Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
August 15, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဝင်ငွေစံ ချိန်တင်နာမည်ကြီး ရုပ်ရှင် 47 Meters Down ရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိ လာတဲ့ 47 Meters Down: Uncaged ! ဒီရုပ်ရှင်ကားကိုတော့ အရင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Johannes Roberts က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပြီး Entertainment Studios Motion Pictures က တင်ဆက်လိုက်တာပါ။ အရင်ရုပ်ရှင်ကားထဲမှာတော့ သမုဒ္ဒရာအောက်အနက် ငါးမန်းတွေရှိတဲ့ နေရာကို ညီအစ်မ ၂ ယောက်က လှောင်အိမ်နဲ့ ရေငုပ်ကြည့်ရှုရင်း အသက်အန္တရာယ်တွေကြား ရင်တမမ ဖြတ်သန်းရပုံတွေကို ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆက်တွဲရုပ်ရှင် Uncaged မှာတော့ ဆယ်ကျော်သက်ကောင်မလေး ၄ ယောက်ဟာ ရေအောက်အနက်က စွန့်ပစ်မြို့တော်ကြီးတခုဆီ ဒိုက်ဗင်စွန့်စားခန်း ထွက်ကြပြီး မကြာခင်မှာပဲ သူတို့ သိလိုက်ရတာက သူတို့ဟာ အသက်အန္တရာယ် ထိ ခိုက်စေနိုင်လောက်အောင် အန္တရာယ်ဇုန်ထဲကို ရောက်ရှိနေခဲ့ပြီ ဆိုတာကိုပါပဲ။ အဲဒီနေ ရာမှာတော့ သားစားငါးမန်းမျိုးစိတ်တွေ ကျင်လည်ကျက်စားနေပြီး တဖြည်းဖြည်း ရေ အောက် အနက်ပိုင်းက လှောင်အိမ်ထဲက လွတ်မြောက်အောင် ဘယ်လိုစွန့်စားမှုတွေနဲ့ အသက်လုတိုက်ခိုက်ရင်း ရုန်းကန်ကြရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Sophie Nélisse၊ Corinne Foxx၊ Brianne Tju၊ Sistine Stallone၊ Davi Santos၊ Khylin Rhambo စတဲ့ သရုပ်ဆောင်တွေက ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်း တွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် က လေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုပေါ်မှာတော့ ရက်ပိုင်းအတွင်း ဝင်ရောက် ကြည့် ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်ကား 47 Meters Down ကတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅ သန်းကျော် အကုန်အကျခံ ရိုက်ကူးခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ရရှိခဲ့တာမို့ ခုအသစ်ထွက်ရှိလာတဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကတော့ အရင်ရုပ်ရှင်ကို မီပါ့မလား၊ ဝင်ငွေစံချိန် ချိုးနိုင်ပါ့မလားဆိုတာကိုတော့ မကြာခင် စောင့်မျှော်ကြည့်ရှု နိုင်တော့မှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၉ မိနစ်ရှိတဲ့ ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည်ကျော် ဂိမ်းထဲက ဇာတ်ကောင်တွေကို အခြေခံ ရိုက်ကူးထားတဲ့ The Angry Birds Movie 2 ! ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Columbia Pictures ၊ Rovio Animation နဲ့ Sony Pictures တို့က ပူးပေါင်းတင်ဆက် လိုက်တာဖြစ်ပြီး  အရင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Thurop Van Orman က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ပထမ ရုပ်ရှင်ကားထဲမှာတော့ ဂိမ်းထဲမှာ ရင်းနှီးခဲ့ဖူးကြတဲ့အတိုင်း ငှက်ဥတွေကို ခိုးယူသွားခဲ့တဲ့ ဝက်တွေနဲ့ ငှက်တွေ တိုက်ပွဲရင်ဆိုင်ခဲ့ကြရတာပဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ ငှက်တွေဘက်က အနိုင်ရရှိခဲ့တာနဲ့ အဆုံးသတ်ထားခဲ့တာ ဖြစ်ပါတယ်။ ခုအသစ်ပြသမယ့် The Angry Birds Movie 2 မှာတော့ ဇာတ်ကောင်အသစ်အ နေနဲ့ Zeta ဆိုတဲ့ ခရမ်းရောင်ငှက်တကောင် ပါဝင်လာခဲ့တာပါ။ တိုင်းပြည်ကို ဖျက်ဆီးခံ ခဲ့ရတဲ့ ဝက်တိုင်းပြည်ရဲ့ ဘုရင် Mudbeard အနေနဲ့ ဒီအပိုင်းမှာ ဘယ်လို ပြန်ပြီးတော့ လက်စားချေမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် ပိုလာကျွန်းမှာ နေထိုင်တဲ့ ခရမ်း ရောင် Zeta ငှက်က ဝက်တွေနဲ့ ငှက်တွေကြားမှာ ဘယ်လို ခလောက်ဆန်၊ မွှေမလဲ ဆို တာတွေကိုပါ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Jason Sudeikis ၊ Josh Gad ၊ Leslie Jones ၊ Bill Hader နဲ့ နာမည်ကြီးအဆိုတော် Nicki Minaj တို့လို နာမည်ကျော်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆို ရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ် မှတ်ထားပါတယ်။ ရုံမတင်ခင်ကတည်းက ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားပြီး ရုပ်ရှင်ကား Trailer ကို  ယူကျုဘ်ပေါ်မှာ တော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၈ သန်းနီးပါး ရှိနေခဲ့ တာပါ။ ကြာမြင့်ချိန် ၉၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး အဲဒီနေ့ဟာ မူရင်း Angry Bird ဂိမ်းကို စတင်မိတ်ဆက်ခဲ့ တဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်နေ့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၇၃ သန်းအကုန်အကျခံရိုက်ကူးခဲ့တဲ့ ၂၀၁၆ ခုနှစ် ရုပ်ရှင် The Angry Bird ဟာ Box Office ဝင်ငွေ ၃၅၂ ဒဿမ ၃ သန်း ရရှိခဲ့ပြီး ဝင်ငွေစံချိန်ချိုးခဲ့တာမို့ ခုထွက်ရှိလာတဲ့ နောက်ဆက်တွဲရုပ်ရှင်ကရော ဝင်ငွေစံချိန်တင်နိုင် ပါ့မလားဆိုတာကိုတော့ မကြာခင်မှာ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးခြားတဲ့ တင်ဆက်ပုံ တွေနဲ့ ရှုစားကြရမယ့် မြန်မာရုပ်ရှင် - ကြီးမြတ်သောမြန်မာ ! ဒီကားကိုတော့ Forever Group နဲ့ ကိုရီးယားနိုင်ငံ EBS ကုမ္ပဏီတို့ ပူးပေါင်း တင်ဆက်လိုက်တာဖြစ်ပြီး သရီးဒီရုပ်ရှင်ကားတကား အနေနဲ့ ပရိသတ်တွေက ရှုစားကြ ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာလူမျိုးတွေ အထွတ်အမြတ်ထား တန်ဖိုးထားကြတဲ့ ရွှေကို ဘုရားပုထိုးစေတီတွေမှာ လှူဒါန်းရတဲ့ အကြောင်းတွေ အပါအဝင် ရွှေတိဂုံ၊ ကျိုက် ထီးရိုး၊ မဟာမုနိ၊ အင်းလေးဖောင်တော်ဦးစတဲ့ တန်ခိုးကြီးဘုရားစေတီတွေရဲ့ အ ကြောင်းအရာတွေကို