ရေးမြို့ မြစ်ရေကြီးမှုကြောင့် လယ်ယာမြေဥယျာဉ်ခြံများ ပျက်စီး
DVB
·
August 16, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်မြစ်ရေကြီးစဉ်တွင် ဥယျာဉ်ခြံစိုက်ပျိုးသီးနှံပင်နဲ့ လယ်ယာစပါး စိုက်ခင်းတွေ ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ရေးချောင်းဖျားဘက်ကနေ တောင်ကျ ရေတွေ တဟုန်ထိုးဆင်းလာတဲ့အခါ တောင်ကလည်း ပြိုကျပြန် တောင်အောက်ကခြံစုတွေဟာ နှုန်းမြေနဲ့အတူ တောင်ကျရေနဲ့ မျောပါသွားတာကြောင့် ရေလမ်းကြောင်းအတိုင်းပါသွားတဲ ခြံရောတဲပါ အများစုက သီးနှံပင်တွေ မျောပါ ပျက်စီးခဲ့တယ်လို့ ခြံရှင်တွေက ပြောပါတယ်။
စပါးစိုက်တဲ့ လယ်သမားတဦးက “မိုးစပါးမျိုးတွေချထားခါစပဲရှိသေးတယ်။ ပျိုးပင်တွေက စတင်ထွက်လာတဲ့အခြေအနေမှာပဲ ရေကြီးနစ်မြုပ်ဒဏ်ခံရတော့ လယ်ယာတွေ နှုန်းမြေနဲ့ ပြည့်နှံနေတဲ့အတွက် လယ်ပါပျက်စီးခဲ့ပြီး လယ်ယာလုပ်ငန်းပြန်လုပ်ကိုင်ဖို့က အခက်ခဲတွေရှိနေတယ်”လို့ ပြောပါတယ်။
ရေးမြို့နယ် မြစ်ရေကြီးမှုမှာ လယ်ယာမြေ ဥယျာဉ်ခြံ ဧကပေါင်း ထောင်နဲ့ချီပြီး ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် တောင်သူအများစုမှာ ပျိုးပင်တွေလိုအပ်နေသလို ချေးငွေတွေပါ ထပ်မံ ရရှိဖို့ လိုအပ်နေပါတယ်။
သတင်း-နေမျိုးထွဋ် (ရေး)
Zawgyi Version ရေးမြို့ မြစ်ရေကြီးမှုကြောင့် လယ်ယာမြေဥယျာဉ်ခြံများ ပျက်စီး DVB မွန်ပြည်နယ်၊ ရေးမြို့နယ်မြစ်ရေကြီးစဉ်တွင် ဥယျာဉ်ခြံစိုက်ပျိုးသီးနှံပင်နဲ့ လယ်ယာစပါး စိုက်ခင်းတွေ ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ရေးချောင်းဖျားဘက်ကနေ တောင်ကျ ရေတွေ တဟုန်ထိုးဆင်းလာတဲ့အခါ တောင်ကလည်း ပြိုကျပြန် တောင်အောက်ကခြံစုတွေဟာ နှုန်းမြေနဲ့အတူ တောင်ကျရေနဲ့ မျောပါသွားတာကြောင့် ရေလမ်းကြောင်းအတိုင်းပါသွားတဲ ခြံရောတဲပါ အများစုက သီးနှံပင်တွေ မျောပါ ပျက်စီးခဲ့တယ်လို့ ခြံရှင်တွေက ပြောပါတယ်။ စပါးစိုက်တဲ့ လယ်သမားတဦးက “မိုးစပါးမျိုးတွေချထားခါစပဲရှိသေးတယ်။ ပျိုးပင်တွေက စတင်ထွက်လာတဲ့အခြေအနေမှာပဲ ရေကြီးနစ်မြုပ်ဒဏ်ခံရတော့ လယ်ယာတွေ နှုန်းမြေနဲ့ ပြည့်နှံနေတဲ့အတွက် လယ်ပါပျက်စီးခဲ့ပြီး လယ်ယာလုပ်ငန်းပြန်လုပ်ကိုင်ဖို့က အခက်ခဲတွေရှိနေတယ်”လို့ ပြောပါတယ်။ ရေးမြို့နယ် မြစ်ရေကြီးမှုမှာ လယ်ယာမြေ ဥယျာဉ်ခြံ ဧကပေါင်း ထောင်နဲ့ချီပြီး ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် တောင်သူအများစုမှာ ပျိုးပင်တွေလိုအပ်နေသလို ချေးငွေတွေပါ ထပ်မံ ရရှိဖို့ လိုအပ်နေပါတယ်။ သတင်း-နေမျိုးထွဋ် (ရေး)