ဟောင်ကောင်နှင့် တရုတ်ပြည်မကြီး နယ်စပ်သို့ တရုတ်အစိုးရတပ်များ ရွှေ့နေဟု ထရမ့် ပြော

970
တရုတ်အစိုးရဟာ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီး နယ်စပ်ဆီကို တပ်တွေ ရွှေ့နေတယ်လို့ ထောက်လှမ်းရေးတွေကို ကိုးကားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ သြဂုတ် ၁၃ ရက်က ပြောလိုက်ပါတယ်။
ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်မှာ ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေကြား ရုန်းရင်းဆန်ခတ်တွေ ဆက်ဖြစ်နေလို့ တည်တည်ငြိမ်ငြိမ် ဘေးကင်းကင်း နေကြဖို့ ထရမ့်က တိုက်တွန်းပါတယ်။
မီဒီယာမှာ အစီရင်ခံပြီးသား နယ်စပ်နားက လှုပ်ရှားမှုကို ရည်ညွှန်းတာလား၊ နောက်ထပ် တပ်အသစ်တွေ ထပ်ရွှေ့တာကို ပြောတာလား ဆိုတာတော့ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သမ္မတ ထရမ့်က "အခြေအနေက အင်မတန် ပရိယာယ်များနေတယ်၊ ဒါက အလုပ်ဖြစ်မယ်ထင်ပါတယ်၊ လွတ်မြောက်ရေးအတွက် အလုပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်၊ တရုတ်အပါအဝင် လူတိုင်း အလုပ်ဖြစ်ဖို့ ကျနော် မျှော်လင့်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း အလုပ်ဖြစ်ဖို့ ဘယ်သူမှ ဒဏ်ရာမရဘဲ၊ မသေကြဘဲ အလုပ်ဖြစ်ဖို့ ကျနော် မျှော်လင့်တယ်" လို့ ပြောပါတယ်။
"ဟောင်ကောင်က အခြေအနေက အင်မတန် ခက်ခဲနေတယ်၊ သူ့အစိုးရအဖွဲ့ဟာ တရုတ်တင်သွင်းကုန်တွေအပေါ် ထပ်ဆောင်းခွန် ကောက်ခံတာတွေကို ဒီဇင်ဘာလလယ်ထိ ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်တယ်၊ ဒါဟာ အမေရိကန် ဈေးဝယ်တွေ ခရစ္စမတ်ရာသီ အားလပ်ရပ်မှာ ဈေးဝယ်တာကို မထိခိုက်အောင် ရှောင်ဖို့ပဲ" လို့လည်း ထရမ့်က ဆက်ပြောပါတယ်။
ဟောင်ကောင်ဟာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီး လက်အောက်ကို တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒနဲ့ အုပ်ချုပ်မယ့်ကတိနဲ့ ပြန်ရောက်လာတာဖြစ်ပြီး တရုတ်ပြည်မကြီးမှာထက် ပိုလွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးစနစ် ရှိပါတယ်။
တရုတ်အစိုးရက သံသယရှိတဲ့လူတွေကို တရုတ်ပြည်မကြီးဆီ လွှဲပေးပြီး တရားစီရင်တာကို ဟောင်ကောင်အစိုးရက ခွင့်ပြုမယ့် ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေမူကြမ်းကို အဆိုပြုအပြီး ဟောင်ကောင်သမိုင်းမှာ အကြီးဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ကာ ဒါဟာ တရုတ်ပြည်မကြီး အစိုးရအပေါ် အကြီးဆုံး စိန်ခေါ်မှုလည်း ဖြစ်လာခဲ့ပါတယ်။
Zawgyi Version ေဟာင္ေကာင္ႏွင့္ တ႐ုတ္ျပည္မႀကီး နယ္စပ္သို႔ တ႐ုတ္အစိုးရတပ္မ်ား ေရႊ႕ေနဟု ထရမ့္ ေျပာ DVB တ႐ုတ္အစိုးရဟာ ေဟာင္ေကာင္နဲ႔ တ႐ုတ္ျပည္မႀကီး နယ္စပ္ဆီကို တပ္ေတြ ေရႊ႕ေနတယ္လို႔ ေထာက္လွမ္းေရးေတြကို ကိုးကားၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တြစ္တာ လူမႈကြန္ရက္ေပၚမွာ ၾသဂုတ္ ၁၃ ရက္က ေျပာလိုက္ပါတယ္။ ၿဗိတိန္ကိုလိုနီေဟာင္း ေဟာင္ေကာင္မွာ ဆႏၵျပသူေတြနဲ႔ အာဏာပိုင္ေတြၾကား ႐ုန္းရင္းဆန္ခတ္ေတြ ဆက္ျဖစ္ေနလို႔ တည္တည္ၿငိမ္ၿငိမ္ ေဘးကင္းကင္း ေနၾကဖို႔ ထရမ့္က တိုက္တြန္းပါတယ္။ မီဒီယာမွာ အစီရင္ခံၿပီးသား နယ္စပ္နားက လႈပ္ရွားမႈကို ရည္ၫႊန္းတာလား၊ ေနာက္ထပ္ တပ္အသစ္ေတြ ထပ္ေရႊ႕တာကို ေျပာတာလား ဆိုတာေတာ့ ခ်က္ခ်င္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ သမၼတ ထရမ့္က "အေျခအေနက အင္မတန္ ပရိယာယ္မ်ားေနတယ္၊ ဒါက အလုပ္ျဖစ္မယ္ထင္ပါတယ္၊ လြတ္ေျမာက္ေရးအတြက္ အလုပ္ျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္၊ တ႐ုတ္အပါအဝင္ လူတိုင္း အလုပ္ျဖစ္ဖို႔ က်ေနာ္ ေမွ်ာ္လင့္တယ္၊ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အလုပ္ျဖစ္ဖို႔ ဘယ္သူမွ ဒဏ္ရာမရဘဲ၊ မေသၾကဘဲ အလုပ္ျဖစ္ဖို႔ က်ေနာ္ ေမွ်ာ္လင့္တယ္" လို႔ ေျပာပါတယ္။ "ေဟာင္ေကာင္က အေျခအေနက အင္မတန္ ခက္ခဲေနတယ္၊ သူ႔အစိုးရအဖြဲ႔ဟာ တ႐ုတ္တင္သြင္းကုန္ေတြအေပၚ ထပ္ေဆာင္းခြန္ ေကာက္ခံတာေတြကို ဒီဇင္ဘာလလယ္ထိ ေရႊ႕ဆိုင္းထားဖို႔ ဆံုးျဖတ္တယ္၊ ဒါဟာ အေမရိကန္ ေစ်းဝယ္ေတြ ခရစၥမတ္ရာသီ အားလပ္ရပ္မွာ ေစ်းဝယ္တာကို မထိခိုက္ေအာင္ ေရွာင္ဖို႔ပဲ" လို႔လည္း ထရမ့္က ဆက္ေျပာပါတယ္။ ေဟာင္ေကာင္ဟာ ၿဗိတိန္လက္ေအာက္ကေန တ႐ုတ္ျပည္မႀကီး လက္ေအာက္ကို တႏိုင္ငံ စနစ္ႏွစ္မ်ိဳး မူဝါဒနဲ႔ အုပ္ခ်ဳပ္မယ့္ကတိနဲ႔ ျပန္ေရာက္လာတာျဖစ္ၿပီး တ႐ုတ္ျပည္မႀကီးမွာထက္ ပိုလြတ္လပ္တဲ့ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးစနစ္ ရွိပါတယ္။ တရုတ္အစိုးရက သံသယရွိတဲ့လူေတြကို တရုတ္ျပည္မႀကီးဆီ လႊဲေပးျပီး တရားစီရင္တာကို ေဟာင္ေကာင္အစိုးရက ခြင့္ျပဳမယ့္ ရာဇဝတ္သား လႊဲေျပာင္းေရး ဥပေဒမူၾကမ္းကို အဆိုျပဳအၿပီး ေဟာင္ေကာင္သမိုင္းမွာ အႀကီးဆံုး ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ကာ ဒါဟာ တ႐ုတ္ျပည္မႀကီး အစိုးရအေပၚ အႀကီးဆံုး စိန္ေခၚမႈလည္း ျဖစ္လာခဲ့ပါတယ္။