မှတ်တမ်းရုပ်ရှင်ပုံစံရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ပုဂံဒေသအကြောင်းအရာတွေ အပါအဝင် ဗုဒ္ဓဘာသာထွန်းကားလာတဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားပြီး နိုင်းနိုင်း၊ ရဲအောင်၊ ဝါဆိုမိုးဦး တို့က ကျန်စစ်သား၊ အနော်ရထာနဲ့ မဏိစန္ဒာနေရာတွေက ပါဝင်သရုပ်ဆောင်ထားကြ တာ ဖြစ်ကာ ရှင်အရဟံနေရာမှာတော့ ထိုက်စံမော့စ်က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ် ပါတယ်။ ကြီးမြတ်သောမြန်မာရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ သန်းနဲ့ချီရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးခြား တဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ Crime Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ် တဲ့ Awake !  ဒီကားကိုတော့ ရုရှားရုပ်ရှင် ဒါရိုက်တာ Aleksandr Chernyaev က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ လူတယောက်ဟာ ဆေးရုံပေါ်မှာ ရောက်နေခဲ့ပြီး ပြန်နိုးလာခဲ့ ချိန်မှာတော့ သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မသိနိုင်ပဲ ထူးဆန်းတဲ့ အခြေအ နေတခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီအချိန်မှာပဲ သူဟာ ဆက်တိုက်လူသတ်မှုတွေ ကျူးလွန် နေတဲ့ ပြစ်မှုကွင်းဆက်အဖြစ် ရဲတွေက အလိုရှိနေတဲ့ တရားခံတယောက်အဖြစ် ပြောင်း လဲသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ အိပ်မက်ဆိုးတွေကြား ဘာကိုမှမသိတော့ တဲ့အခါ၊ ဘယ်သူ့ကိုမှ မယုံကြည်ရတော့တဲ့အခါ၊ သူယုံကြည်ရတဲ့ Nurse တယောက် ရဲ့ အကူအညီနဲ့ ဘယ်လို ရင်ဆိုင်မလဲ။ တဖြည်းဖြည်းနဲ့ သူ့ရဲ့ နောက်ကြောင်းတွေ၊ အ မှန်တရားတွေကို သိလိုက်ရချိန်မှာ ဘယ်လို ရှုပ်ထွေးတဲ့ အခြေအနေတွေကြား ဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာကို ပရိသတ်တွေက မကြာခင်မှာ ရှုစားကြ ရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အိုင်းရစ်ချ်သရုပ်ဆောင်မင်းသား Jonathan Rhys Meyers  နဲ့ အ မေရိကန် သရုပ်ဆောင်မင်းသမီး Francesca Eastwood တို့က ခေါင်းဆောင်ပါဝင်ထား ကြပြီး သူတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ William Forsythe ၊ Malik Yoba နဲ့ James Austin Kerr တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင် ကားကိုတော့ NR အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။  ကြာမြင့်ချိန် ၉၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၁၆ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ကိုရီး ယားရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Exit !  