ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ရပါက နေမာ လစာလျှော့ယူမည်

Zawgyi Version
ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ရပါက နေမာ လစာလျှော့ယူမည်
DVB
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်သွားရမယ်ဆိုရင် အသားတင် လုပ်ခလစာ ပေါင် ၁၃ သန်းကျော်လောက်ကို လျှော့ယူသွားဖို့ ရှိနေတယ်လို့ ခိုင်မာတဲ့ သတင်းတွေအရ သိရပါတယ်။
နေမာကို ကတ်တာလန်မြေပြန်လာဖို့ ပီကေး၊ မက်ဆီ၊ ဆွာရက်ဇ်တို့ကလည်း မျှော်လင့်နေပေမယ့်ရာထူးသက်တမ်း ၂ နှစ်ကျော် ကျန်ရှိနေသေးတဲ့ ဥက္ကဋ္ဌ ဂျိုးဆက် မာရီနာ ဘာတိုမူရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေပါတယ်။
ဘာစီလိုနာအသင်းဟာ နေမာကို ၂၀၁၇ ခုနှစ်က ပေါင် ၂၀၅ သန်းနဲ့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းဆီကို ရောင်းထုတ်ခဲ့ပြီး လက်ရှိမှာတော့ ပြန်လည်ခေါ်ယူဖို့ ပေါင် ၉၃ သန်းနီးပါးနဲ့ ကော်တင်ဟိုကိုပါ အလိုက်ပေးခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။