Live
Home
မြန်မာသတင်း
မြောက်ပိုင်း ၃ ဖွဲ့တိုက်ခိုက်မှု အကြမ်းဖက်လုပ်ရပ်ဖြစ်၊ ငြိမ်းချမ်းရေး ထိခိုက်ဟု ဦးဇော်ဌေးပြော
DVB
·
August 17, 2019
ပွငျဦးလှငျ၊ နောငျခြိုမွို့နယျတှမှော တိုကျခိုကျခဲ့တဲ့ မွောကျပိုငျးမဟာမိတျ ၃ ဖှဲ့ရဲ့ လုပျရပျဟာ အကွမျးဖကျလုပျရပျဖွဈပွီး ငွိမျးခမြျးရေးလုပျငနျးစဉျကို ထိခိုကျစတေယျလို့ သမ်မတရုံးပွောခှငျ့ရ ဦးဇောျဌေးက ပွောပါတယျ။ နပွေညျတောျမှာ ဩဂုတျ ၁၆ ရကျနေ့ ညနပေိုငျး ပွုလုပျတဲ့ သတငျးစာရှငျးလငျးပှဲမှာ ဦးဇောျဌေးက အခုလို ပွောကွားခဲ့တာပါ။ “မနေ့က ဖွဈသှားတဲ့ ဖွဈစဉျကိုကွညျ့ရငျ ဒါတှကေ အကွမျးဖကျလုပျရပျ ဖွဈပါတယျ။ အရပျဘကျ ပဈမှတျတိုကျခိုကျတာတှေ၊ နောကျတဈခုက  မူးယဈဆေးဝါး စဈဆေးတဲ့ ကိရိယာတှေ ပကြျစီးအောငျ ရညျရှယျခကြျရှိရှိ တိုကျခိုကျတာတှေ ဒါတှေ မနေ့ကလညျး မီဒီယာတှေ၊ ပွညျသူတှေ ဆိုရှယျမီဒီယာတှမှော ပြံ့နှံ့နတေဲ့အတှကျ အားလုံး သိပွီးဖွဈပါတယျ။ ဒီလုပျရပျက နိုငျငံတောျအစိုးရက ဆောငျရှကျနတေဲ့ ငွိမျးခမြျးရေးလုပျငနျးစဉျကို မြားစှာထိခိုကျစပေါတယျ။” ငွိမျးခမြျးရေးဆှေးနှေးပှဲတှေ အနှောငျ့အယှကျဖွဈအောငျ၊ ထိခိုကျအောငျ မလုပျသငျ့ကွောငျးလညျး ဦးဇောျဌေးက ပွောပါတယျ။ “ငွိမျးခမြျးရေးဆှေးနှေးပှဲတှကေို လာဖို့ ကနြောျတို့ လမျးဖှငျ့ထားပါတယျ။ ငွိမျးခမြျးရေးလုပျငနျးစဉျတှေ အောငျအောငျမွငျမွငျ ဖွဈစဖေို့အတှကျ အမှနျတကယျ လိုလားတဲ့ ဆန်ဒ၊ ငွိမျးခမြျးရေး လိုခငြျတဲ့ နိုငျငံရေး စိတျရငျးစတေနာရှိဖို့ လိုပါတယျ။ ကနြောျတို့ ဆောငျရှကျနတေဲ့ ငွိမျးခမြျးရေးဆှေးနှေးပှဲတှကေို အနှောငျ့အယှကျဖွဈအောငျ၊ ထိခိုကျအောငျ ဒီလို အမွတျထုတျမှုတှကေို မလုပျသငျ့ဘူးလို့ မွငျပါတယျ။” မွောကျပိုငျးမဟာမိတျ ၃ ဖှဲ့ဖွဈတဲ့ တအာငျးလှတျမွောကျရေးတပျမတောျ (TNLA)၊ ရက်ခိုငျ့တပျမတောျ (AA) နဲ့ ကိုးကနျ့အဖှဲ့ (MNDAA) တို့က ဩဂုတျ ၁၅ ရကျနေ့က ပွငျဉီးလှငျမွို့နဲ့ နောကျခြိုမွို့အတှငျးက နရောအခြို့ကို ဝငျတိုကျခဲ့တာကွောငျ့ တပျမတောျသား ၉ ဉီး၊ ရဲတပျဖှဲ့ဝငျ ၃ ဦးနဲ့ အရပျသား ၃ ဉီး စုစုပေါငျး ၁၅ ဦး သဆေုံးခဲ့တာပါ။ ပွငျဉီးလှငျ တိုးဂိတျမှာ ပွီးခဲ့တဲ့ မလေ ၈ ရကျက တပျဆငျခဲ့တဲ့ မူးယဈဆေးစဈတဲ့ X-Ray စကျအား ပဈခတျဖကြျဆီးခဲ့တဲ့အပေါျလညျး ဦးဇောျဌေးက အခုလို ပွောကွားခဲ့ပါတယျ။ ‘‘X-Ray စကျဆိုရငျ နိုငျငံတောျသမ်မတကွီးရဲ့ မူးယဈဆေးဝါး ရောငျးဝယျဖောကျကားမှု တားဆီးနှိမျနငျးရေး လုပျငနျးစဉျရဲ့ အစိတျအပိုငျးတရပျအနနေဲ့ ကနြောျတို့ ဝယျယူတပျဆငျထားတာ ဖွဈပါတယျ။ အဲနရောမှာ တပျခဲ့တာက ၈-၅-၂၀၁၉ ခုနှဈက စပွီးတပျခဲ့တာ ဖွဈပါတယျ။ ဒီနေ့အထိ ဘိနျးဖွူ ၄၄ ကီလို၊ စိတျကွှဆေးပွား ၈ ဒသမ ၅ သနျး သိမျးဆညျးရမိခဲ့ပွီး ဖွဈပါတယျ၊ ဒီ X-Ray စကျကို၊ မူးယဈဆေးဝါးတှေ စဈတဲ့စကျကို ဘာလို့ လကျနကျကွီးနဲ့ ပဈသလဲ။ ဒါတှလေညျး