ဒီရုပ်ရှင်ကားကိုတော့ တောင်ကိုရီးယား ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ CJ Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Lee Sang-Geun က ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Yong-Nam ဟာ တက္ကသိုလ်က ဘွဲ့ရခဲ့တာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပေမယ့် လက် ရှိအချိန်ထိ အလုပ်အကိုင်မယ်မယ်ရရမရှိပဲ အလုပ်ရှာဖွေနေတုန်းပါ။ သူ့ရဲ့ ဝါသနာတခု ကတော့ Rock Climbing လို့ခေါ်တဲ့ စွန့်စားကျောက်တောင်တက် အားကစားပါ။ သူ့ အမေရဲ့ အသက် ၇၀ ပြည့် မွေးနေ့ပါတီမှာတော့ ကျောင်းတုန်းက ဂျူနီယာ ကျောင်းသူ Ui-Joo နဲ့ အမှတ်အထင် ပြန်ဆုံခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ ကျောင်းတုန်းက တည်းက Rock Climbing လှုပ်ရှားမှုတွေမှာ တသင်းတည်း လှုပ်ရှားခဲ့ကြဖူးပြီး Yong- Nam က Ui-Joo ကို စိတ်ဝင်စားခဲ့ပါတယ်။ ခုတခါ ပြန်ဆုံချိန် သူ့ရဲ့ အချစ်ကို ပြန်ပြီး ထုတ်ဖော်ဖို့ ကြိုးစားချိန်မှာတော့ Ui-Joo က လက်မခံခဲ့ပါဘူး။ ဒီအချိန်မှာ သူတို့ နေထိုင် ရာ မြို့ဆီ အန္တရာယ်ရှိတဲ့ အဆိပ်ဓာတ်ငွေ့တွေ ဖုံးလွှမ်းတော့မယ့် အခြေအနေနဲ့ ရုတ်တ ရက် ရင်ဆိုင်ကြရချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ မြို့ကိုရော ကယ်တင်နိုင်ပါ့မ လား၊ သူတို့ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းကတော့ ဘယ်လိုအဆုံးသတ်သွားမလဲဆို တာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ သရုပ်ဆောင်မင်းသား Jo Jung-Seok နဲ့ နာမည်ကြီး ကေပေါ့ပ်အမျိုးသမီး တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Girls’ Generation အဖွဲ့က YooNa တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူ လိုင်လ ၃၁ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မကြာခင် မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
႐ုပ္ရွင္ဝါသနာအိုးတို႔အတြက္ ဘယ္႐ုံမွာ ဘာကားေတြျပေနသလဲ(႐ုပ္သံ) DVB ဒီတပတ္ ဒီဗြီဘီရဲ႕ Movie Crazy – DVB အစီအစဥ္မွာ ႐ုပ္ရွင္ဝါသနာအိုးေတြ အတြက္ ပုံမွန္တင္ဆက္ေနၾကျဖစ္တဲ့ ႏိုင္ငံတကာနဲ႔ ျပည္တြင္းက ေကာင္းႏိုးရာရာ ႐ုပ္ရွင္ဇာတ္ကားေတြကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ပထမဆုံး မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ဝင္ေငြစံ ခ်ိန္တင္နာမည္ႀကီး ႐ုပ္ရွင္ 47 Meters Down ရဲ႕ ေနာက္ဆက္တြဲ႐ုပ္ရွင္အေနနဲ႔ ထြက္ရွိ လာတဲ့ 47 Meters Down: Uncaged ! ဒီ႐ုပ္ရွင္ကားကိုေတာ့ အရင္႐ုပ္ရွင္ကားကို ႐ိုက္ကူးခဲ့တဲ့ ၿဗိတိန္ ႐ုပ္ရွင္ဒါ႐ိုက္တာ Johannes Roberts က ႐ိုက္ကူး ပုံေဖာ္ေပးထားတာ ျဖစ္ၿပီး Entertainment Studios Motion Pictures က တင္ဆက္လိုက္တာပါ။ အရင္႐ုပ္ရွင္ကားထဲမွာေတာ့ သမုဒၵရာေအာက္အနက္ ငါးမန္းေတြရွိတဲ့ ေနရာကို ညီအစ္မ ၂ ေယာက္က ေလွာင္အိမ္နဲ႔ ေရငုပ္ၾကည့္ရႈရင္း အသက္အႏၲရာယ္ေတြၾကား ရင္တမမ ျဖတ္သန္းရပုံေတြကို ႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။ အခုေနာက္ဆက္တြဲ႐ုပ္ရွင္ Uncaged မွာေတာ့ ဆယ္ေက်ာ္သက္ေကာင္မေလး ၄ ေယာက္ဟာ ေရေအာက္အနက္က စြန႔္ပစ္ၿမိဳ႕ေတာ္ႀကီးတခုဆီ ဒိုက္ဗင္စြန႔္စားခန္း ထြက္ၾကၿပီး မၾကာခင္မွာပဲ သူတို႔ သိလိုက္ရတာက သူတို႔ဟာ အသက္အႏၲရာယ္ ထိ ခိုက္ေစႏိုင္ေလာက္ေအာင္ အႏၲရာယ္ဇုန္ထဲကို ေရာက္ရွိေနခဲ့ၿပီ ဆိုတာကိုပါပဲ။ အဲဒီေန ရာမွာေတာ့ သားစားငါးမန္းမ်ိဳးစိတ္ေတြ က်င္လည္က်က္စားေနၿပီး တျဖည္းျဖည္း ေရ ေအာက္ အနက္ပိုင္းက ေလွာင္အိမ္ထဲက လြတ္ေျမာက္ေအာင္ ဘယ္လိုစြန႔္စားမႈေတြနဲ႔ အသက္လုတိုက္ခိုက္ရင္း ႐ုန္းကန္ၾကရမလဲ ဆိုတာေတြကို ဒီကားထဲမွာ ရႈစားၾကရမွာပါ။ ဒီကားထဲမွာေတာ့ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Sophie Nélisse၊ Corinne Foxx၊ Brianne Tju၊ Sistine Stallone၊ Davi Santos၊ Khylin Rhambo စတဲ့ သ႐ုပ္ေဆာင္ေတြက ေခါင္းေဆာင္ပါဝင္ထားၾကပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈေတြ၊ ေသြးထြက္သံယိုျမင္ကြင္း ေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၃ ႏွစ္ေအာက္ က ေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘ အုပ္ထိန္းသူ ခြင့္ျပဳခ်က္နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳေပၚမွာေတာ့ ရက္ပိုင္းအတြင္း ဝင္ေရာက္ ၾကည့္ ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့တာ ျဖစ္ပါတယ္။ အရင္႐ုပ္ရွင္ကား 47 Meters Down ကေတာ့ ဘတ္ဂ်က္ အေမရိကန္ေဒၚလာ ၅ သန္းေက်ာ္ အကုန္အက်ခံ ႐ိုက္ကူးခဲ့ၿပီး ဝင္ေငြ အေမရိကန္ေဒၚလာ သန္း ၆၀ ေက်ာ္ ရရွိခဲ့တာမို႔ ခုအသစ္ထြက္ရွိလာတဲ့ ေနာက္ဆက္တြဲ ႐ုပ္ရွင္ကေတာ့ အရင္႐ုပ္ရွင္ကို မီပါ့မလား၊ ဝင္ေငြစံခ်ိန္ ခ်ိဳးႏိုင္ပါ့မလားဆိုတာကိုေတာ့ မၾကာခင္ ေစာင့္ေမွ်ာ္ၾကည့္ရႈ ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၈၉ မိနစ္ရွိတဲ့ ဒီကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၁၆ ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ ေၾကျငာထားပါတယ္။ ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ နာမည္ေက်ာ္ ဂိမ္းထဲက ဇာတ္ေကာင္ေတြကို အေျခခံ ႐ိုက္ကူးထားတဲ့ The Angry Birds Movie 2 ! ဒီ႐ုပ္ရွင္ကားကိုေတာ့ နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီေတြျဖစ္ၾကတဲ့ Columbia Pictures ၊ Rovio Animation နဲ႔ Sony Pictures တို႔က ပူးေပါင္းတင္ဆက္ လိုက္တာျဖစ္ၿပီး အရင္႐ုပ္ရွင္ကားကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Thurop Van Orman က ႐ိုက္ကူးပုံေဖာ္ေပးထားခဲ့တာ ျဖစ္ပါတယ္။ ပထမ ႐ုပ္ရွင္ကားထဲမွာေတာ့ ဂိမ္းထဲမွာ ရင္းႏွီးခဲ့ဖူးၾကတဲ့အတိုင္း ငွက္ဥေတြကို ခိုးယူသြားခဲ့တဲ့ ဝက္ေတြနဲ႔ ငွက္ေတြ တိုက္ပြဲရင္ဆိုင္ခဲ့ၾကရတာပဲျဖစ္ၿပီး အဲဒီတိုက္ပြဲမွာ ငွက္ေတြဘက္က အႏိုင္ရရွိခဲ့တာနဲ႔ အဆုံးသတ္ထားခဲ့တာ ျဖစ္ပါတယ္။ ခုအသစ္ျပသမယ့္ The Angry Birds