A d v e r t i s e m e n t With Us

ပြိုင်ကားမောင်းသမားနှင့် ခွေးလိမ္မာလေးကြား သံယောဇဉ်အကြောင်းရုပ်ရှင်-The Art of Racing in the Rain(နမူနာ)

Zawgyi Version ပြိုင်ကားမောင်းသမားနှင့် ခွေးလိမ္မာလေးကြား သံယောဇဉ်အကြောင်းရုပ်ရှင်-The Art of Racing in the Rain(နမူနာ) DVB ပြိုင်ကားမောင်းသမားတယောက်နဲ့ သူ့ရဲ့အချစ်တော် ခွေးကလေးတကောင်ကြားက သံယောဇဉ်အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ The Art of Racing in the Rain ရုပ်ရှင်ကို ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုတွေ ရရှိနေခဲ့ပါတယ်။ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ 20th Century Fox ကနေ တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ အမေရိကန် စာရေးဆရာ Garth Stein ရဲ့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ စာအုပ်ကို ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Simon Curtis က အသက်သွင်း ပုံဖော်ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကားထဲမှာ ထူးခြားတာကတော့ တခြားရုပ်ရှင်ကားတွေလိုမဟုတ်ဘဲ ခွေးကလေးရဲ့ ခံစားချက်တွေ၊ ရှုထောင့်တွေဘက်ကနေ ရိုက်ကူးထားတာကို ပရိသတ်တွေ ရှုစားကြရမှာပါ။ Enzo ဆိုတဲ့ ခွေးလေးရယ်၊ သူ့ရဲ့ပိုင်ရှင် ပြိုင်ကားမောင်းသမား Denny Swift တို့ကြားက သံယောဇဉ်တွေ၊ သခင်ဖြစ်သူ အိမ်ထောင်ကျပြီး ကလေးလေး မွေးလာချိန်မှာ ခံစားရတဲ့ Enzo လေးရဲ့ ခံစားချက်တွေ၊ သခင့်အိမ်ထောင်ရေး ပြိုကွဲချိန်မှာလည်း သူဟာ သခင့်အနားမှာ အကောင်းဆုံးနေပေးခဲ့တဲ့ အကြောင်းတွေနဲ့ ပုံဖော်ရိုက်ကူးထားတာမို့ ပရိသတ်တွေအနေနဲ့ ရသပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ခွေးကလေး Enzo ရဲ့ နေရာမှာ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသား Kevin Costner က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။ သခင်ဖြစ်တဲ့ Danny နေရာမှာတော့ သရုပ်ဆောင်မင်းသား Milo Ventimiglia က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Amanda Seyfried၊ Kathy Baker၊ Martin Donovan၊ Gary Cole တို့ကလည်း အားဖြည့်ပါဝင်ထားကြပါတယ်။ ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၈ သန်းနဲ့ သန်း ၅၀ ကြား အကုန်အကျခံ ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇ သန်း ရရှိထားပါတယ်။ IMDb မှာ Rating 7.3 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up