Home
မြန်မာသတင်း
မင်းပြားတွင် တပ်မတော်စစ်ကြောင်းကို အေအေ မိုင်းခွဲတိုက်ခိုက်
DVB
·
August 15, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းကျေးရွာနဲ့ နရမ်းကျေးရွာအကြား ရာမောင် တံတားအနီးမှာ သြဂုတ် ၁၄ ရက် နေ့လည်ပိုင်းက မြန်မာ့တပ်မတော် စစ်ကြောင်းတခုကို ရက္ခိုင့်တပ်တော် (အေအေ)က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်ယာဉ်တန်းဟာ ရာမောင်တံတားအနီးက နရန်းရွာနားကို အရောက်မှာ မိုင်း ၂ နှစ်လုံးပေါက်ကွဲ သွားတာဖြစ်ပြီး ဘာအထိခိုက်မှ မရှိခဲ့ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒါတိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ အဲဒီနားမှာ မိုင်း ၂ လုံးကွဲတာပဲရှိတယ်။ ကျနော်တို့ အဲဒီမှာ အုပ်ချုပ်မှူးယာဉ်တန်းနှစ်ခုပေါ့ မင်းပြားဘက်ကိုသွားတာရှိတယ်။ အေအေက ရီမုမိုင်းနှစ်လုံး ဖောက်ခွဲတာရှိတယ်။ ဘာမှမဖြစ်ဘူး။ အုပ်ချုပ်ရေးမှူးယာဉ်တန်းဆိုတာ ကျနော်တို့ တပ်မတော်က အုပ်ချုပ်ရေးမှူးယာဉ်ကိုပြောတာ”လို့ပြောပါတယ်။ အဆိုပါမိုင်းခွဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့  တပ်မတော်ဘက်က ပြောပေမယ့် စစ်ကားနှစ်စီးမှာပါလာတဲ့ စစ်သည် ၃၀ လောက်သေဆုံးတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က သတင်းထုတ်ပြန်ထားပါတယ်။  အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “စစ်ပစ္စည်းတွေသယ်ဆောင်လာတဲ့ ဗမာစစ်တပ်ကို ကျနော်တို့ဟန်တား တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲ့ဒီမှာစစ်ကားနှစ်စီး ပျက်စီးသွားတယ်။ စစ်ကားနှစ်စီးပေါ်မှာပါလာတဲ့စစ်သားတွေကျတယ်။ ပြီးတော့ တော်တော်ဒဏ်ရာရတာ များတယ်။”လို့ပြောပါတယ်။ စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်ကား ၅ စီးပါတဲ့ ယာဉ်တန်းကို ဟန့်တားတိုက်ခိုက်ရာ အချိန် ၁ နာရီလောက်ကြာအောင် ရွာတွင်း ပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြတယ်လို့လည်း အေအေက ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေကတော့ မိုင်းပေါက်ကွဲပြီးနောက်မှာ တပ်မတော်က ပစ်ခတ်ခဲ့တာ ကြောင့် ရွာအတွင်းက ဘုန်းကြီးကျောင်းနဲ့ နေ အိမ်တချို့ပေါ်ကို လက်နက်ကျည်တွေ ကျရောက်ခဲ့ပြီး အနည်းငယ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီနောက်မှာတော့ မင်းပြားကနေ ပေါက်တော ဘက်ကိုသွားတဲ့လမ်းမှာ တပ်မတော်က ဒေသခံတွေရဲ့ သွားလာမှုကို ပိတ်ဆို့ထားတယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။ “မိုင်းနှစ်လုံးဖေါက်တာက ဘယ်သူဖောက်မှန်း မသိလိုက်ဘူး။ ဝုန်းခနဲဆိုတာနဲ့ စစ်သားတွေက ကြောက်ပြီးတော့ပစ်ကြတာ။ အပြန် အလှန်ပစ်တာကမရှိဘူး။ မနေ့က ပစ်ခတ်တော့ ဘုန်းကြီးကျောင်းမှာ နည်းနည်းထိတာရှိတယ်။ ဖြစ်ပြီးတော့ သူတို့က အခု (ပေါက်တောကိုသွားတဲ့) ကျားရေပြင်ဖက်ကို မသွားရတော့ဘူး”လို့ အခင်းဖြစ်တဲ့နေရာကို သွားရောက်ခဲ့သူတဦးက ပြောပါတယ်။ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ဟာ လတ်တလော မင်းပြားမြို့နယ်အတွင်းမှာ ထိပ်တိုက်တွေ့မှုတွေ များပြား နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ တပ်မတော်က ပြောထားပါတယ်။ အဲဒီလို နယ်မြေရှင်းလင်းမှုတွေအတွင်း တပ်မတော်က မင်းပြားက ရွာ ၃၀ လောက်ကို သွားလာခွင့်ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ ဆေးဝါးအပါအဝင် စားနပ်ရိက္ခာပြတ်လပ်နေ ကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစတင်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိမှာတော့ မင်းပြားမြို့နယ်အပါအဝင် ရခိုင်ပြည်နယ် ၈ မြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀၀၀လောက် ရှိလာနေပါတယ်။ ဝဏ္ဏခွာညို
မင္းျပားတြင္ တပ္မေတာ္စစ္ေၾကာင္းကို ေအေအ မိုင္းခြဲတိုက္ခိုက္ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ေခါင္းေလာင္းေက်း႐ြာနဲ႔ နရမ္းေက်း႐ြာအၾကား ရာေမာင္ တံတားအနီးမွာ ၾသဂုတ္ ၁၄ ရက္ ေန႔လည္ပိုင္းက ျမန္မာ့တပ္မေတာ္ စစ္ေၾကာင္းတခုကို ရကၡိဳင့္တပ္ေတာ္ (ေအေအ)က မိုင္းခြဲတိုက္ခိုက္ခဲ့ပါတယ္။ တပ္မေတာ္ယာဥ္တန္းဟာ ရာေမာင္တံတားအနီးက နရန္း႐ြာနားကို အေရာက္မွာ မိုင္း ၂ ႏွစ္လုံးေပါက္ကြဲ သြားတာျဖစ္ၿပီး ဘာအထိခိုက္မွ မရွိခဲ့ဘူးလို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ဒီဗြီဘီကို ေျပာပါတယ္။ “အဲဒါတိုက္ပြဲျဖစ္တာ မဟုတ္ဘူး။ အဲဒီနားမွာ မိုင္း ၂ လုံးကြဲတာပဲရွိတယ္။ က်ေနာ္တို႔ အဲဒီမွာ အုပ္ခ်ဳပ္မႉးယာဥ္တန္းႏွစ္ခုေပါ့ မင္းျပားဘက္ကိုသြားတာရွိတယ္။ ေအေအက ရီမုမိုင္းႏွစ္လုံး ေဖာက္ခြဲတာရွိတယ္။ ဘာမွမျဖစ္ဘူး။ အုပ္ခ်ဳပ္ေရးမႉးယာဥ္တန္းဆိုတာ က်ေနာ္တို႔ တပ္မေတာ္က အုပ္ခ်ဳပ္ေရးမႉးယာဥ္ကိုေျပာတာ”လို႔ေျပာပါတယ္။ အဆိုပါမိုင္းခြဲတိုက္ခိုက္မႈမွာ ထိခိုက္ဒဏ္ရာရတာမရွိဘူးလို႔ တပ္မေတာ္ဘက္က ေျပာေပမယ့္ စစ္ကားႏွစ္စီးမွာပါလာတဲ့ စစ္သည္ ၃၀ ေလာက္ေသဆုံးတယ္လို႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)က သတင္းထုတ္ျပန္ထားပါတယ္။ ေအေအျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက “စစ္ပစၥည္းေတြသယ္ေဆာင္လာတဲ့ ဗမာစစ္တပ္ကို က်ေနာ္တို႔ဟန္တား တိုက္ခိုက္ခဲ့တာ ရွိတယ္။ အဲ့ဒီမွာစစ္ကားႏွစ္စီး ပ်က္စီးသြားတယ္။ စစ္ကားႏွစ္စီးေပၚမွာပါလာတဲ့စစ္သားေတြက်တယ္။ ၿပီးေတာ့ ေတာ္ေတာ္ဒဏ္ရာရတာ မ်ားတယ္။”လို႔ေျပာပါတယ္။ စစ္ပစၥည္းေတြ သယ္ေဆာင္လာတဲ့ စစ္ကား ၅ စီးပါတဲ့ ယာဥ္တန္းကို ဟန႔္တားတိုက္ခိုက္ရာ အခ်ိန္ ၁ နာရီေလာက္ၾကာေအာင္ ႐ြာတြင္း ပစ္ခတ္မႈေတြ ျပဳလုပ္ေနခဲ့ၾကတယ္လို႔လည္း ေအေအက ထုတ္ျပန္ထားပါတယ္။ ေဒသခံေတြကေတာ့ မိုင္းေပါက္ကြဲၿပီးေနာက္မွာ တပ္မေတာ္က ပစ္ခတ္ခဲ့တာ ေၾကာင့္ ႐ြာအတြင္းက ဘုန္းႀကီးေက်ာင္းနဲ႔ ေန အိမ္တခ်ိဳ႕ေပၚကို လက္နက္က်ည္ေတြ က်ေရာက္ခဲ့ၿပီး အနည္းငယ္ပ်က္စီးမႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္မွာေတာ့ မင္းျပားကေန ေပါက္ေတာ ဘက္ကိုသြားတဲ့လမ္းမွာ တပ္မေတာ္က ေဒသခံေတြရဲ႕ သြားလာမႈကို ပိတ္ဆို႔ထားတယ္လို႔ လည္းေဒသခံေတြက ေျပာပါတယ္။ “မိုင္းႏွစ္လုံးေဖါက္တာက ဘယ္သူေဖာက္မွန္း မသိလိုက္ဘူး။ ဝုန္းခနဲဆိုတာနဲ႔ စစ္သားေတြက ေၾကာက္ၿပီးေတာ့ပစ္ၾကတာ။ အျပန္ အလွန္ပစ္တာကမရွိဘူး။ မေန႔က ပစ္ခတ္ေတာ့ ဘုန္းႀကီးေက်ာင္းမွာ နည္းနည္းထိတာရွိတယ္။ ျဖစ္ၿပီးေတာ့ သူတို႔က အခု (ေပါက္ေတာကိုသြားတဲ့) က်ားေရျပင္ဖက္ကို မသြားရေတာ့ဘူး”လို႔ အခင္းျဖစ္တဲ့ေနရာကို သြားေရာက္ခဲ့သူတဦးက ေျပာပါတယ္။ ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ျမန္မာ့တပ္မေတာ္တို႔ဟာ လတ္တေလာ မင္းျပားၿမိဳ႕နယ္အတြင္းမွာ ထိပ္တိုက္ေတြ႕မႈေတြ မ်ားျပား ေနတာေၾကာင့္ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနတယ္လို႔ တပ္မေတာ္က ေျပာထားပါတယ္။ အဲဒီလို နယ္ေျမရွင္းလင္းမႈေတြအတြင္း တပ္မေတာ္က မင္းျပားက ႐ြာ ၃၀ ေလာက္ကို သြားလာခြင့္ပိတ္ဆို႔ထားတာေၾကာင့္ ေဒသခံေတြ ေဆးဝါးအပါအဝင္ စားနပ္ရိကၡာျပတ္လပ္ေန ၾကတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကစတင္ခဲ့တဲ့ ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ လက္ရွိမွာေတာ့ မင္းျပားၿမိဳ႕နယ္အပါအဝင္ ရခိုင္ျပည္နယ္ ၈ ၿမိဳ႕နယ္မွာ စစ္ေဘးေရွာင္ ၆၀၀၀၀ေလာက္ ရွိလာေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024