Movie 2 မွာေတာ့ ဇာတ္ေကာင္အသစ္အ ေနနဲ႔ Zeta ဆိုတဲ့ ခရမ္းေရာင္ငွက္တေကာင္ ပါဝင္လာခဲ့တာပါ။ တိုင္းျပည္ကို ဖ်က္ဆီးခံ ခဲ့ရတဲ့ ဝက္တိုင္းျပည္ရဲ႕ ဘုရင္ Mudbeard အေနနဲ႔ ဒီအပိုင္းမွာ ဘယ္လို ျပန္ၿပီးေတာ့ လက္စားေခ်မလဲဆိုတာကို ၾကည့္ရႈရမွာျဖစ္တဲ့အျပင္ ပိုလာကြၽန္းမွာ ေနထိုင္တဲ့ ခရမ္း ေရာင္ Zeta ငွက္က ဝက္ေတြနဲ႔ ငွက္ေတြၾကားမွာ ဘယ္လို ခေလာက္ဆန္၊ ေမႊမလဲ ဆို တာေတြကိုပါ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ Jason Sudeikis ၊ Josh Gad ၊ Leslie Jones ၊ Bill Hader နဲ႔ နာမည္ႀကီးအဆိုေတာ္ Nicki Minaj တို႔လို နာမည္ေက်ာ္ေတြ အမ်ားႀကီးက အသံနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆို ရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္ မွတ္ထားပါတယ္။ ႐ုံမတင္ခင္ကတည္းက ပရိသတ္ေတြ စိတ္ဝင္စားေနၾကတဲ့ ဒီ႐ုပ္ရွင္ကားဟာ IMDb မွာေတာ့ Rating 6.7 အထိ ရရွိထားၿပီး ႐ုပ္ရွင္ကား Trailer ကို ယူက်ဳဘ္ေပၚမွာ ေတာ့ လတ္တေလာအခ်ိန္ထိ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၁၈ သန္းနီးပါး ရွိေနခဲ့ တာပါ။ ၾကာျမင့္ခ်ိန္ ၉၆ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၁၄ ရက္ေန႔ မွာ ႐ုံတင္ျပသေတာ့မွာျဖစ္ၿပီး အဲဒီေန႔ဟာ မူရင္း Angry Bird ဂိမ္းကို စတင္မိတ္ဆက္ခဲ့ တဲ့ ၁၀ ႏွစ္ျပည့္အထိမ္းအမွတ္ေန႔လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ ၇၃ သန္းအကုန္အက်ခံ႐ိုက္ကူးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ႐ုပ္ရွင္ The Angry Bird ဟာ Box Office ဝင္ေငြ ၃၅၂ ဒႆမ ၃ သန္း ရရွိခဲ့ၿပီး ဝင္ေငြစံခ်ိန္ခ်ိဳးခဲ့တာမို႔ ခုထြက္ရွိလာတဲ့ ေနာက္ဆက္တြဲ႐ုပ္ရွင္ကေရာ ဝင္ေငြစံခ်ိန္တင္ႏိုင္ ပါ့မလားဆိုတာကိုေတာ့ မၾကာခင္မွာ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာပဲ ျဖစ္ပါတယ္။ ဒီတခါ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကားကေတာ့ ထူးျခားတဲ့ တင္ဆက္ပုံ ေတြနဲ႔ ရႈစားၾကရမယ့္ ျမန္မာ႐ုပ္ရွင္ - ႀကီးျမတ္ေသာျမန္မာ ! ဒီကားကိုေတာ့ Forever Group နဲ႔ ကိုရီးယားႏိုင္ငံ EBS ကုမၸဏီတို႔ ပူးေပါင္း တင္ဆက္လိုက္တာျဖစ္ၿပီး သရီးဒီ႐ုပ္ရွင္ကားတကား အေနနဲ႔ ပရိသတ္ေတြက ရႈစားၾက ရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ျမန္မာလူမ်ိဳးေတြ အထြတ္အျမတ္ထား တန္ဖိုးထားၾကတဲ့ ေ႐ႊကို ဘုရားပုထိုးေစတီေတြမွာ လႉဒါန္းရတဲ့ အေၾကာင္းေတြ အပါအဝင္ ေ႐ႊတိဂုံ၊ က်ိဳက္ ထီး႐ိုး၊ မဟာမုနိ၊ အင္းေလးေဖာင္ေတာ္ဦးစတဲ့ တန္ခိုးႀကီးဘုရားေစတီေတြရဲ႕ အ ေၾကာင္းအရာေတြကို မွတ္တမ္း႐ုပ္ရွင္ပုံစံ႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။ ေနာက္ၿပီး ပုဂံေဒသအေၾကာင္းအရာေတြ အပါအဝင္ ဗုဒၶဘာသာထြန္းကားလာတဲ့ အေၾကာင္းအရာေတြကိုလည္း ထည့္သြင္း႐ိုက္ကူးထားၿပီး ႏိုင္းႏိုင္း၊ ရဲေအာင္၊ ဝါဆိုမိုးဦး တို႔က