Home
မြန်မာသတင်း
တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းထဲ လက်နက်ကြီးကျည်ကျပြီး ၁ ဦး သေ၊ စစ်သည် ၁ဦးဒဏ်ရာရ 
DVB
·
August 15, 2019
ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာ  တက္ကသိုလ် ကျောင်းထဲကိုဒီနေ့မနက် ၅ နာရီ ၄၀ မိနစ်လောက်က လက်နက်ကြီးကျည် ၅ လုံး ကျပေါက်ကွဲပြီး အရပ်သား ဝန်ထမ်း တဦးသေဆုံးကာ စစ်သည် တဦးဒဏ်ရာရရှိသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  “ဒီနေ့မနက် ၅ နာရီ ၄၀မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာ။ လက်နက်ကြီး ၅လုံးကျောင်းထဲကို ကျရောက်ပေါက်ကွဲတယ်။ အဲဒီနည်းပညာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သား ဝန်ထမ်းတဦးသေဆုံးသွားတာရှိတယ်။ စစ်သည်တယောက် ဒဏ်ရာရရှိတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် နောင်ချို အထွက် စစ်ဆေးရေးဂိတ်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။  “ပြင်ဦးလွင်အထွက် နောင်ချိုဘက်အထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်လည်း တိုက်ခိုက်သွားတာရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။ အဲဒီစစ်ဆေးရေးဂိတ်ကတော့ အရင်တုန်းက မူးယစ်ဆေးသမားတွေကို ဓာတ်မှန်စက်နဲ့ရှာဖွေတဲ့ စစ်ဆေးရေးဂိတ်ဖြစ်သွားတာပေါ့။ အဲဒီအချိန်နဲ့ တပြိုင်နက်ထဲမှာပဲ နောင်ချိုဘက်မှာရှိတဲ့မူးယစ်ဌာနတွေကို ပစ်ခတ်သွားတာရှိတယ်။ အဝေးကနေ လက်နက်ကြီးနဲ့ပစ်ခတ်တယ်။ ပြီးတော့နောင်ချိုကနေ ပြင်ဦးလွင်ဘက်အထွက် ဂိတ်ရှိတယ်လေ။ အဲဒီမှာ ကျနော်တို့မူးယစ်ဆေးဝါးရှာဖွေတဲ့ဂိတ်ရှိတယ်။ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေလည်းရှိတယ်။ အဲဒီဂိတ်တွေကို ဝင်ရောက်တိုက်ခိုက်သွားတာ။ အဲဒီဂိတ်တွေကတော့ ကျနော်တို့ ဒီနေ့မနက် ၇ နာရီခွဲလောက်အထိ ထိတွေ့မှုဖြစ်ပွားနေဆဲလို့ပဲ ကျနော်တို့သတင်းရတယ်။ အဲဒီကိုလည်း စစ်ကြောင်းတွေလိုက်ပါပြီ။ သတင်းအသေးစိတ်တော့ မသိရသေးဘူး။”  လတ်တလော ပြင်ဦးလွင်မှာရှိတဲ့အခြေအနေအားလုံး ထိန်းသိမ်းထားပြီး လုံခြုံရေးစစ်ဆေး ဆောင်ရွက်နေတယ်လို့သိပါတယ်။ ဒီမနက်တိုက်ခိုက်မှုဟာ မူးယစ်ဆေးဝါထုတ်လုပ်သူတွေကို တပ်မတော်က ဖမ်းဆီးနှိမ်နင်းခဲ့တာနဲ့ ဆက်စပ်နိုင်တယ်လို့  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သုံးသပ်ပြောပါတယ်။ အဲဒီဖြစ်စဉ်ကို ကျနော်တို့သုံးသပ်တာကတော့ ရှမ်းအရှေ့မြောက်မှာရှိတဲ့ ကွတ်ခိုင်ဘက်မှာ မူးယစ်ဆေးတွေကို တပ်မတော်ကနေပြီးတော့ လွန်ခဲ့တဲ့တပတ်လောက်က ဖမ်းဆီးတာ ရှိတယ်။ မူးယစ်ဆေးဝါထုတ်လုပ်ရေးသမားတွေကိုဖမ်းမိခဲ့တာရှိတယ်။မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ပစ္စည်းတ တွေရော ဓါတုပေဒပစ္စည်းတွေရော ကျနော်တို့တန်နဲ့ချီ ဖမ်းမိခဲ့တာ ရှိတယ်။ အဲဒီဟာတွေနဲ့ဆက်စပ်နိုင်တယ်လို့ ကျနော်တို့ထင်တယ်။” တီအန်အယ်အေ ‌ပြောခွင့်ရသူ ဗိုလ်မှူး မိုင်အိုက်ကျော်ကတော့ ထိုးစစ်တွေများလာတဲ့ အတွက် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (ကိုးကန့်)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အလ်အေ)နဲ့ ရက္ခိုင်တပ်မတော်(အေအေ)အဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်တာလို့ ပြောပါတယ်။ တပ်မတော်က တဖက်သတ်အပစ်ရပ် ကြေညာထားချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး အခုလို တိုက်ခိုက်တာတွကြောင့် တပ်မတော်က တဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းတဲ့အပေါ်မှာ ထိခိုက်မှု ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ 
တပ္မေတာ္နည္းပညာတကၠသိုလ္ေက်ာင္းထဲ လက္နက္ႀကီးက်ည္က်ၿပီး ၁ ဦး ေသ၊ စစ္သည္ ၁ဦးဒဏ္ရာရ DVB ျပင္ဦးလြင္မွာရွိတဲ့ တပ္မေတာ္နည္းပညာ တကၠသိုလ္ ေက်ာင္းထဲကိုဒီေန႔မနက္ ၅ နာရီ ၄၀ မိနစ္ေလာက္က လက္နက္ႀကီးက်ည္ ၅ လုံး က်ေပါက္ကြဲၿပီး အရပ္သား ဝန္ထမ္း တဦးေသဆုံးကာ စစ္သည္ တဦးဒဏ္ရာရရွိသြားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဒီဗြီဘီကို အတည္ျပဳေျပာပါတယ္။ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက “ဒီေန႔မနက္ ၅ နာရီ ၄၀မွာ လက္နက္ႀကီးနဲ႔ပစ္ခတ္တာ။ လက္နက္ႀကီး ၅လုံးေက်ာင္းထဲကို က်ေရာက္ေပါက္ကြဲတယ္။ အဲဒီနည္းပညာတကၠသိုလ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ အရပ္သား ဝန္ထမ္းတဦးေသဆုံးသြားတာရွိတယ္။ စစ္သည္တေယာက္ ဒဏ္ရာရရွိတယ္”လို႔ ေျပာပါတယ္။ ဒါ့အျပင္ ေနာင္ခ်ဳိ အထြက္ စစ္ေဆးေရးဂိတ္ကိုလည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕က ပစ္ခတ္တိုက္ခိုက္သြားတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ “ျပင္ဦးလြင္အထြက္ ေနာင္ခ်ိဳဘက္အထြက္မွာရွိတဲ့ စစ္ေဆးေရးဂိတ္လည္း တိုက္ခိုက္သြားတာရွိတယ္။ ထိခိုက္ဒဏ္ရာရတာေတာ့မရွိပါဘူး။ အဲဒီစစ္ေဆးေရးဂိတ္ကေတာ့ အရင္တုန္းက မူးယစ္ေဆးသမားေတြကို ဓာတ္မွန္စက္နဲ႔ရွာေဖြတဲ့ စစ္ေဆးေရးဂိတ္ျဖစ္သြားတာေပါ့။ အဲဒီအခ်ိန္နဲ႔ တၿပိဳင္နက္ထဲမွာပဲ ေနာင္ခ်ိဳဘက္မွာရွိတဲ့မူးယစ္ဌာနေတြကို ပစ္ခတ္သြားတာရွိတယ္။ အေဝးကေန လက္နက္ႀကီးနဲ႔ပစ္ခတ္တယ္။ ၿပီးေတာ့ေနာင္ခ်ိဳကေန ျပင္ဦးလြင္ဘက္အထြက္ ဂိတ္ရွိတယ္ေလ။ အဲဒီမွာ က်ေနာ္တို႔မူးယစ္ေဆးဝါးရွာေဖြတဲ့ဂိတ္ရွိတယ္။ ပူးေပါင္းစစ္ေဆးေရးဂိတ္ေတြလည္းရွိတယ္။ အဲဒီဂိတ္ေတြကို ဝင္ေရာက္တိုက္ခိုက္သြားတာ။ အဲဒီဂိတ္ေတြကေတာ့ က်ေနာ္တို႔ ဒီေန႔မနက္ ၇ နာရီခြဲေလာက္အထိ ထိေတြ႕မႈျဖစ္ပြားေနဆဲလို႔ပဲ က်ေနာ္တို႔သတင္းရတယ္။ အဲဒီကိုလည္း စစ္ေၾကာင္းေတြလိုက္ပါၿပီ။ သတင္းအေသးစိတ္ေတာ့ မသိရေသးဘူး။” လတ္တေလာ ျပင္ဦးလြင္မွာရွိတဲ့အေျခအေနအားလုံး ထိန္းသိမ္းထားၿပီး လုံၿခဳံေရးစစ္ေဆး ေဆာင္႐ြက္ေနတယ္လို႔သိပါတယ္။ ဒီမနက္တိုက္ခိုက္မႈဟာ မူးယစ္ေဆးဝါထုတ္လုပ္သူေတြကို တပ္မေတာ္က ဖမ္းဆီးႏွိမ္နင္းခဲ့တာနဲ႔ ဆက္စပ္ႏိုင္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက သုံးသပ္ေျပာပါတယ္။ “အဲဒီျဖစ္စဥ္ကို က်ေနာ္တို႔သုံးသပ္တာကေတာ့ ရွမ္းအေရွ႕ေျမာက္မွာရွိတဲ့ ကြတ္ခိုင္ဘက္မွာ မူးယစ္ေဆးေတြကို တပ္မေတာ္ကေနၿပီးေတာ့ လြန္ခဲ့တဲ့တပတ္ေလာက္က ဖမ္းဆီးတာ ရွိတယ္။ မူးယစ္ေဆးဝါထုတ္လုပ္ေရးသမားေတြကိုဖမ္းမိခဲ့တာရွိတယ္။မူးယစ္ေဆးဝါးထုတ္လုပ္တဲ့ပစၥည္းတ ေတြေရာ ဓါတုေပဒပစၥည္းေတြေရာ က်ေနာ္တို႔တန္နဲ႔ခ်ီ ဖမ္းမိခဲ့တာ ရွိတယ္။ အဲဒီဟာေတြနဲ႔ဆက္စပ္ႏိုင္တယ္လို႔ က်ေနာ္တို႔ထင္တယ္။” တီအန္အယ္ေအ ‌ေျပာခြင့္ရသူ ဗိုလ္မႉး မိုင္အိုက္ေက်ာ္ကေတာ့ ထိုးစစ္ေတြမ်ားလာတဲ့ အတြက္ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္မဟာ မိတ္တပ္မေတာ္ (ကိုးကန႔္)၊ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (တီအန္အလ္ေအ)နဲ႔ ရကၡိဳင္တပ္မေတာ္(ေအေအ)အဖြဲ႕ ပူးေပါင္းၿပီး တိုက္ခိုက္တာလို႔ ေျပာပါတယ္။ တပ္မေတာ္က တဖက္သတ္အပစ္ရပ္ ေၾကညာထားခ်ိန္မွာ တိုက္ခိုက္ခံရတာျဖစ္ၿပီး အခုလို တိုက္ခိုက္တာတြေၾကာင့္ တပ္မေတာ္က တဖက္သတ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္ဆိုင္းတဲ့အေပၚမွာ ထိခိုက္မႈ ရွိတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024