တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသင်းတွင် ဆက်ရှိစေချင်ဟု နည်းပြ ဆိုးလ်ရှားပြော

အသင်းမှာ ခြေစွမ်းမပြနိုင်သေးတဲ့အပြင် ကိုပာအမေရိကဖလားမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသင်းမှာဆက်ရှိစေချင်တယ်လို့ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ အိုလီဂန်နာဆိုးလ်ရှားက ဝုဗ်နဲ့ပွဲမတိုင်ခင်ပြောကြားလိုက်ပါတယ်။
ဆိုးလ်ရှားက ဆန်းချက်ဇ်ကို ယူနိုက်တက်မှာပဲ ဆက်လက်ကစားစေလိုပြီး သူနဲ့ပတ်သက်လို့ ေ၀ဖန်မှုတွေက မှားနေတယ်ဆိုတာကို သက်သေပြစေချင်တယ်လို့ ဆိုးလ်ရှားကပြောပါတယ်။
ဒူးကောက်ကြောဒဏ်ရာရရှိထားတဲ့ ဆန်းချက်ဇ်ဟာ ယူနိုက်တက်အသင်းမှာ တပတ်လုပ်ခစုစုပေါင်း ပေါင် ၅ သိန်း ၆ သောင်းရရှိနေပြီး လစာအများဆုံးရတဲ့ ကစားသမားဖြစ်နေပေမယ့် အသင်းအတွက် ကစားပေးခဲ့တဲ့ ၄၅ ပွဲမှာ ၅ ဂိုးသာသွင်းယူပေးထားလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရသူဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာ ပရော်ဖက်ရှင်နယ်ပီသပြီး လေ့ကျင့်ခန်းဆင်းတဲ့နေ့တိုင်းလည်း အရမ်းကိုကြိုးစားနေတာ မြင်ရတယ်လို့ဆို းလ်ရှားကပြောပါတယ်။
လူကာကူကို ရောင်းထုတ်ခဲ့ပြီးနောက် တိုက်စစ်ကစားသမား လိုအပ်ချက်ရှိလာတဲ့ ယူနိုက်တက်ဘက်ကတော့ ဆန်းချက်ဇ်ဆီကနေ ခြေစွမ်းကောင်းတွေပြန်ရဖို့ မျှော်လင့်နေပါတယ်။
ဆန်းချက်ဇ်ကိုတော့ နာပိုလီ၊ ဂျူဗင်တပ်စ်အစရှိတဲ့ စီးရီးအေထိပ်သီးနှစ်သင်းစလုံးက အပြိုင်စိတ်ဝင်စားနေတာကြောင့် ဥရောပအပြောင်းအရွှေ့ရာသီပိတ်မယ့် စက်တင်ဘာလ ၂ ရက်နေ့မတိုင်မီထိ ကစားသမားကို ထိန်းသိမ်းရဖို့ရှိနေပါတယ်။
Zawgyi Version
တိုက္စစ္မႉး ဆန္းခ်က္ဇ္ကို အသင္းတြင္ ဆက္ရွိေစခ်င္ဟု နည္းျပ ဆိုးလ္ရွားေျပာ
DVB
အသင္းမွာ ေျခစြမ္းမျပႏိုင္ေသးတဲ့အျပင္ ကိုပာအေမရိကဖလားမွာရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ တိုက္စစ္မႉး ဆန္းခ်က္ဇ္ကို အသင္းမွာဆက္ရွိေစခ်င္တယ္လို႔ မန္ခ်က္စတာယူႏိုက္တက္ အသင္းနည္းျပ အိုလီဂန္နာဆိုးလ္ရွားက ဝုဗ္နဲ႔ပြဲမတိုင္ခင္ေျပာၾကားလိုက္ပါတယ္။
ဆိုးလ္ရွားက ဆန္းခ်က္ဇ္ကို ယူႏိုက္တက္မွာပဲ ဆက္လက္ကစားေစလိုၿပီး သူနဲ႔ပတ္သက္လို႔ ေ၀ဖန္မႈေတြက မွားေနတယ္ဆိုတာကို သက္ေသျပေစခ်င္တယ္လို႔ ဆိုးလ္ရွားကေျပာပါတယ္။
ဒူးေကာက္ေၾကာဒဏ္ရာရရွိထားတဲ့ ဆန္းခ်က္ဇ္ဟာ ယူႏိုက္တက္အသင္းမွာ တပတ္လုပ္ခစုစုေပါင္း ေပါင္ ၅ သိန္း ၆ ေသာင္းရရွိေနၿပီး လစာအမ်ားဆုံးရတဲ့ ကစားသမားျဖစ္ေနေပမယ့္ အသင္းအတြက္ ကစားေပးခဲ့တဲ့ ၄၅ ပြဲမွာ ၅ ဂိုးသာသြင္းယူေပးထားလို႔ ပရိသတ္ေတြရဲ႕ ေဝဖန္မႈခံေနရသူျဖစ္ပါတယ္။
ဆန္းခ်က္ဇ္ဟာ ပေရာ္ဖက္ရွင္နယ္ပီသၿပီး ေလ့က်င့္ခန္းဆင္းတဲ့ေန႔တိုင္းလည္း အရမ္းကိုႀကိဳးစားေနတာ ျမင္ရတယ္လို႔ဆို းလ္ရွားကေျပာပါတယ္။
လူကာကူကို ေရာင္းထုတ္ခဲ့ၿပီးေနာက္ တိုက္စစ္ကစားသမား လိုအပ္ခ်က္ရွိလာတဲ့ ယူႏိုက္တက္ဘက္ကေတာ့ ဆန္းခ်က္ဇ္ဆီကေန ေျခစြမ္းေကာင္းေတြျပန္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ဆန္းခ်က္ဇ္ကိုေတာ့ နာပိုလီ၊ ဂ်ဴဗင္တပ္စ္အစရွိတဲ့ စီးရီးေအထိပ္သီးႏွစ္သင္းစလုံးက အၿပိဳင္စိတ္ဝင္စားေနတာေၾကာင့္ ဥေရာပအေျပာင္းအေ႐ႊ႕ရာသီပိတ္မယ့္ စက္တင္ဘာလ ၂ ရက္ေန႔မတိုင္မီထိ ကစားသမားကို ထိန္းသိမ္းရဖို႔ရွိေနပါတယ္။