က်န္စစ္သား၊ အေနာ္ရထာနဲ႔ မဏိစႏၵာေနရာေတြက ပါဝင္သ႐ုပ္ေဆာင္ထားၾက တာ ျဖစ္ကာ ရွင္အရဟံေနရာမွာေတာ့ ထိုက္စံေမာ့စ္က ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ ပါတယ္။ ႀကီးျမတ္ေသာျမန္မာ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာပါ။ ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အ ႀကိမ္ေရ သန္းနဲ႔ခ်ီရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါ တယ္။ မူဗီခေရဇီေတြကို ေနာက္ထပ္မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ထူးျခား တဲ့ ရာဇဝတ္ျပစ္မႈဆိုင္ရာ Crime Action Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္ တဲ့ Awake ! ဒီကားကိုေတာ့ ႐ုရွား႐ုပ္ရွင္ ဒါ႐ိုက္တာ Aleksandr Chernyaev က ႐ိုက္ကူးပုံ ေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ လူတေယာက္ဟာ ေဆး႐ုံေပၚမွာ ေရာက္ေနခဲ့ၿပီး ျပန္ႏိုးလာခဲ့ ခ်ိန္မွာေတာ့ သူဟာ ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာကို မသိႏိုင္ပဲ ထူးဆန္းတဲ့ အေျခအ ေနတခုနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒီအခ်ိန္မွာပဲ သူဟာ ဆက္တိုက္လူသတ္မႈေတြ က်ဴးလြန္ ေနတဲ့ ျပစ္မႈကြင္းဆက္အျဖစ္ ရဲေတြက အလိုရွိေနတဲ့ တရားခံတေယာက္အျဖစ္ ေျပာင္း လဲသြားတဲ့အခါ ဘာေတြဆက္ျဖစ္လာမလဲ။ အိပ္မက္ဆိုးေတြၾကား ဘာကိုမွမသိေတာ့ တဲ့အခါ၊ ဘယ္သူ႔ကိုမွ မယုံၾကည္ရေတာ့တဲ့အခါ၊ သူယုံၾကည္ရတဲ့ Nurse တေယာက္ ရဲ႕ အကူအညီနဲ႔ ဘယ္လို ရင္ဆိုင္မလဲ။ တျဖည္းျဖည္းနဲ႔ သူ႔ရဲ႕ ေနာက္ေၾကာင္းေတြ၊ အ မွန္တရားေတြကို သိလိုက္ရခ်ိန္မွာ ဘယ္လို ရႈပ္ေထြးတဲ့ အေျခအေနေတြၾကား ဇာတ္ လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ထားမလဲဆိုတာကို ပရိသတ္ေတြက မၾကာခင္မွာ ရႈစားၾက ရေတာ့မွာ ျဖစ္ပါတယ္။ ဒီကားထဲမွာ အိုင္းရစ္ခ်္သ႐ုပ္ေဆာင္မင္းသား Jonathan Rhys Meyers နဲ႔ အ ေမရိကန္ သ႐ုပ္ေဆာင္မင္းသမီး Francesca Eastwood တို႔က ေခါင္းေဆာင္ပါဝင္ထား ၾကၿပီး သူတို႔နဲ႔အတူ တျခားသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ William Forsythe ၊ Malik Yoba နဲ႔ James Austin Kerr တို႔ကလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ၾကမ္းတမ္းတဲ့ အပစ္အခတ္ ဇာတ္ဝင္ခန္းေတြနဲ႔ ႐ိုက္ကူးပုံေဖာ္ထားတဲ့ ဒီ႐ုပ္ရွင္ ကားကိုေတာ့ NR အဆင့္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၉၂ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၁၆ ရက္ေန႔ မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ေနာက္ဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ကိုရီး ယား႐ုပ္ရွင္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ Exit ! ဒီ႐ုပ္ရွင္ကားကိုေတာ့ ေတာင္ကိုရီးယား ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီတခုျဖစ္တဲ့ CJ Entertainment က တင္ဆက္လိုက္တာျဖစ္ၿပီး ဒါ႐ိုက္တာ Lee Sang-Geun က ကိုယ္တိုင္ဇာတ္လမ္းေရးၿပီး ကိုယ္တိုင္ပဲ ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ Yong-Nam ဟာ တကၠသိုလ္က ဘြဲ႕ရခဲ့တာ ႏွစ္အတန္ၾကာခဲ့ၿပီျဖစ္ေပမယ့္ လက္ ရွိအခ်ိန္ထိ အလုပ္အကိုင္မယ္မယ္ရရမရွိပဲ အလုပ္ရွာေဖြေနတုန္းပါ။ သူ႔ရဲ႕ ဝါသနာတခု ကေတာ့ Rock Climbing လို႔ေခၚတဲ့ စြန႔္စားေက်ာက္ေတာင္တက္ အားကစားပါ။ သူ႔ အေမရဲ႕ အသက္ ၇၀ ျပည့္ ေမြးေန႔ပါတီမွာေတာ့ ေက်ာင္းတုန္းက ဂ်ဴနီယာ ေက်ာင္းသူ Ui-Joo နဲ႔ အမွတ္အထင္ ျပန္ဆုံခဲ့ပါတယ္။ သူတို႔ ၂ ေယာက္ဟာ ေက်ာင္းတုန္းက တည္းက Rock Climbing လႈပ္ရွားမႈေတြမွာ တသင္းတည္း လႈပ္ရွားခဲ့ၾကဖူးၿပီး Yong- Nam က Ui-Joo ကို စိတ္ဝင္စားခဲ့ပါတယ္။ ခုတခါ ျပန္ဆုံခ်ိန္ သူ႔ရဲ႕ အခ်စ္ကို ျပန္ၿပီး ထုတ္ေဖာ္ဖို႔ ႀကိဳးစားခ်ိန္မွာေတာ့ Ui-Joo က လက္မခံခဲ့ပါဘူး။ ဒီအခ်ိန္မွာ သူတို႔ ေနထိုင္ ရာ ၿမိဳ႕ဆီ အႏၲရာယ္ရွိတဲ့ အဆိပ္ဓာတ္ေငြ႕ေတြ ဖုံးလႊမ္းေတာ့မယ့္ အေျခအေနနဲ႔ ႐ုတ္တ ရက္ ရင္ဆိုင္ၾကရခ်ိန္မွာေတာ့ ဘာေတြ ဆက္ျဖစ္လာမလဲ။ ၿမိဳ႕ကိုေရာ ကယ္တင္ႏိုင္ပါ့မ လား၊ သူတို႔ ၂ ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းကေတာ့ ဘယ္လိုအဆုံးသတ္သြားမလဲဆို တာေတြကို ဒီကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ျမန္မာပရိသတ္ေတြ ရင္းႏွီးၾကၿပီးျဖစ္တဲ့ သ႐ုပ္ေဆာင္မင္းသား Jo Jung-Seok နဲ႔ နာမည္ႀကီး ေကေပါ့ပ္အမ်ိဳးသမီး ေတးဂီတအဖြဲ႕တဖြဲ႕ျဖစ္တဲ့ Girls’ Generation အဖြဲ႕က YooNa တို႔က ေခါင္းေဆာင္ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၁၀၃ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ကိုရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဇူ လိုင္လ ၃၁ ရက္ေန႔ကတည္းက ႐ုံတင္ျပသခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာေတာ့ မၾကာခင္ မွာ ႐ုံတင္ျပသသြားမယ္လို႔ ေၾကျငာထားပါတယ္။ Movie Crazy-DVB အစီအစဥ္ကို အပတ္စဥ္ ဗုဒၶဟူးေန႔ ညတိုင္း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီေတြမွာ DVB TV channel ကေန ပုံမွန္တင္ဆက္ေပးေနတာျဖစ္ၿပီး မ ၾကည့္ရႈလိုက္ရသူေတြအတြက္ ၾကာသပေတးေန႔မနက္ ၉.၁၅ နာရီ၊ ေန႔လည္ ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ ေသာၾကာေန႔ ေန႔လည္ ၂.၄၅ နာရီ၊ စေနေန႔ မနက္ ၁၁.၄၅ နာရီနဲ႔ တ နလၤာေန႔မနက္ ၉.၄၅ နာရီတို႔မွာ ျပန္လည္ ထုတ္လႊင့္ျပသေပးေနတာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ Movie Crazy ေတြအတြက္ ႏိုင္ငံတကာနဲ႔ ျမန္မာ႐ုပ္ရွင္ကား ေတြ အေၾကာင္းကို ေကာင္းႏိုးရာရာ ေ႐ြးခ်ယ္တင္ဆက္ေပးေနတာျဖစ္ၿပီး Movie Crazy-DVB ဆိုတဲ့ Facebook စာမ်က္ႏွာကေနတဆင့္လည္း Like, Share နဲ႔ Comment ေတြေပးၿပီး ေတာ့ အားေပးႏိုင္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024