေခၚယူေမးျမန္းၿပီး စိစစ္ပါတယ္။ ဒီသတင္းကို စတင္ေရးသားတဲ့ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွာလည္း တာဝန္ရွိပါတယ္။ ေနာက္ ဒီသတင္းကို တည္းျဖတ္ၿပီး ေဖာ္ျပဖို႔ တာဝန္ရွိတဲ့ ျပန္ၾကားေရးဝန္ႀကီးဌာနမွာလည္း တာဝန္ရွိပါတယ္။” ျမန္မာ့႐ုပ္ျမင္သံၾကားက ဩဂုတ္ ၁၂ ရက္ေန႔ည သတင္းမွာ ေဆာက္လုပ္ေရးဒုဝန္ႀကီး  ဉီးေက်ာ္လင္း ေမာင္ေတာေဒသ ျပန္လည္လက္ခံေရးစခန္းမ်ားအား ၾကည့္ရႈသတင္းမွာ “အိုးထိန္းစခန္းတြင္ ေနရပ္စြန႔္ခြာသြားေသာ တိုင္းရင္းသားမ်ား” ဟု မွားယြင္းေဖာ္ျပခဲ့သလို ဩဂုတ္ ၁၃ ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာေတြမွာလည္း အလားတူ အသုံးအႏႈန္း ေဖာ္ျပမိခဲ့တာပါ။ ဒါနဲ႔ပတ္သက္ၿပီး “အိုးထိန္းစခန္းတြင္ ေနရပ္စြန႔္ခြာသူမ်ား” လို႔ ျပင္ဆင္သိမွတ္ေပးဖို႔ ေမတၱာရပ္ခံစာကို ျပန္ၾကားေရးဝန္ႀကီးဌာနက ဩဂုတ္ ၁၄ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024