ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ ကင်းထောက်လူငယ်လေးများ တွေ့ဆုံ
DVB
·
August 16, 2019
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ကင်းထောက်များ တွေ့ဆုံပွဲကို သြဂုတ် ၁၆ ရက်က မန္တလေးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကင်းထောက်လူငယ်တွေရဲ့ သရုပ်ပြလုပ်ငန်းစဉ်တွေနဲ့ ကင်းထောက်စွမ်းရည် ပြိုင်ပွဲတွေမှာ ဆုရခဲ့တဲ့ ကင်းထောက်လူငယ်တွေကို ဆုပေအပ်ခဲ့ပါတယ်။
ကောင်းမွန်ခြင်းနဲ့ မှန်ကန်ခြင်းကို ချစ်မြတ်နိုးမှ ကိုယ်သွားတဲ့ လမ်းဟာ မှန်ကန်နိုင်မယ် လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ဇူလိုင် ၂၀ ရက်က ကတိခံယူခဲ့ပြီး ငယ်စဉ်ကတည်းကလည်း ကင်းထောက်လူငယ်တဦးဖြစ်ခဲ့ပါတယ်။
ကင်းထောက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ သဘာဝဘေးပြဿနာတွေမှာ ကူညီတတ်ဖို့အတွက် ငယ်စဉ်ကတည်းက သင်ကြားပေးထားတယ်လို့ အထက်မြန်မာပြည် ကင်းထောက်တာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၁၆ ခုနှစ် က စတင်ကာ အမျိုးသမီးကင်းထောက်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၂၀ ပြည့်နှစ်မှာ ကင်းထောက်လူငယ်အဖွဲ့အစည်း အဆင့်ဆင့်တို့ကို ဖွဲ့စည်းခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဩဂုတ် ၁၆ ရက်နဲ့ ၁၇ရက်နေ့တွေမှာ မန္တလေးမြို့ကို လာရောက် ၂ရက်ကြာခရီးလာရောက်တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း ဩဂုတ် ၁၇ ရက်မှာတော့ မန္တလေးမြို့ ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပမယ့် အာဆီယံ အစားအစာပွဲတော် ၂၀၁၉ကို တက်ရောက်မယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးမြို့ အနုပညာ အထက်တန်းကျောင်း(ပန်တျာကျောင်း)ကိုလည်း သွားရောက်လည်ပတ်ဖို့ရှိပါတယ်။
ဒီခရီးစဉ်အတွင်း မန္တလေးမြို့ခံ စာရေးဆရာ၊ဆရာမတွေ အပါအဝင် အထက်မြန်မာပြည်က စာရေးဆရာ ၁၀၀ လောက်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ မန္တလေးမြို့က စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောပါတယ်။
Zawgyi Version ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ ကင်းထောက်လူငယ်လေးများ တွေ့ဆုံ နိုင်လင်းဦး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ကင်းထောက်များ တွေ့ဆုံပွဲကို သြဂုတ် ၁၆ ရက်က မန္တလေးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ကင်းထောက်လူငယ်တွေရဲ့ သရုပ်ပြလုပ်ငန်းစဉ်တွေနဲ့ ကင်းထောက်စွမ်းရည် ပြိုင်ပွဲတွေမှာ ဆုရခဲ့တဲ့ ကင်းထောက်လူငယ်တွေကို ဆုပေအပ်ခဲ့ပါတယ်။ ကောင်းမွန်ခြင်းနဲ့ မှန်ကန်ခြင်းကို ချစ်မြတ်နိုးမှ ကိုယ်သွားတဲ့ လမ်းဟာ မှန်ကန်နိုင်မယ် လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ဇူလိုင် ၂၀ ရက်က ကတိခံယူခဲ့ပြီး ငယ်စဉ်ကတည်းကလည်း ကင်းထောက်လူငယ်တဦးဖြစ်ခဲ့ပါတယ်။ ကင်းထောက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ သဘာဝဘေးပြဿနာတွေမှာ ကူညီတတ်ဖို့အတွက် ငယ်စဉ်ကတည်းက သင်ကြားပေးထားတယ်လို့ အထက်မြန်မာပြည် ကင်းထောက်တာဝန်ခံက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၁၆ ခုနှစ် က စတင်ကာ အမျိုးသမီးကင်းထောက်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၂၀ ပြည့်နှစ်မှာ ကင်းထောက်လူငယ်အဖွဲ့အစည်း အဆင့်ဆင့်တို့ကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဩဂုတ် ၁၆ ရက်နဲ့ ၁၇ရက်နေ့တွေမှာ မန္တလေးမြို့ကို လာရောက် ၂ရက်ကြာခရီးလာရောက်တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ဩဂုတ် ၁၇ ရက်မှာတော့ မန္တလေးမြို့ ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပမယ့် အာဆီယံ အစားအစာပွဲတော် ၂၀၁၉ကို တက်ရောက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့ အနုပညာ အထက်တန်းကျောင်း(ပန်တျာကျောင်း)ကိုလည်း သွားရောက်လည်ပတ်ဖို့ရှိပါတယ်။ ဒီခရီးစဉ်အတွင်း မန္တလေးမြို့ခံ စာရေးဆရာ၊ဆရာမတွေ အပါအဝင် အထက်မြန်မာပြည်က စာရေးဆရာ ၁၀၀ လောက်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ မန္တလေးမြို့က စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောပါတယ်။