၇၂နှစ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား ပေါင်မြို့တွင်ကျင်းပ

၇၂နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်သုသာန်မှာ ဒီကနေ့ သြဂုတ် ၁၅ ရက် မနက်က ကျင်းပပါတယ်။
အဲ့ဒီအခမ်းအနားမှာ ပေါင်မြို့နယ်အတွင်းရှိ မွန်တိုင်းသားတွေ ၅၀ကျော်က နိုင်ငံတော်အလံ အလေးပြုကာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုခဲ့ကြပြီး အမှတ်တရစကား ပြောကြားခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်တိုင်းရင်းသားတွေအတွက် ပြည်နယ်အဆင့် သီးခြားသတ်မှတ် ဖော်ထုတ်ပေးဖို့နဲ့ တန်းတူညီမျှမှု ရရှိစေဖို့အတွက် ဖဆပလအစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် တောင်းဆိုချက်တွေ မရခဲ့လို့ မွန်မျိုးချစ်လူငယ် ၂၇ ဦးက ဦးဆောင်ကာ ၁၉၄၈၊ ဇူလိုင် ၂၀ ရက် (မြန်မာသက္ကရာဇ် ၁၃၁ဝ ခုနှစ်၊ ဝါခေါင်လပြည့်နေ့) မနက်ပိုင်းမှာ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ ကာကွယ်ရေး စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာက မွန်တော်လှန်ရေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း- ယူမင်းစိုး
၇၂ႏွစ္ေျမာက္ မြန္ေတာ္လွန္ေရးေန႔အခမ္းအနား ေပါင္ၿမိဳ႕တြင္က်င္းပ
DVB
၇၂ႏွစ္ေျမာက္ မြန္ေတာ္လွန္ေရးေန႔ အခမ္းအနားကို မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕၊ မိုးႏိုင္းရပ္ကြက္၊ စြယ္ေတာ္သုသာန္မွာ ဒီကေန႔ ၾသဂုတ္ ၁၅ ရက္ မနက္က က်င္းပပါတယ္။
အဲ့ဒီအခမ္းအနားမွာ ေပါင္ၿမိဳ႕နယ္အတြင္းရွိ မြန္တိုင္းသားေတြ ၅၀ေက်ာ္က ႏိုင္ငံေတာ္အလံ အေလးျပဳကာ က်ဆုံးခဲ့တဲ့ အာဇာနည္ေခါင္းေဆာင္ေတြကို အေလးျပဳခဲ့ၾကၿပီး အမွတ္တရစကား ေျပာၾကားခဲ့ၾကပါတယ္။
၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးေနာက္ မြန္တိုင္းရင္းသားေတြအတြက္ ျပည္နယ္အဆင့္ သီးျခားသတ္မွတ္ ေဖာ္ထုတ္ေပးဖို႔နဲ႔ တန္းတူညီမွ်မႈ ရရွိေစဖို႔အတြက္ ဖဆပလအစိုးရထံ ဥပေဒေဘာင္အတြင္း ႏွစ္ရွည္လမ်ား ေတာင္းဆိုခဲ့ပါတယ္။
ဒါေပမယ့္ ေတာင္းဆိုခ်က္ေတြ မရခဲ့လို႔ မြန္မ်ိဳးခ်စ္လူငယ္ ၂၇ ဦးက ဦးေဆာင္ကာ ၁၉၄၈၊ ဇူလိုင္ ၂၀ ရက္ (ျမန္မာသကၠရာဇ္ ၁၃၁ဝ ခုႏွစ္၊ ဝါေခါင္လျပည့္ေန႔) မနက္ပိုင္းမွာ ဘားအံၿမိဳ႕နယ္ ဇာသျပင္ေက်း႐ြာရွိ ကာကြယ္ေရး စခန္းကို တိုက္ခိုက္သိမ္းပိုက္ခဲ့ရာက မြန္ေတာ္လွန္ေရးကို စတင္ခဲ့တာ ျဖစ္ပါတယ္။
သတင္း- ယူမင္းစိုး