နောင်ချိုမူးယစ်ဂိတ်အနီး အပစ်ခံရမှုတွင် အနည်းဆုံး ၃ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ

1.5K
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ပြင်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ် နားမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားပါတယ်။
သေဆုံးသူ ၃ ဦးမှာ တပ်မတော်သား ၂ ဦး နဲ့ အရပ်သား ၁ ဦးတို့ဖြစ်ကြောင်း၊ အဆိုပါ အရပ်သားမှာ ဆိုင်ကယ်ရော လူပါ မီးရှို့ခံရပြီး၊ ဒဏ်ရာရသူ ၆ ဦးကတော့ ကားသမား၊ ယာဉ်နောက်လိုက်နဲ့ အေးရှား ဝေါဂိတ်က ဝန်ထမ်းတွေဖြစ်တယ်လို့ သေဆုံးဒဏ်ရာရသူတွေကို သွားရောက်ကူညီခဲ့တဲ့ နောင်ချိုဖြူ စင်မေတ္တာလူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချိုတူးက ဒီဗွီဘီကို ပြောပါတယ် ။
“ကျနော်တို့ အခင်းဖြစ်တဲ့နေရာကို မနက် ၈ နာရီကျော်မှာ ရောက်သွားပါတယ်။ အလောင်းအဖြစ်နဲ့ ဆေးရုံကို သယ်ပေးလိုက်တာ ၃ လောင်းပါ။ ရဲဘော် ၂ ယောက်နဲ့ အရပ်သားက ၁ ယောက်ပေါ့။ အရပ်သားက ဦးသောင်းဌေးဆိုတဲ့ ကုန်တင်ကုန်ချအလုပ်သမားပါ၊ သူက ဆိုင်ကယ်နဲ့အတူ တိုးဂိတ်မှာ ရှိနေတုန်း မီးရှို့အသတ်ခံရတာ။ ဒဏ်ရာရထားတဲ့သူတွေကတော့ အရပ်သားတွေပါ ၊ စုစုပေါင်း ၆ ယောက် ၊ ကားမောင်းသမား ၁ ယောက်ပါ တယ်၊ယာဉ်နောက်လိုက် ၁ ယောက်ပါတယ်။ ဈေး သည် ၁ ယောက်ရယ် ။ သူတို့က ဒူးခေါင်း နဲ့ ပေါင်တွေမှာ ဒဏ်ရာရတယ် ။ နောက်ပြီးတော့ ဒဏ်ရာ သိပ်မပြင်းထန်တဲ့ အေးရှားဝေါ OHC ဂိတ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေပါ ၃ ယောက်ပါ။ သူတို့အားလုံးကို နောင်ချိုဆေးရုံ ပို့ထားပါတယ်ခင်ဗျ။”
လောလောဆယ် တပ်မတော်သားတွေက အဆိုပါနေရာတဝိုက်နဲ့ ဂုတ်တွင်းဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ ဂုတ်တွင်းဘက်မှာ မိုင်းကွဲသံတွေကြားနေရပြီး ထိခိုက်ဒဏ်ရာ ရသူတွေရှိပါက အမြန်ဆုံးဆေးရုံခေါ်သွားနိုင်ဖို့ နောက်ထပ်လူနာတင်ကားနဲ့ ဂုတ်တွင်းအထက် ဘက်ကနေ အသင့်စောင့်ဆိုင်းနေတယ်လို့ ဦးချိုတူးက ပြောပါတယ်။
နောက်ဆုံးရအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းလို့မရသေးပေမယ့် လူမှုကွန်ရက်မှာတော့ ဂုတ်တွင်းရဲကင်းစခန်းအပစ်ခံရပြီး ထိခိုက်ဒဏ်ရာရသူပုံတွေ၊ ဂုတ်တွင်းတံတား မိုင်းခွဲခံရပြီး ပျက်စီးသွားတဲ့ပုံတွေ ပြန့်နှံ့နေပါတယ်။
အဆိုပါ ဂုတ်တွင်းတံတားကားလမ်းဟာ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ကြားမှာရှိပြီး တရုတ် နယ်စပ်မူဆယ်အထိ ကုန်စည်စီးဆင်းမှုအများဆုံး ပြည်ထောင်စုလမ်းမကြီးပေါ်က လမ်းတ လမ်းလည်းဖြစ်ပါတယ်။
ဓာတ်ပုံ - Benson Roy Kyaw Htwe ၊ လားရှိုးမီဒီယာ
