Live
Home
မြန်မာသတင်း
တရားလိုက အမှုရုပ်သိမ်းခဲ့သော်လည်း အဆိုတော် အစ္စဏီကို ဆက်လက်စစ်ဆေး
သူဇာလင်း
·
August 16, 2019
မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် အစ္စဏီအမှုကို ရန်ကုန်တိုင်း၊ တာမွေတရားရုံမှာ သြဂုတ် ၁၆ ရက်နေ့က အမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ လက်ရှိမှာတော့ တရားလိုဘက်က အမှုကို ရုပ်သိမ်းခဲ့ပေမယ့်လည်း တရားရုံးရဲ့ ဥပဒေကျင့်ထုံးအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စဏီရဲ့ ရှေ့နေက ပြောပါတယ်။ အာမခံလျှောက်ထားဖို့အတွက်လည်း အမှုသည်ရဲ့ ဆန္ဒအရ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဆိုတော်အစ္စဏီက ရည်စားဟောင်း စူးရှထက်(ခ)မဇာခြည်ဌေးကို အဓမ္မ နှစ်ကြိမ် ပြုကျင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကထုတ်ပြန်ထားတယ်။ ဒီအမှုစစ်ဆေးနေတာ အချိန်တနှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ရ ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု/တုံးသော လက်နက်နဲ့ ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
Zawgyi Version တရားလိုက အမှုရုပ်သိမ်းခဲ့သော်လည်း အဆိုတော် အစ္စဏီကို ဆက်လက်စစ်ဆေး သူဇာလင်း မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် အစ္စဏီအမှုကို ရန်ကုန်တိုင်း၊ တာမွေတရားရုံမှာ သြဂုတ် ၁၆ ရက်နေ့က အမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ လက်ရှိမှာတော့ တရားလိုဘက်က အမှုကို ရုပ်သိမ်းခဲ့ပေမယ့်လည်း တရားရုံးရဲ့ ဥပဒေကျင့်ထုံးအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စဏီရဲ့ ရှေ့နေက ပြောပါတယ်။ အာမခံလျှောက်ထားဖို့အတွက်လည်း အမှုသည်ရဲ့ ဆန္ဒအရ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဆိုတော်အစ္စဏီက ရည်စားဟောင်း စူးရှထက်(ခ)မဇာခြည်ဌေးကို အဓမ္မ နှစ်ကြိမ် ပြုကျင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကထုတ်ပြန်ထားတယ်။ ဒီအမှုစစ်ဆေးနေတာ အချိန်တနှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ရ ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု/တုံးသော လက်နက်နဲ့ ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024