အမေရိကန်တွင် မူးယစ်ဆေးဝါး စီးနင်းမှုအတွင်း သေနတ်ဖြင့်ပစ်ခတ်မှု သံသယရှိသူအား ထိန်းသိမ်း

ဒဏျရာရသူ အရာရှိအားလုံး အခွအေနတေညျငွိမျတယျ၊ ဒဏျရာတှကေ အသကျအန်တရာယျမရှိဘူးလို့ ရဲတပျဖှဲ့က ပွောပါတယျ။
Zawgyi Version
အမေရိကန်တွင် မူးယစ်ဆေးဝါး စီးနင်းမှုအတွင်း သေနတ်ဖြင့်ပစ်ခတ်မှု သံသယရှိသူအား ထိန်းသိမ်း
DVB
အမေရိကန်နိုင်ငံ ဖီလာဒယ်လ်ဖီးယားမြို့မှာ မူးယစ်ဆေးဝါး စီးနင်းမှုတခုအတွင်း ရဲအရာရှိ ၆ ယောက် သေနတ်ထိမှန် ဒဏ်ရာရအောင် ပစ်ခတ်သူလို့ သံသယရှိသူကို သြဂုတ် ၁၅ ရက်မှာ ထိန်းသိမ်းလိုက်ပါတယ်။
အဖမ်းခံရသူဟာ အသက် ၃၆ နှစ်အရွယ် မော်ရိုက်စ်ဟီးလ် ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။
သြဂုတ် ၁၄ ရက် ညနေ လေးနာရီခွဲကနေ သန်းခေါင်ကျော်အချိန်ထိ ရဲတပ်ဖွဲ့နဲ့ သေနတ်သမား အချေအတင် ဖြစ်နေခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒဏ်ရာရသူ အရာရှိအားလုံး အခြေအနေတည်ငြိမ်တယ်၊ ဒဏ်ရာတွေက အသက်အန္တရာယ်မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတွေက ဖီလာဒယ်လ်ဖီးယားမြို့ မြောက်ပိုင်းက အိမ်တလုံးကို မူးယစ်ဆေးဆိုင်ရာ ဝရမ်းနဲ့ ညနေ လေးနာရီခွဲလောက်မှာ ဝင်စီးခဲ့ချိန် အမျိုးသား သေနတ်သမားက အိမ်ထဲဝင်ပြီး အရာရှိတွေကို ပစ်ခတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင် အများအပြား ကျည်ဆန်တွေကို ရှောင်ဖို့ ပြတင်းပေါက်တွေ တံခါးတွေကနေ ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ရဲကော်မရှင်နာမင်းကြီး ရစ်ချတ် ရော့စ်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။
သေနတ်သမားက အိမ်အပြင်မှာရပ်ထားတဲ့ ရဲအထူးတပ်ဖွဲ့ရဲ့ ကုန်ကားကိုလည်း ပစ်ခတ်ခဲ့ပါသေးတယ်။
ပစ်ခတ်သူက ဒီဖြစ်ရပ်ကို ဖေ့စ်ဘွတ်ပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီပစ်ခတ်မှုအကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အကျဉ်းချုပ် တင်ပြထားတယ်၊ အခြေအနေကို စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။