ေနာင္ခ်ိဳမူးယစ္ဂိတ္အနီး အပစ္ခံရမႈတြင္ အနည္းဆုံး ၃ ဦးေသဆုံး ၆ ဦး ဒဏ္ရာရ နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲခ႐ိုင္၊ ေနာင္ခ်ိဳၿမိဳ႕ျပင္ရွိ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္ နားမွာ ဒီေန႔မနက္ ၅ နာရီခြဲေလာက္က ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ ၃ ဦးေသဆုံးၿပီး ၆ ဦး ဒဏ္ရာရသြားပါတယ္။ ေသဆုံးသူ ၃ ဦးမွာ တပ္မေတာ္သား ၂ ဦး နဲ႔ အရပ္သား ၁ ဦးတို႔ျဖစ္ေၾကာင္း၊ အဆိုပါ အရပ္သားမွာ ဆိုင္ကယ္ေရာ လူပါ မီးရႈိ႕ခံရၿပီး၊ ဒဏ္ရာရသူ ၆ ဦးကေတာ့ ကားသမား၊ ယာဥ္ေနာက္လိုက္နဲ႔ ေအးရွား ေဝါဂိတ္က ဝန္ထမ္းေတြျဖစ္တယ္လို႔ ေသဆုံးဒဏ္ရာရသူေတြကို သြားေရာက္ကူညီခဲ့တဲ့ ေနာင္ခ်ိဳျဖဴ စင္ေမတၱာလူမႈကူညီေရးအဖြဲ႕ ဥကၠ႒ ဦးခ်ိဳတူးက ဒီဗြီဘီကို ေျပာပါတယ္ ။ “က်ေနာ္တို႔ အခင္းျဖစ္တဲ့ေနရာကို မနက္ ၈ နာရီေက်ာ္မွာ ေရာက္သြားပါတယ္။ အေလာင္းအျဖစ္နဲ႔ ေဆး႐ုံကို သယ္ေပးလိုက္တာ ၃ ေလာင္းပါ။ ရဲေဘာ္ ၂ ေယာက္နဲ႔ အရပ္သားက ၁ ေယာက္ေပါ့။ အရပ္သားက ဦးေသာင္းေဌးဆိုတဲ့ ကုန္တင္ကုန္ခ်အလုပ္သမားပါ၊ သူက ဆိုင္ကယ္နဲ႔အတူ တိုးဂိတ္မွာ ရွိေနတုန္း မီးရႈိ႕အသတ္ခံရတာ။ ဒဏ္ရာရထားတဲ့သူေတြကေတာ့ အရပ္သားေတြပါ ၊ စုစုေပါင္း ၆ ေယာက္ ၊ ကားေမာင္းသမား ၁ ေယာက္ပါ တယ္၊ယာဥ္ေနာက္လိုက္ ၁ ေယာက္ပါတယ္။ ေဈး သည္ ၁ ေယာက္ရယ္ ။ သူတို႔က ဒူးေခါင္း နဲ႔ ေပါင္ေတြမွာ ဒဏ္ရာရတယ္ ။ ေနာက္ၿပီးေတာ့ ဒဏ္ရာ သိပ္မျပင္းထန္တဲ့ ေအးရွားေဝါ OHC ဂိတ္မွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းေတြပါ ၃ ေယာက္ပါ။ သူတို႔အားလုံးကို ေနာင္ခ်ိဳေဆး႐ုံ ပို႔ထားပါတယ္ခင္ဗ်။” ေလာေလာဆယ္ တပ္မေတာ္သားေတြက အဆိုပါေနရာတဝိုက္နဲ႔ ဂုတ္တြင္းဘက္မွာ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနေၾကာင္း၊ ဂုတ္တြင္းဘက္မွာ မိုင္းကြဲသံေတြၾကားေနရၿပီး ထိခိုက္ဒဏ္ရာ ရသူေတြရွိပါက အျမန္ဆုံးေဆး႐ုံေခၚသြားႏိုင္ဖို႔ ေနာက္ထပ္လူနာတင္ကားနဲ႔ ဂုတ္တြင္းအထက္ ဘက္ကေန အသင့္ေစာင့္ဆိုင္းေနတယ္လို႔ ဦးခ်ိဳတူးက ေျပာပါတယ္။ ေနာက္ဆုံးရအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းလို႔မရေသးေပမယ့္ လူမႈကြန္ရက္မွာေတာ့ ဂုတ္တြင္းရဲကင္းစခန္းအပစ္ခံရၿပီး ထိခိုက္ဒဏ္ရာရသူပုံေတြ၊ ဂုတ္တြင္းတံတား မိုင္းခြဲခံရၿပီး ပ်က္စီးသြားတဲ့ပုံေတြ ျပန႔္ႏွံ႔ေနပါတယ္။ အဆိုပါ ဂုတ္တြင္းတံတားကားလမ္းဟာ ေနာင္ခ်ိဳနဲ႔ ေက်ာက္မဲၿမိဳ႕နယ္ၾကားမွာရွိၿပီး တ႐ုတ္ နယ္စပ္မူဆယ္အထိ ကုန္စည္စီးဆင္းမႈအမ်ားဆုံး ျပည္ေထာင္စုလမ္းမႀကီးေပၚက လမ္းတ လမ္းလည္းျဖစ္ပါတယ္။ ဓာတ္ပုံ - Benson Roy Kyaw Htwe ၊ လားရႈိးမီဒီယာ