A d v e r t i s e m e n t With Us

အမေရိကန်တွင် မူးယစ်ဆေးဝါး စီးနင်းမှုတခုအတွင်း ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၆ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဖီလာဒယ်လ်ဖီးယားမြို့မှာ သြဂုတ် ၁၄ ရက်က မူးယစ်ဆေးဆိုင်ရာ စီးနင်းမှုတခုအတွင်း ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၆ ယောက် သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ အရာရှိ ၂ ယောက် အိမ်ထဲမှာ ပိတ်မိနေဆဲမို့ ပစ်ခတ်သူ လက်နက်ချဖို့ ညှိနှိုင်းနေတယ်လို့ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။ ၃ နာရီကြာ အချေအတင် ဖြစ်နေခဲ့ပြီး ဒဏ်ရာရသူတွေအားလုံး အခြေအနေ တည်ငြိမ်တယ်၊ ဒဏ်ရာတွေက အသက်အန္တရာယ် မရှိဘူးလို့ ရဲက ပြောပါတယ်။ ရဲတွေက ဖီလာဒယ်လ်ဖီးယားမြို့ မြောက်ပိုင်းက အိမ်တလုံးကို မူးယစ်ဆေးဆိုင်ရာ ဝရမ်းနဲ့ ညနေ လေးနာရီခွဲလောက်မှာ ဝင်စီးခဲ့တာပါ။ အမျိုးသား သေနတ်သမားက အိမ်ထဲဝင်ပြီး အရာရှိတွေကို ပစ်ခတ်ခဲ့ပါတယ်။ ရဲအများအပြားက ကျည်ဆံတွေကို ရှောင်ဖို့ ပြတင်းပေါက်တွေ တံခါးတွေကနေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ရဲကော်မရှင်နာမင်းကြီး ရစ်ချတ် ရော့စ်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။ သေနတ်သမားက အိမ်အပြင်မှာ ရပ်ထားတဲ့ ရဲအထူးတပ်ဖွဲ့ရဲ့ ကုန်ကားကိုလည်း ပစ်ခတ်ခဲ့ပါသေးတယ်။ ပစ်ခတ်သူတယောက်ထက် ပိုလားဆိုတာကိုတော့ အတည်ပြုဖို့ သူက ငြင်းပါတယ်။ ရဲအရာရှိ ၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းထားပြီး အလျှော့ပေးမယ့် အရိပ်အယောင်တော့ မတွေ့ရသေးဘူး၊ သေနတ်သံတွေ ကြားနေရသေးလို့ သူအသက်ရှင်လျက် ရှိသေးတယ်ဆိုတာ မေးခွန်းထုတ်ဖို့တောင် မလိုဘူးလို့ သူက ဆက်ပြောပါတယ်။ သေနတ်ပစ်ခတ်သံတွေ ရာနဲ့ချီ ဆူညံနေလို့ ဒေသခံတွေ အိမ်ထဲမှာ နေကြဖို့နဲ့ ပစ်ခတ်နေတဲ့ နေရာကို ရှောင်ရှားကြဖို့ ရဲက ဒေသခံတွေကို ပြောထားပါတယ်။ ပစ်ခတ်သူက ဒီဖြစ်ရပ်ကို ဖေ့စ်ဘွတ်ပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်မှုအကြောင်း အကျဉ်းချုပ် တင်ပြထားတယ်၊ အခြေအနေကို စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။
