A d v e r t i s e m e n t With Us

အိန္ဒိယတွင် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၂၇၀ ကျော်ရှိ၊ ၁ သန်းကျော် ရွှေ့ပြောင်း

အိန္ဒိယနိုင်ငံအတွင်း ဒီလထဲမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူအယောက် ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။ မုတ်သုံမိုးက သီတင်းနှစ်ပတ်ကြာ သည်းကြီးမည်းကြီး ရွာခဲ့လို့ ပြည်နယ် ၆ ခုမှာ အိမ်ခြေထောင်ချီ ပျက်စီးပြီး လူတသန်းကျော် ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ကဲရာလာ၊ ကာနာတာကာ၊ မဟာရတ်ရှ်တျာနဲ့ ဂူဂျာရတ် ပြည်နယ်တွေဟာ ရေဘေးအဆိုးဆုံး သင့်ခဲ့တဲ့ ပြည်နယ်တွေပါ။ နွေစပါး စိုက်ပျိုးမြေ ဟက်တာထောင်ချီ ပျက်စီးခဲ့ပြီး ကားလမ်းတွေ မီးရထားလမ်းတွေပါ ပျက်စီးခဲ့ပါတယ်။ ကဲရာလာပြည်နယ်မှာ အရင်အပတ်က အကြိမ်ရေ ဒါဇင်ချီ မြေပြိုလို့ လူ ၁၀၅ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၅၀ ကျော် ပျောက်ဆုံးနေပါတယ်။ ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းတွေထဲမှာ လူ ၁ သိန်း ၉ သောင်းကျော် နေနေဆဲလို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ သြဒိရှနဲ့ အန်ဒရာပရာဒေ့ရှ် ပြည်နယ်တွေက ဆည်တွေကနေ ရေတွေလွှတ်ချခဲ့လို့ ရေလွှမ်းပြီးသား ပြည်နယ်ထဲမှာ အမြင့်ဆုံး စိုးရိမ်ရေမှတ်ကို ရောက်လုနီးပါး ဖြစ်နေပါတယ်။ မဒ်ယာပရာဒေ့ရှ် ပြည်နယ်ထဲမှာ မိုးကြောင့် လူ ၃၂ ယောက်သေဆုံးပြီး ကောက်ပဲသီးနှံတွေ ပျက်စီးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဂူဂျာရတ်ပြည်နယ်မှာ မိုးကြီးမှုကြောင့် လူ ၃၁ ယောက် သေဆုံးပြီး ဥတ္တရာခန်း ပြည်နယ်ထဲမှာ မြေပြိုတာတွေကြောင့် လူတဒါဇင်နီးပါး သေဆုံးပါတယ်။ ကာနာတာကာ၊ မဟာရတ်ရှ်တျာနဲ့ ဂူဂျာရတ် ပြည်နယ်တွေအပြင် နိုင်ငံအလယ်ပိုင်းက မဒ်ယာ ပရာဒေ့ရှ် ပြည်နယ်မှာပါ လာမယ့် ၂ ရက်အတွင်း မိုးသည်းကြီးမည်းကြီး ရွာမယ်လို့ မျှော်လင့်ကြောင်း မိုးလေဝသ အရာရှိတွေက ပြောထားပါတယ်။
Zawgyi Version အိႏၵိယတြင္ ေရႀကီး ေျမၿပိဳမႈေၾကာင့္ ေသဆုံးသူ ၂၇၀ ေက်ာ္ရွိ၊ ၁ သန္းေက်ာ္ ေရႊ႕ေျပာင္း DVB အိႏၵိယႏိုင္ငံအတြင္း ဒီလထဲမွာ ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ လူအေယာက္ ၂၇၀ ေက်ာ္ ေသဆံုးခဲ့တယ္လို႔ အာဏာပိုင္ေတြက ၾသဂုတ္ ၁၄ ရက္မွာ ေျပာပါတယ္။ မုတ္သုံမိုးက သီတင္းႏွစ္ပတ္ၾကာ သည္းႀကီးမည္းႀကီး ရြာခဲ့လို႔ ျပည္နယ္ ၆ ခုမွာ အိမ္ေျခေထာင္ခ်ီ ပ်က္စီးၿပီး လူတသန္းေက်ာ္ ေဘးကင္းရာ ေရႊ႕ေျပာင္းခဲ့ရပါတယ္။ ကဲရာလာ၊ ကာနာတာကာ၊ မဟာရတ္ရွ္တ်ာနဲ႔ ဂူဂ်ာရတ္ ျပည္နယ္ေတြဟာ ေရေဘးအဆိုးဆံုး သင့္ခဲ့တဲ့ ျပည္နယ္ေတြပါ။ ေႏြစပါး စိုက္ပ်ိဳးေျမ ဟက္တာေထာင္ခ်ီ ပ်က္စီးခဲ့ၿပီး ကားလမ္းေတြ မီးရထားလမ္းေတြပါ ပ်က္စီးခဲ့ပါတယ္။ ကဲရာလာျပည္နယ္မွာ အရင္အပတ္က အႀကိမ္ေရ ဒါဇင္ခ်ီ ေျမၿပိဳလို႔ လူ ၁၀၅ ေယာက္ထက္မနည္း ေသဆံုးၿပီး အေယာက္ ၅၀ ေက်ာ္ ေပ်ာက္ဆံုးေနပါတယ္။ ျပည္နယ္အတြင္း ကယ္ဆယ္ေရးစခန္းေတြထဲမွာ လူ ၁ သိန္း ၉ ေသာင္းေက်ာ္ ေနေနဆဲလို႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ၾသဒိရွနဲ႔ အန္ဒရာပရာေဒ့ရွ္ ျပည္နယ္ေတြက ဆည္ေတြကေန ေရေတြလႊတ္ခ်ခဲ့လို႔ ေရလႊမ္းၿပီးသား ျပည္နယ္ထဲမွာ အျမင့္ဆံုး စိုးရိမ္ေရမွတ္ကို ေရာက္လုနီးပါး ျဖစ္ေနပါတယ္။ မဒ္ယာပရာေဒ့ရွ္ ျပည္နယ္ထဲမွာ မိုးေၾကာင့္ လူ ၃၂ ေယာက္ေသဆံုးၿပီး ေကာက္ပဲသီးႏွံေတြ ပ်က္စီးတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ဂူဂ်ာရတ္ျပည္နယ္မွာ မိုးႀကီးမႈေၾကာင့္ လူ ၃၁ ေယာက္ ေသဆံုးၿပီး ဥတၱရာခန္း ျပည္နယ္ထဲမွာ ေျမၿပိဳတာေတြေၾကာင့္ လူတဒါဇင္နီးပါး ေသဆံုးပါတယ္။ ကာနာတာကာ၊ မဟာရတ္ရွ္တ်ာနဲ႔ ဂူဂ်ာရတ္ ျပည္နယ္ေတြအျပင္ ႏိုင္ငံအလယ္ပိုင္းက မဒ္ယာ ပရာေဒ့ရွ္ ျပည္နယ္မွာပါ လာမယ့္ ၂ ရက္အတြင္း မိုးသည္းႀကီးမည္းႀကီး ရြာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း မိုးေလဝသ အရာရွိေတြက ေျပာထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up