မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ဂုတ်တွင်းတံတားကို ၂လမ်းသွား ဘေလီတံတားအဖြစ် ပြန်ဆောက်နေ
DVB
·
August 16, 2019
DVB
ဓာတျပုံ- ဆောကျလုပျရေးဌာန
Zawgyi Version မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ဂုတ်တွင်းတံတားကို ၂လမ်းသွား ဘေလီတံတားအဖြစ် ပြန်ဆောက်နေ DVB မိုင်းခွဲဖျက်ဆီးခံခဲ့တဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းတံတား မန္တလေး - နောင်ချို- ကျောက်မဲ လမ်းပိုင်းကို နှစ်လမ်းသွား ဘေလီတံတားအဖြစ် အမြန်ဆုံး ၅ ရက်အတွင်း တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဌာနက သတင်းထုတ်ပါတယ်။ ခရီးသွားပြည်သူတွေ အခက်အခဲ မရှိစေဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တံတားတည်ဆောက်ရေးအထူးအဖွဲ့က မနေ့ ညနေပိုင်းကစပြီး တံတားဆောက်လုပ်ဖို့ လိုအပ်တဲ့ တံတားသံဘောင်ဘေလီတွေကို စတင်ပေးပို့နေ တယ်လို့လည်းဆိုပါတယ်။ ဂုတ်တွင်းတံတားကို တီအန်အယ်အေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့က ဩဂုတ် ၅ ရက်မနက်က မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပြီး မန္တလေးမြို့ မှ လားရှိုးမြို့ သို့ လမ်းပန်းဆက်သွယ်မှုတွေ ပြတ်တောက်နေပါတယ်။ ဓာတ်ပုံ- ဆောက်လုပ်ရေးဌာန