မြင့်မားသည့်လစာကြောင့် ဆန်းချက်ဇ်ကို ခေါ်ယူလိုသည့် အီတလီကလပ်များ အခက်တွေ့

Zawgyi Version
မြင့်မားသည့်လစာကြောင့် ဆန်းချက်ဇ်ကို ခေါ်ယူလိုသည့် အီတလီကလပ်များ အခက်တွေ့
DVB
မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူလိုတဲ့ အီတလီထိပ်သီးအသင်း ၃ သင်းထက်မနည်း ရှိနေပေမယ့်လည်း ကစားသမားအတွက် မြင့်မားတဲ့လုပ်ခလစာ ပေးချေနိုင်ခြင်း မရှိကြဘူးလို့ သိရပါတယ်။
ဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာ တပတ်လုပ်ခ အသားတင် ပေါင် ၃ သိန်း ရရှိနေပြီး ပုံရိပ်အသုံးပြုခတပတ်ကို ပေါင်တသိန်းနဲ့ တခြား ဆုကြေး ပေါင် ၁ သိန်း ၆ သောင်းပေါင်းပြီး လက်ရှိမှာ ပေါင် ၅ သိန်း ၆ သောင်းထိ ရရှိနေတာပါ။
ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ်မှာ မစ်ခီတာယန်းနဲ့ အလဲအလှယ်ပြုလုပ်ပြီး အာဆင်နယ်ကနေ မန်ယူကို ရောက်ရှိလာတာဖြစ်ပြီး ယူနိုက်တက်အတွက် ၄၅ ပွဲကစားပေးထားတာမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။
ဆန်းချက်ဇ်ကိုယ်တိုင်ကလည်း မန်ချက်စတာမြို့ကနေ ထွက်ခွာနိုင်ဖို့ အလိုရှိနေပြီး နာပိုလီ၊ အင်တာမီလန်၊ ဂျူဗင်တပ် စတဲ့အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။