သတငျးထောကျမြား စဉျးစားကွညျ့ရငျ သိနိုငျပါတယျ။ တဖကျမှာလညျး နောငျခြိုမှာရှိတဲ့ မူးယဈရဲတပျဖှဲ့စခနျးတှေ ဝငျတိုကျသှားတာတှလေညျး ရှိပါတယျ။ ဆိုလိုတာက မူးယဈဆေးဝါး တားဆီးကာကှယျရေးအတှကျ ထိထိရောကျရောကျ ဆောငျရှကျနတေဲ့ အပိုငျးတှကေို ထိခိုကျ ပကြျပွားအောငျလုပျတဲ့ သဘောလညျး တှေ့မွငျရမှာ ဖွဈပါတယျ။’’ ဒါ့အပွငျ တိုကျခိုကျခံရတာကွောငျ့ ဂုတျတှငျးတံတား ထိခိုကျပကြျစီးသှားပွီး တရုတျ-မွနျမာ နယျစပျကုနျသှယျရေးကို သှားနတေဲ့ ကားတှေ၊ ယာဉျတနျးတှေ အားလုံး ပိတျဆို့ခဲ့ရတယျလို့ ဦးဇောျဌေးက ဆိုပါတယျ။ “တရကျ တရကျကို ဘယျလောကျထိ ပိတျဆို့သှားလဲဆိုရငျ ကနြောျတို့ အစီး ရာနဲ့ခြီပါတယျ။ အပွနျဆိုရငျ ထောငျဂဏနျးအထိ ရှိပါတယျ။ ဒါတှအေကုနျလုံး ရပျတနျ့သှားပါတယျ။ သို့သောျ အစိုးရအနနေဲ့ ဒါတှကေို အမွနျဆုံးဆောငျရှကျဖို့ ၅ ရကျအတှငျးမှာ ကနြောျတို့ နှဈလမျးသှား ဘလေီတံတား ကားကွီးတှေ သှားနိုငျတဲ့အထိ လုပျနပေါပွီ။ လကျရှိမှာလညျး စကျကွီးတှေ ရောကျပွီး လုပျနပွေီ ဖွဈပါတယျ။” မွောကျပိုငျးမဟာမိတျ ၃ ဖှဲ့က ပွငျဦးလှငျမွို့နဲ့ နောငျခြိုမွို့အတှငျးက နရော ၅ နရောကို တိုကျခိုကျခဲ့တာကွောငျ့ တပျမတောျနညျးပညာတက်ကသိုလျ ပကြျစီးဆုံးရှုံးမှုနဲ့ ရဲတပျဖှဲ့က ပါသှားတဲ့ လကျနကျခဲယမျး တနျဖိုးမပါဘဲ ပကြျစီးဆုံးရှုံးမှုတနျဖိုး စုစုပေါငျး ကပြျသိနျးပေါငျး ၂၈၂၁ သိနျး ရှိတယျလို့ သိရပါတယျ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်တွေမှာ တိုက်ခိုက်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ နေပြည်တော်မှာ ဩဂုတ် ၁၆ ရက်နေ့ ညနေပိုင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အခုလို ပြောကြားခဲ့တာပါ။ “မနေ့က ဖြစ်သွားတဲ့ ဖြစ်စဉ်ကိုကြည့်ရင် ဒါတွေက အကြမ်းဖက်လုပ်ရပ် ဖြစ်ပါတယ်။ အရပ်ဘက် ပစ်မှတ်တိုက်ခိုက်တာတွေ၊ နောက်တစ်ခုက  မူးယစ်ဆေးဝါး စစ်ဆေးတဲ့ ကိရိယာတွေ ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေ ဒါတွေ မနေ့ကလည်း မီဒီယာတွေ၊ ပြည်သူတွေ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့အတွက် အားလုံး သိပြီးဖြစ်ပါတယ်။ ဒီလုပ်ရပ်က နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်စေပါတယ်။” ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အနှောင့်အယှက်ဖြစ်အောင်၊ ထိခိုက်အောင် မလုပ်သင့်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လာဖို့ ကျနော်တို့ လမ်းဖွင့်ထားပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်အောင်မြင်မြင် ဖြစ်စေဖို့အတွက် အမှန်တကယ် လိုလားတဲ့ ဆန္ဒ၊ ငြိမ်းချမ်းရေး လိုချင်တဲ့ နိုင်ငံရေး စိတ်ရင်းစေတနာရှိဖို့ လိုပါတယ်။ ကျနော်တို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အနှောင့်အယှက်ဖြစ်အောင်၊ ထိခိုက်အောင် ဒီလို အမြတ်ထုတ်မှုတွေကို မလုပ်သင့်ဘူးလို့ မြင်ပါတယ်။” မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့က ဩဂုတ် ၁၅ ရက်နေ့က ပြင်ဉီးလွင်မြို့နဲ့ နောက်ချိုမြို့အတွင်းက နေရာအချို့ကို ဝင်တိုက်ခဲ့တာကြောင့် တပ်မတော်သား ၉ ဉီး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၃ ဉီး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့တာပါ။ ပြင်ဉီးလွင် တိုးဂိတ်မှာ ပြီးခဲ့တဲ့ မေလ ၈ ရက်က တပ်ဆင်ခဲ့တဲ့ မူးယစ်ဆေးစစ်တဲ့ X-Ray စက်အား ပစ်ခတ်ဖျက်ဆီးခဲ့တဲ့အပေါ်လည်း ဦးဇော်ဌေးက အခုလို ပြောကြားခဲ့ပါတယ်။ ‘‘X-Ray စက်ဆိုရင် နိုင်ငံတော်သမ္မတကြီးရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ ကျနော်တို့ ဝယ်ယူတပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဲနေရာမှာ တပ်ခဲ့တာက ၈-၅-၂၀၁၉ ခုနှစ်က စပြီးတပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အထိ ဘိန်းဖြူ ၄၄ ကီလို၊ စိတ်ကြွဆေးပြား ၈ ဒသမ ၅ သန်း သိမ်းဆည်းရမိခဲ့ပြီး ဖြစ်ပါတယ်၊ ဒီ X-Ray စက်ကို၊ မူးယစ်ဆေးဝါးတွေ စစ်တဲ့စက်ကို ဘာလို့ လက်နက်ကြီးနဲ့ ပစ်သလဲ။ ဒါတွေလည်း သတင်းထောက်များ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ တဖက်မှာလည်း နောင်ချိုမှာရှိတဲ့ မူးယစ်ရဲတပ်ဖွဲ့စခန်းတွေ ဝင်တိုက်သွားတာတွေလည်း ရှိပါတယ်။ ဆိုလိုတာက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့ အပိုင်းတွေကို ထိခိုက် ပျက်ပြားအောင်လုပ်တဲ့ သဘောလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။’’ ဒါ့အပြင် တိုက်ခိုက်ခံရတာကြောင့် ဂုတ်တွင်းတံတား ထိခိုက်ပျက်စီးသွားပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို သွားနေတဲ့ ကားတွေ၊ ယာဉ်တန်းတွေ အားလုံး ပိတ်ဆို့ခဲ့ရတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။ “တရက် တရက်ကို ဘယ်လောက်ထိ ပိတ်ဆို့သွားလဲဆိုရင် ကျနော်တို့ အစီး ရာနဲ့ချီပါတယ်။ အပြန်ဆိုရင် ထောင်ဂဏန်းအထိ ရှိပါတယ်။ ဒါတွေအကုန်လုံး ရပ်တန့်သွားပါတယ်။ သို့သော် အစိုးရအနေနဲ့ ဒါတွေကို အမြန်ဆုံးဆောင်ရွက်ဖို့ ၅ ရက်အတွင်းမှာ ကျနော်တို့ နှစ်လမ်းသွား ဘေလီတံတား ကားကြီးတွေ သွားနိုင်တဲ့အထိ လုပ်နေပါပြီ။ လက်ရှိမှာလည်း စက်ကြီးတွေ ရောက်ပြီး လုပ်နေပြီ ဖြစ်ပါတယ်။” မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့အတွင်းက နေရာ ၅ နေရာကို တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်နည်းပညာတက္ကသိုလ် ပျက်စီးဆုံးရှုံးမှုနဲ့ ရဲတပ်ဖွဲ့က ပါသွားတဲ့ လက်နက်ခဲယမ်း တန်ဖိုးမပါဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၂၈၂၁ သိန်း ရှိတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024