Home
မြန်မာသတင်း
ညောင်လေးပင်တွင် တရားမဝင်လိုင်စင်မဲ့ယာဉ် ၄ စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
DVB
·
August 16, 2019
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ သြဂုတ် ၁၆ ရက်မနက်က တရားမဝင်လိုင်စင်မဲ့ယာဉ် ၄ စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်လေးပင် မြို့မစခန်းက သိရပါတယ်။ တရားမဝင်မော်တော်ယာဉ်တွေ ဝင်ရောက်လာကြောင်း သတင်းအရ မြို့နယ်ယာဉ်ကြီးကြပ်ရေးကော်မတီက ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၉၉/၁)အနီးမှာ စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်က မန္တလေးဘက်ကို CANTER ခြောက်ဘီးယာဉ် သုံးစီးနဲ့ ကွန်တိန်နာဘောက်ပါ FUSO ခြောက်ဘီးယာဉ်တစီးကို ရပ်တန့်စစ်ဆေးရာမှာ ယာဉ်မောင်း ၄ ဦးက ကားတွေကိုထားခဲ့ပြီ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်းက “ယာဉ်ကြီးကြပ်ရေးအဖွဲ့က ယာဉ်မောင်းတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖုန်းဆက်အကြောင်းကြားလို့သွားရောက်စစ်ဆေးတဲ့အခါ ယာဉ်နဲ့ပတ်သက်တဲ့ အထောက်အထားမတွေ့လို့ ယာဉ်တွေကို သိမ်းဆည်းထားခဲ့တယ်” လို့ပြောပါတယ်။ ရေဘေးကူညီပေးပြီး ပြန်လာတဲ့ကားတွေလို့ဆိုကာ မောင်းနှင်လာကြတာဖြစ်ပြီး မသင်္ကာလို့ရပ်တန့်စစ်ဆေးချိန်မှာ စာရွက်စာတမ်းအထောက်အထား မပြနိုင်တာကြောင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားချိန်မှာ ယာဉ်မောင်း ၄ ဦးလုံး ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမိုး ပြောပါတယ်။ ဦးစိုးမိုး မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက “ကျနော်တို့ အဖွဲ့ကပဲအဲ့ဒီယာဉ်တွေကိုရဲ စခန်းမောင်းပို့ပေးခဲ့တယ်။ ကျနော်ကိုယ်တိုင်ပဲ တရားလိုလုပ်ပြီအမှုဖွင့်ထားတယ်” လို့ဆိုပါတယ်။ တရားမဝင်လိုင်စင်မဲ့ယာဉ်ဖမ်းမိတာနဲ့ ပတ်သက်ပြီး ညောင်လေးပင် မြို့မရဲစခန်းက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့အမှုဖွင့်ထားရှိပြီး ယာဉ်မောင်တွေကို ဖမ်းဆီးရမိနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
Zawgyi Version ညောင်လေးပင်တွင် တရားမဝင်လိုင်စင်မဲ့ယာဉ် ၄ စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ DVB ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ သြဂုတ် ၁၆ ရက်မနက်က တရားမဝင်လိုင်စင်မဲ့ယာဉ် ၄ စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်လေးပင် မြို့မစခန်းက သိရပါတယ်။ တရားမဝင်မော်တော်ယာဉ်တွေ ဝင်ရောက်လာကြောင်း သတင်းအရ မြို့နယ်ယာဉ်ကြီးကြပ်ရေးကော်မတီက ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၉၉/၁)အနီးမှာ စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်က မန္တလေးဘက်ကို CANTER ခြောက်ဘီးယာဉ် သုံးစီးနဲ့ ကွန်တိန်နာဘောက်ပါ FUSO ခြောက်ဘီးယာဉ်တစီးကို ရပ်တန့်စစ်ဆေးရာမှာ ယာဉ်မောင်း ၄ ဦးက ကားတွေကိုထားခဲ့ပြီ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်းက “ယာဉ်ကြီးကြပ်ရေးအဖွဲ့က ယာဉ်မောင်းတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖုန်းဆက်အကြောင်းကြားလို့သွားရောက်စစ်ဆေးတဲ့အခါ ယာဉ်နဲ့ပတ်သက်တဲ့ အထောက်အထားမတွေ့လို့ ယာဉ်တွေကို သိမ်းဆည်းထားခဲ့တယ်” လို့ပြောပါတယ်။ ရေဘေးကူညီပေးပြီး ပြန်လာတဲ့ကားတွေလို့ဆိုကာ မောင်းနှင်လာကြတာဖြစ်ပြီး မသင်္ကာလို့ရပ်တန့်စစ်ဆေးချိန်မှာ စာရွက်စာတမ်းအထောက်အထား မပြနိုင်တာကြောင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားချိန်မှာ ယာဉ်မောင်း ၄ ဦးလုံး ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမိုး ပြောပါတယ်။ ဦးစိုးမိုး မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက “ကျနော်တို့ အဖွဲ့ကပဲအဲ့ဒီယာဉ်တွေကိုရဲ စခန်းမောင်းပို့ပေးခဲ့တယ်။ ကျနော်ကိုယ်တိုင်ပဲ တရားလိုလုပ်ပြီအမှုဖွင့်ထားတယ်” လို့ဆိုပါတယ်။ တရားမဝင်လိုင်စင်မဲ့ယာဉ်ဖမ်းမိတာနဲ့ ပတ်သက်ပြီး ညောင်လေးပင် မြို့မရဲစခန်းက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့အမှုဖွင့်ထားရှိပြီး ယာဉ်မောင်တွေကို ဖမ်းဆီးရမိနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024