Home
မြန်မာသတင်း
ပြင်ဦးလွင်-လားရှိုးကားလမ်းတွင် ရှော့တိုက်ဒုံးများတွေ့ရှိဟု တပ်မတော်ထုတ်ပြန်  
DVB
·
August 15, 2019
ပြင်ဦးလွင်-လားရှိုးကားလမ်း အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှာ ဘတ္ထရီအိုး၊ ဝါယာကြိုးတွေနဲ့ ချိတ်ဆက်ထားတဲ့ Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ၆ လုံး၊ ရှော့တိုက်ဒုံးတွေ ပစ်ခတ်ဖို့ အသင့်ပြုလုပ်ထားတဲ့ နေရာနဲ့ ဘတ္ထရီအိုး ၁ လုံးတို့ကို တွေ့ရှိတယ်လို့ တပ်မတော်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။  ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့နယ်တွေမှာ  သြဂုတ် ၁၅ရက်မနက်က AA၊ TNLA၊ MNDA ညီနောင် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ရဲ့ ဝင်ရောက်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်တာပါ။ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို အဆိုပါကျောင်းရဲ့ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်းရဲံ အရှေ့ဘက်ခြမ်းကနေ  ၁၀၇ မမ ရှော့တိုက်ဒုံးသီးနဲ့ တိုက်ခိုက်ခံခဲ့ရ တယ်လို့ဆိုပါတယ်။ ဒါ့အပြင် နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နဲ့ နယ်မြေခံ တပ်ရင်းဌာနချုပ်တခုတို့ကိုလည်း ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေမှာ တပ်မတော်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရပ်သားဝန်ထမ်း ၁ ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။ အေးရှားဝေါလ်တိုးဂိတ်နဲ့ အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်တို့ကိုလည်း မော်တော်ယာဉ် ၁ စီးပေါ်က အရပ်ဝတ် ဝတ်ဆင်ထားသူ ၂ ဦးက အာရ်ပီဂျီနဲ့ ပစ်ခတ်ခဲ့သလို နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နဲ့ နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကိုလည်း မနက် ၅ နာရီခွဲလောက်က တစ်ချိန်တည်းတပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်စစ်ကြောင်းတွေက   စစ်ကူတွေသွားရောက် ပူးပေါင်းခဲ့ပြီး ဆက်လက်နယ်မြေ ရှင်းလင်းခဲ့ကြောင်းနဲ့ နောင်ချိုမူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နဲ့ ဂုတ်တွင်းရဲကင်းစခန်းနေရာတွေမှာ  တပ်မတော် စစ်ကြောင်းတွေ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားနေတယ်လို့လည်း တပ်မတော် က သတင်းထုတ်ထားပါတယ်။
ျပင္ဦးလြင္-လားရႈိးကားလမ္းတြင္ ေရွာ့တိုက္ဒုံးမ်ားေတြ႕ရွိဟု တပ္မေတာ္ထုတ္ျပန္ DVB ျပင္ဦးလြင္-လားရႈိးကားလမ္း အေရွ႕ဘက္ျခမ္းရွိ ေတာင္ကုန္းေပၚမွာ ဘတၳရီအိုး၊ ဝါယာႀကိဳးေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ Type 63 ၁၀၇ မီလီမီတာ အမ်ိဳးအစားဒုံးသီး ၆ လုံး၊ ေရွာ့တိုက္ဒုံးေတြ ပစ္ခတ္ဖို႔ အသင့္ျပဳလုပ္ထားတဲ့ ေနရာနဲ႔ ဘတၳရီအိုး ၁ လုံးတို႔ကို ေတြ႕ရွိတယ္လို႔ တပ္မေတာ္က ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။ ျပင္ဦးလြင္ၿမိဳ႕နဲ႔ ေနာင္ခ်ိဳၿမိဳ႕နယ္ေတြမွာ  ၾသဂုတ္ ၁၅ရက္မနက္က AA၊ TNLA၊ MNDA ညီေနာင္ တိုင္းရင္းသားလက္နက္ကိုင္ မဟာမိတ္ ၃ ဖြဲ႕ရဲ႕ ဝင္ေရာက္ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္လိုက္တာပါ။ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္ကို အဆိုပါေက်ာင္းရဲ႕ အေရွ႕ဘက္ ျပင္ဦးလြင္-လားရႈိးကားလမ္းရဲံ အေရွ႕ဘက္ျခမ္းကေန  ၁၀၇ မမ ေရွာ့တိုက္ဒုံးသီးနဲ႔ တိုက္ခိုက္ခံခဲ့ရ တယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ ေနာင္ခ်ိဳၿမိဳ႕အထြက္ ျပင္ဦးလြင္တိုးဂိတ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္း ရဲစခန္း၊ ေက်ာက္မဲၿမိဳ႕အထြက္ ေနာင္ခ်ိဳတိုးဂိတ္၊ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္နဲ႔ နယ္ေျမခံ တပ္ရင္းဌာနခ်ဳပ္တခုတို႔ကိုလည္း ဒီေန႔မနက္ ၅ နာရီခြဲေလာက္မွာ လက္နက္ႀကီး/လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ဆိုပါတယ္။ အဆိုပါ တိုက္ခိုက္မႈေတြမွာ တပ္မေတာ္သား ၁ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ရပ္သားဝန္ထမ္း ၁ ဦး ေသဆုံးခဲ့တယ္လို႔ တပ္မေတာ္သတင္းမွာေဖာ္ျပပါတယ္။ ေအးရွားေဝါလ္တိုးဂိတ္နဲ႔ အဆိုပါတိုးဂိတ္ရွိ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္တို႔ကိုလည္း ေမာ္ေတာ္ယာဥ္ ၁ စီးေပၚက အရပ္ဝတ္ ဝတ္ဆင္ထားသူ ၂ ဦးက အာရ္ပီဂ်ီနဲ႔ ပစ္ခတ္ခဲ့သလို ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္းရဲကင္းစခန္း၊ ေက်ာက္မဲသို႔အထြက္ ေနာင္ခ်ိဳတိုးဂိတ္နဲ႔ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္တို႔ကိုလည္း မနက္ ၅ နာရီခြဲေလာက္က တစ္ခ်ိန္တည္းတၿပိဳင္တည္း တိုက္ခိုက္ခဲ့တာလို႔ဆိုပါတယ္။ တိုက္ခိုက္ခံရၿပီးေနာက္ တပ္မေတာ္စစ္ေၾကာင္းေတြက   စစ္ကူေတြသြားေရာက္ ပူးေပါင္းခဲ့ၿပီး ဆက္လက္နယ္ေျမ ရွင္းလင္းခဲ့ေၾကာင္းနဲ႔ ေနာင္ခ်ိဳမူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္နဲ႔ ဂုတ္တြင္းရဲကင္းစခန္းေနရာေတြမွာ  တပ္မေတာ္ စစ္ေၾကာင္းေတြ ထိေတြ႕တိုက္ခိုက္မႈ ျဖစ္ပြားေနတယ္လို႔လည္း တပ္မေတာ္ က သတင္းထုတ္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024