A d v e r t i s e m e n t With Us

ကက်ရှ်မီးယားဒေသကို စစ်ရေးအရ ဝင်ရောက်ရန် အိန္ဒိယစီစဉ်နေဟု ပါကစ္စတန်ဝန်ကြီးချုပ် စွပ်စွဲ

အငြင်းပွား ကက်ရှ်မီးယားဒေသမှာ အိန္ဒိယက စစ်ရေးအရဝင်ရောက်ဖို့ စီစဉ်နေတယ်ဆိုပြီး ပါကစ္စတန် ဝန်ကြီးချုပ် အီမာခန်းက သြဂုတ် ၁၄ ရက်နေ့မှာ စွပ်စွဲ ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် အီမာခန်းဟာ ရာထူးလက်ခံပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန် ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသကို သွားရောက်ခဲ့တာပါ။ ပါကစ္စတန် လွတ်လပ်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှာ အီမာခန်းက “အိန္ဒိယအစိုးရဟာ ကက်ရှ်မီးယားဒေသက သူတို့လုပ်ရပ်အပေါ် အာရုံလွှဲဖို့ ပိုမိုဆိုးရွားတဲ့ အစီအစဉ်ကို ကြံစည်နေသလို အဇက်ကက်ရှ်မီးယားကို စစ်ရေးအရဝင်ဖို့ ကြံစည်နေတယ်” လို့ ပြောကြားခဲ့ပါတယ်ု အိန္ဒိယဘက်က ထွက်ပြေးလာတဲ့ ကက်ရှ်မီးယား ဒေသခံတွေကလည်း အိန္ဒိယအစိုးရကို စစ်ရေးအရ အရေးယူဖို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အဲဒီဒုက္ခသည် အတော်များများဟာ ပါကစ္စတန် ထိန်းချုပ်တဲ့ဘက်မှာ စခန်းချပြီး နှစ်အတော်ကြာ နေထိုင်နေတာပါ။ အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ အထူးအဆင့်အတန်း ရုပ်သိမ်းလိုက်တဲ့အပေါ် သူတို့က ဒေါသဖြစ်နေတာပါ။ အိန္ဒိယနိုင်ငံဟာ လူဦးရေများတဲ့ ကက်ရှ်မီးယားတောင်ကြားနဲ့ ဂျမူးမြို့ဝန်းကျင်က ဟိန္ဒူကြီးစိုးရာဒေသကို အုပ်ချုပ်ပြီး ပါကစ္စတန်နိုင်ငံကတော့ အနောက်ဘက် အဇက်ကက်ရှ်မီးယားကို အုပ်ချုပ်တာပါ။ တရုတ်နိုင်ငံကတော့ မြောက်ပိုင်း လူဦးရေကျဲတဲ့ ကုန်းမြင့်ဒေသကို အုပ်ချုပ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
Zawgyi Version ကက္ရွ္မီးယားေဒသကို စစ္ေရးအရ ဝင္ေရာက္ရန္ အိႏၵိယစီစဥ္ေနဟု ပါကစၥတန္ဝန္ႀကီးခ်ဳပ္ စြပ္စြဲ DVB အျငင္းပြား ကက္ရွ္မီးယားေဒသမွာ အိႏိၵယက စစ္ေရးအရဝင္ေရာက္ဖို႔ စီစဥ္ေနတယ္ဆိုၿပီး ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ အီမာခန္းက ၾသဂုတ္ ၁၄ ရက္ေန႔မွာ စြပ္စြဲ ေျပာလိုက္ပါတယ္။ ဝန္ႀကီးခ်ဳပ္ အီမာခန္းဟာ ရာထူးလက္ခံၿပီးေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ပါကစၥတန္ ထိန္းခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသကို သြားေရာက္ခဲ့တာပါ။ ပါကစၥတန္ လြတ္လပ္ေရးေန႔ အခမ္းအနား မိန္႔ခြန္းမွာ အီမာခန္းက “အိႏိၵယအစိုးရဟာ ကက္ရွ္မီးယားေဒသက သူတို႔လုပ္ရပ္အေပၚ အာရံုလႊဲဖို႔ ပိုမိုဆိုးရြားတဲ့ အစီအစဥ္ကို ႀကံစည္ေနသလို အဇက္ကက္ရွ္မီးယားကို စစ္ေရးအရဝင္ဖို႔ ႀကံစည္ေနတယ္” လို႔ ေျပာၾကားခဲ့ပါတယ္ု အိႏိၵယဘက္က ထြက္ေျပးလာတဲ့ ကက္ရွ္မီးယား ေဒသခံေတြကလည္း အိႏိၵယအစိုးရကို စစ္ေရးအရ အေရးယူဖို႔ ေတာင္းဆို ဆႏၵျပခဲ့ပါတယ္။ အဲဒီဒုကၡသည္ အေတာ္မ်ားမ်ားဟာ ပါကစၥတန္ ထိန္းခ်ဳပ္တဲ့ဘက္မွာ စခန္းခ်ၿပီး ႏွစ္အေတာ္ၾကာ ေနထိုင္ေနတာပါ။ အိႏိၵယထိန္းခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသမွာ အထူးအဆင့္အတန္း ႐ုပ္သိမ္းလိုက္တဲ့အေပၚ သူတို႔က ေဒါသျဖစ္ေနတာပါ။ အိႏိၵယႏိုင္ငံဟာ လူဦးေရမ်ားတဲ့ ကက္ရွ္မီးယားေတာင္ၾကားနဲ႔ ဂ်မူးၿမိဳ႕ဝန္းက်င္က ဟိႏၵဴႀကီးစိုးရာေဒသကို အုပ္ခ်ဳပ္ၿပီး ပါကစၥတန္ႏိုင္ငံကေတာ့ အေနာက္ဘက္ အဇက္ကက္ရွ္မီးယားကို အုပ္ခ်ဳပ္တာပါ။ တ႐ုတ္ႏိုင္ငံကေတာ့ ေျမာက္ပိုင္း လူဦးေရက်ဲတဲ့ ကုန္းျမင့္ေဒသကို အုပ္ခ်ဳပ္တယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up