A d v e r t i s e m e n t With Us

ရလဒ်ဆိုးရွားခဲ့မှုများက ယခုရာသီတွင် မန်ယူကို ပိုကောင်းစေဟု ရက်ရှ်ဖို့ဒ် ပြော

ပြီးခဲ့တဲ့ရာသီမှာ ရလဒ်ဆိုးရွားခဲ့တာတွေက အခုနှစ်ရာသီမှာ ပိုကောင်းလာစေခဲ့တယ်လို့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောလိုက်ပါတယ်။ မန်ယူအသင်းဟာ မနှစ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့ပြီး အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့ရတာပါ။ ခြေစွမ်းမတည်မငြိမ် ဖြစ်ခဲ့တာတွေက အခုနှစ်ရာသီမှာ ပိုကောင်းလာစေဖို့အတွက် စည်းလုံးညီညွတ်မှု ရစေခဲ့တယ်လို့ ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလို မဖြစ်ချင်တော့တဲ့စိတ်က ကစားသမားအားလုံးရဲ့ ရင်ထဲမှာ ရှိနေခဲ့ပြီး နေ့တိုင်း အဆင်သင့်ဖြစ်နေဖို့ ကြိုးစားခဲ့တယ်လို့လည်း ရက်ရှ်ဖို့ဒ်က ဆက်ပြောပါတယ်။ မန်ယူအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ပြိုင်ဘက် ချဲလ်ဆီးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အဖွင့်လှခဲ့တာ ဖြစ်ပါတယ်။
Zawgyi Version ရလဒ္ဆိုး႐ြားခဲ့မႈမ်ားက ယခုရာသီတြင္ မန္ယူကို ပိုေကာင္းေစဟု ရက္ရွ္ဖို႔ဒ္ ေျပာ DVB ၿပီးခဲ့တဲ့ရာသီမွာ ရလဒ္ဆိုး႐ြားခဲ့တာေတြက အခုႏွစ္ရာသီမွာ ပိုေကာင္းလာေစခဲ့တယ္လို႔ မန္ယူတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္က ေျပာလိုက္ပါတယ္။ မန္ယူအသင္းဟာ မႏွစ္က ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ရလဒ္ဆိုး႐ြားခဲ့ၿပီး အဆင့္ ၆ ေနရာနဲ႔ ရာသီသိမ္းခဲ့ရတာပါ။ ေျခစြမ္းမတည္မၿငိမ္ ျဖစ္ခဲ့တာေတြက အခုႏွစ္ရာသီမွာ ပိုေကာင္းလာေစဖို႔အတြက္ စည္းလုံးညီၫြတ္မႈ ရေစခဲ့တယ္လို႔ ရက္ရွ္ဖို႔ဒ္က ဆိုပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကလို မျဖစ္ခ်င္ေတာ့တဲ့စိတ္က ကစားသမားအားလုံးရဲ႕ ရင္ထဲမွာ ရွိေနခဲ့ၿပီး ေန႔တိုင္း အဆင္သင့္ျဖစ္ေနဖို႔ ႀကိဳးစားခဲ့တယ္လို႔လည္း ရက္ရွ္ဖို႔ဒ္က ဆက္ေျပာပါတယ္။ မန္ယူအသင္းဟာ အခုႏွစ္ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကို ၄ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရၿပီး အဖြင့္လွခဲ့တာ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up