Zawgyi Version အေမရိကန္တြင္ မူးယစ္ေဆးဝါး စီးနင္းမႈတခုအတြင္း ပစ္ခတ္မႈျဖစ္၊ ရဲအရာရွိ ၆ ဦး ဒဏ္ရာရ DVB အေမရိကန္ႏိုင္ငံ ဖီလာဒယ္လ္ဖီးယားၿမိဳ႕မွာ ၾသဂုတ္ ၁၄ ရက္က မူးယစ္ေဆးဆိုင္ရာ စီးနင္းမႈတခုအတြင္း ပစ္ခတ္မႈေၾကာင့္ ရဲအရာရွိ ၆ ေယာက္ ေသနတ္ထိမွန္ ဒဏ္ရာရခဲ့ပါတယ္။ အရာရွိ ၂ ေယာက္ အိမ္ထဲမွာ ပိတ္မိေနဆဲမို႔ ပစ္ခတ္သူ လက္နက္ခ်ဖို႔ ညိႇႏိႈင္းေနတယ္လို႔ ရဲတပ္ဖြဲ႔ဝင္က ေျပာပါတယ္။ ၃ နာရီၾကာ အေခ်အတင္ ျဖစ္ေနခဲ့ၿပီး ဒဏ္ရာရသူေတြအားလံုး အေျခအေန တည္ၿငိမ္တယ္၊ ဒဏ္ရာေတြက အသက္အႏၲရာယ္ မရွိဘူးလို႔ ရဲက ေျပာပါတယ္။ ရဲေတြက ဖီလာဒယ္လ္ဖီးယားၿမိဳ႕ ေျမာက္ပိုင္းက အိမ္တလံုးကို မူးယစ္ေဆးဆိုင္ရာ ဝရမ္းနဲ႔ ညေန ေလးနာရီခြဲေလာက္မွာ ဝင္စီးခဲ့တာပါ။ အမ်ိဳးသား ေသနတ္သမားက အိမ္ထဲဝင္ၿပီး အရာရွိေတြကို ပစ္ခတ္ခဲ့ပါတယ္။ ရဲအမ်ားအျပားက က်ည္ဆံေတြကို ေရွာင္ဖို႔ ျပတင္းေပါက္ေတြ တံခါးေတြကေန ထြက္ေျပးလြတ္ေျမာက္ခဲ့တယ္လို႔ ရဲေကာ္မရွင္နာမင္းႀကီး ရစ္ခ်တ္ ေရာ့စ္က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာပါတယ္။ ေသနတ္သမားက အိမ္အျပင္မွာ ရပ္ထားတဲ့ ရဲအထူးတပ္ဖြဲ႔ရဲ႕ ကုန္ကားကိုလည္း ပစ္ခတ္ခဲ့ပါေသးတယ္။ ပစ္ခတ္သူတေယာက္ထက္ ပိုလားဆိုတာကိုေတာ့ အတည္ျပဳဖို႔ သူက ျငင္းပါတယ္။ ရဲအရာရွိ ၂ ေယာက္ကို ဓားစာခံအျဖစ္ ဖမ္းထားၿပီး အေလွ်ာ့ေပးမယ့္ အရိပ္အေယာင္ေတာ့ မေတြ႔ရေသးဘူး၊ ေသနတ္သံေတြ ၾကားေနရေသးလို႔ သူအသက္ရွင္လ်က္ ရွိေသးတယ္ဆိုတာ ေမးခြန္းထုတ္ဖို႔ေတာင္ မလိုဘူးလို႔ သူက ဆက္ေျပာပါတယ္။ ေသနတ္ပစ္ခတ္သံေတြ ရာနဲ႔ခ်ီ ဆူညံေနလို႔ ေဒသခံေတြ အိမ္ထဲမွာ ေနၾကဖို႔နဲ႔ ပစ္ခတ္ေနတဲ့ ေနရာကို ေရွာင္ရွားၾကဖို႔ ရဲက ေဒသခံေတြကို ေျပာထားပါတယ္။ ပစ္ခတ္သူက ဒီျဖစ္ရပ္ကို ေဖ့စ္ဘြတ္ေပၚကေန တိုက္႐ိုက္ ထုတ္လႊင့္ေနတယ္ဆိုတဲ့ အစီရင္ခံစာေတြလည္း ထြက္ေပၚေနပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ပစ္ခတ္မႈအေၾကာင္း အက်ဥ္းခ်ဳပ္ တင္ျပထားတယ္၊ အေျခအေနကို ေစာင့္ၾကည့္ေနတယ္လို႔ အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up