A d v e r t i s e m e n t With Us

တောင်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်လုပ်မည်မဟုတ်ဟု မြောက်ကိုရီးယား ပြော

Zawgyi Version တောင်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်လုပ်မည်မဟုတ်ဟု မြောက်ကိုရီးယား ပြော DVB တောင်ကိုရီးယားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်လုပ်မှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားက သြဂုတ် ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ တောင်ကိုရီးယားသမ္မတက လာမယ့် ၂၀၄၅ မတိုင်မီ နှစ်နိုင်ငံ ပြန်ပေါင်းစည်းရေး လုပ်မယ်လို့ ကတိပြုထားသလို မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်မယ့် ကတိကဝတ်ကို မြောက်ကိုရီးယားဘက်က ပယ်ချလိုက်တာပါ။ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်တာ စကတည်းက မြောက်ကိုရီးယားက ကန့်ကွက်ခဲ့ပြီး အဲဒီလို စစ်ရေးလေ့ကျင့်တာကို စစ်ဖြစ်ဖို့ ပြင်နေတယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် မကြာသေးခင် သီတင်းပတ်တွေကလည်း မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နှစ်နိုင်ငံ ပြန်ပေါင်းစည်းရေး ကော်မတီ ပြောခွင့်ရပုဂ္ဂိလ်က တောင်ကိုရီးယား အာဏာပိုင်တွေနဲ့ ထပ်ဆွေးနွေးစရာ မရှိသလို ထပ်ဆွေးနွေးဖို့ဆန္ဒ မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရရဲ့ ထုတ်ပြန်ချက်က ကိုရီးယားနှစ်နိုင်ငံအကြား သဘောတူညီချက်နဲ့ မကိုက်ညီဘူးလို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်နေ့မှာ ပြောပါတယ်။ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားအနေနဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေကို လာရောက်ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံဆွေးနွေးပွဲတွေက ပန်မွန်ဂျုံကြေညာချက်နဲ့ ပြုံယမ်း ပူးတွဲကြေညာချက် သဘောတူညီမှုအတိုင်း လိုက်နာဖို့ တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ဆက်ပြောခဲ့ပါတယ်။ သောကြာနေ့ မနက်ပိုင်းမှာ မြောက်ကိုရီးယားက နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်း ပင်လယ်ပြင်ကို ဒုံးကျည် နှစ်ခုထက်မနည်း ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအရာရှိက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up