လူနည်းစုတိုင်းရင်းသားများ၏သမိုင်း သင်ရိုးညွန်းတမ်းတွင် ပြဋ္ဌာန်းရန်တိုက်တွန်း
နော်နိုရင်း
·
August 15, 2019
အမှောင်ချခံရတဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့သမိုင်းအမှန်တွေကို အခြေခံပညာအဆင့်နဲ့ အဆင့်မြင့်ပညာ သင်ရိုးညွန်းတမ်းတွေမှာ ထည့်သွင်းပြဋ္ဌာန်းဖို့ လွိုင်ကော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက တိုက်တွန်း လိုက်ပါတယ်။
သြဂုတ် ၁၃ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအမှာ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံအပေါ်မှာ ဆွေးနွေးတိုက်တွန်းသွားတာဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းဆယ်စုနှစ်များစွာ လူကြီးရောလူငယ်ရော သမိုင်းဖြစ်ရပ်မှန်တွေကို အမှောင်ချခံရပါတယ်။ အင်္ဂလိပ်လိုပြောရရင်တော့ we are blind folder လူနည်းစု တိုင်းရင်းသားတွေရဲ့ သမိုင်းကို ဖျောက်ခံရတဲ့အကျိုးဆက်တွေကတော့ အချင်းချင်း အငြင်းအခုံဖြစ် ပဋိပက္ခလမ်းစဉ်ပေါ် ရောက်၊ စိတ်ဝမ်းကွဲ ယုံကြည်မှုတည်ဆောက်လို့မရ၊ မျှတမှုမရှိ စတာတွေဖြစ်ပြီး ဆယ်စုနှစ်အတွင်းမှာ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းရေးတည်ဆောက်လို့မရ တာအခုထိပါပဲ။”
ဒါကြောင့် လူမျိုးစုတိုင်းရင်းသားရော၊ လူနည်းစုတိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှု မဖြစ်အောင် ဖိနှိပ်ခံရတဲ့ ငယ်ထိပ်ဖိခံရတဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်ခံရတဲ့ ယူဆနေတဲ့ တိုင်းရင်းသားတွေရဲ့ သမိုင်းကို သင်ရိုးညွန်းတမ်းထဲမှာ ဆောလျင်စွာ ထည့်သွင်း ပြဋ္ဌာန်းသင့်နေပြီ လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။
လူနည်းစု တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတို့တွေဟာ အရေးကြီးတဲ့ သမိုင်းတွေကိုယ်စီရှိကြကြောင်းနဲ့ ဒါကို သတိထားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“သမိုင်းမှန်ကနေ သမိုင်းအကျန်ဖြစ်ပြီး သမိုင်းကွယ်ပျောက်သလို လူမျိုးကွယ်ပျောက်သွား မှာကို အရမ်းစိုးရိမ်ပါတယ်။ ”
ဒါ့အပြင် အခု ကယားပြည်နယ်ကို အရင်က ကရင်နီပြည်နယ်လို့ ခေါ်ဆိုကြောင်းနဲ့ ကရင်နီပြည်နယ်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်နယ်ဖြစ်တယ်ဆိုတာ ၁၈၇၅ခုနှစ်၊ ဇွန်လ(၂၁) ရက်နေ့ ဘုရင်ခံမစ္စတာဖော်စစ်နှင့်ကင်းဝန်မင်းကြီးက ကရင်နီပြည်သည် သီးခြားလွတ်လပ်ပြီး ဖြစ်တဲ့အကြောင်းကို သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် အကြောင်းကိုလည်း တင်ပြခဲ့ပါတယ်။
ဒီသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာတွေကို နေပြည်တော်က မော်ကွန်းတိုက်ရဲ့ agreement regrding the indipendence of western karennee, 1875 စာချုပ်ကို တင်ပြခဲ့သလို နေပြည်တော်မော်ကွန်းတိုက်ရယူထာတဲ့ သမိုင်းမှတ်တမ်းတွေကိုလည်း ဒေါက်တာခင်စည်သူက လွတ်တော်အတွင်း တင်ပြခဲ့ပါတယ်။
“၁၉၄၇ ခုနှစ်မှာပင်လုံစာချုပ်မှာ ကရင်နီပြည်က လက်မှတ်မထိုးတားတာဟာ လွတ်လပ်ပြီးသား ပြည်နယ်တခုဖြစ်လို့ပါပဲ။ လက်မှတ်မထိုးပေမယ့် ကရင်နီပြည်ကိုယ်စားပြု ပုဂ္ဂိုလ် ၂ ယောက်က တက်ရောက်ခဲ့ပါတယ် စောဝဏ္ဏ နဲ့ စောသိန်းဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စောဝဏ္ဏဟာ ကျမဦးလေးဖြစ်သလို စောသိန်းက ကျမအဖေဖြစ်ပါတယ်။”
၁၈၇၅ ခုနှစ်လွတ်လပ်တဲ့ပြည်နယ်ဆိုတာ အသိမပေးမဖော်ပြပဲ လူကြီးရဲ့မိန့်ခွန်းထဲမှာ ကရင်နီပြည်က ပင်လုံစာချုပ်မှာ လက်မှတ်မထိုးဘူး၊ ဘယ်သူမှ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ မလာဘူးလို့ ပြောနေလို့ သင်ရိုးညွန်းတမ်းထဲမှာ ထည့်သွင်းပြဋ္ဌာန်းပေးဖို့ လေးလေးနက်နက် တိုက်တွန်းခဲ့ပါတယ်။
ပြည်သူတွေက နားမလည်ဘဲ ခံစားနေရတဲ့ လူမှုရေးပထဝီဖြစ်စဉ်အထူးသဖြင့် ထိလွယ်ရှလွယ်တဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့ထုံးစံအပြင် အဖြစ်မှန်သမိုင်းတွေကိုဖြည့်စွက်ပြဋ္ဌာန်းဖို့လည်း တိုက်တွန်း သွားပါတယ်။
လူနည်းစုတိုင်းရင်းသားများ၏သမိုင်း သင်ရိုးညွန်းတမ်းတွင် ပြဋ္ဌာန်းရန်တိုက်တွန်း နော်နိုရင်း အမှောင်ချခံရတဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့သမိုင်းအမှန်တွေကို အခြေခံပညာအဆင့်နဲ့ အဆင့်မြင့်ပညာ သင်ရိုးညွန်းတမ်းတွေမှာ ထည့်သွင်းပြဋ္ဌာန်းဖို့ လွိုင်ကော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက တိုက်တွန်း လိုက်ပါတယ်။ သြဂုတ် ၁၃ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအမှာ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံအပေါ်မှာ ဆွေးနွေးတိုက်တွန်းသွားတာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းဆယ်စုနှစ်များစွာ လူကြီးရောလူငယ်ရော သမိုင်းဖြစ်ရပ်မှန်တွေကို အမှောင်ချခံရပါတယ်။ အင်္ဂလိပ်လိုပြောရရင်တော့ we are blind folder လူနည်းစု တိုင်းရင်းသားတွေရဲ့ သမိုင်းကို ဖျောက်ခံရတဲ့အကျိုးဆက်တွေကတော့ အချင်းချင်း အငြင်းအခုံဖြစ် ပဋိပက္ခလမ်းစဉ်ပေါ် ရောက်၊ စိတ်ဝမ်းကွဲ ယုံကြည်မှုတည်ဆောက်လို့မရ၊ မျှတမှုမရှိ စတာတွေဖြစ်ပြီး ဆယ်စုနှစ်အတွင်းမှာ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းရေးတည်ဆောက်လို့မရ တာအခုထိပါပဲ။” ဒါကြောင့် လူမျိုးစုတိုင်းရင်းသားရော၊ လူနည်းစုတိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှု မဖြစ်အောင် ဖိနှိပ်ခံရတဲ့ ငယ်ထိပ်ဖိခံရတဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်ခံရတဲ့ ယူဆနေတဲ့ တိုင်းရင်းသားတွေရဲ့ သမိုင်းကို သင်ရိုးညွန်းတမ်းထဲမှာ ဆောလျင်စွာ ထည့်သွင်း ပြဋ္ဌာန်းသင့်နေပြီ လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။ လူနည်းစု တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတို့တွေဟာ အရေးကြီးတဲ့ သမိုင်းတွေကိုယ်စီရှိကြကြောင်းနဲ့ ဒါကို သတိထားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ “သမိုင်းမှန်ကနေ သမိုင်းအကျန်ဖြစ်ပြီး သမိုင်းကွယ်ပျောက်သလို လူမျိုးကွယ်ပျောက်သွား မှာကို အရမ်းစိုးရိမ်ပါတယ်။ ” ဒါ့အပြင် အခု ကယားပြည်နယ်ကို အရင်က ကရင်နီပြည်နယ်လို့ ခေါ်ဆိုကြောင်းနဲ့ ကရင်နီပြည်နယ်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်နယ်ဖြစ်တယ်ဆိုတာ ၁၈၇၅ခုနှစ်၊ ဇွန်လ(၂၁) ရက်နေ့ ဘုရင်ခံမစ္စတာဖော်စစ်နှင့်ကင်းဝန်မင်းကြီးက ကရင်နီပြည်သည် သီးခြားလွတ်လပ်ပြီး ဖြစ်တဲ့အကြောင်းကို သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် အကြောင်းကိုလည်း တင်ပြခဲ့ပါတယ်။ ဒီသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာတွေကို နေပြည်တော်က မော်ကွန်းတိုက်ရဲ့ agreement regrding the indipendence of western karennee, 1875 စာချုပ်ကို တင်ပြခဲ့သလို နေပြည်တော်မော်ကွန်းတိုက်ရယူထာတဲ့ သမိုင်းမှတ်တမ်းတွေကိုလည်း ဒေါက်တာခင်စည်သူက လွတ်တော်အတွင်း တင်ပြခဲ့ပါတယ်။ “၁၉၄၇ ခုနှစ်မှာပင်လုံစာချုပ်မှာ ကရင်နီပြည်က လက်မှတ်မထိုးတားတာဟာ လွတ်လပ်ပြီးသား ပြည်နယ်တခုဖြစ်လို့ပါပဲ။ လက်မှတ်မထိုးပေမယ့် ကရင်နီပြည်ကိုယ်စားပြု ပုဂ္ဂိုလ် ၂ ယောက်က တက်ရောက်ခဲ့ပါတယ် စောဝဏ္ဏ နဲ့ စောသိန်းဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စောဝဏ္ဏဟာ ကျမဦးလေးဖြစ်သလို စောသိန်းက ကျမအဖေဖြစ်ပါတယ်။” ၁၈၇၅ ခုနှစ်လွတ်လပ်တဲ့ပြည်နယ်ဆိုတာ အသိမပေးမဖော်ပြပဲ လူကြီးရဲ့မိန့်ခွန်းထဲမှာ ကရင်နီပြည်က ပင်လုံစာချုပ်မှာ လက်မှတ်မထိုးဘူး၊ ဘယ်သူမှ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ မလာဘူးလို့ ပြောနေလို့ သင်ရိုးညွန်းတမ်းထဲမှာ ထည့်သွင်းပြဋ္ဌာန်းပေးဖို့ လေးလေးနက်နက် တိုက်တွန်းခဲ့ပါတယ်။ ပြည်သူတွေက နားမလည်ဘဲ ခံစားနေရတဲ့ လူမှုရေးပထဝီဖြစ်စဉ်အထူးသဖြင့် ထိလွယ်ရှလွယ်တဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့ထုံးစံအပြင် အဖြစ်မှန်သမိုင်းတွေကိုဖြည့်စွက်ပြဋ္ဌာန်းဖို့လည်း တိုက်တွန်း သွားပါတယ်။