ရီးရဲလ်နည်းပြ ဇီဒန်းကို အမြဲအမှတ်ရနေမည်ဟု တိုက်စစ်မှူး ရော်နယ်ဒို ပြော

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကို နှလုံးသားထဲမှာ အမြဲအမှတ်ရနေမှာ ဖြစ်တယ်လို့ ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။
စီရော်နယ်ဒိုဟာ ရီးရဲလ်အသင်းမှာတုန်းက နည်းပြဇီဒန်းနဲ့ လက်တွဲပြီး ဥရောပချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့သလို လာလီဂါချန်ပီယံတကြိမ်လည်း ရယူနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပေမယ့်လည်း နည်းပြ ဇီဒန်းဟာ သူခြေစွမ်းပြသနိုင်ဖို့ ကူညီပေးခဲ့သူ ဖြစ်တာကြောင့် အသင်းပြောင်းရွှေ့သွားပေမယ့်လည်း ရင်ထဲမှာ အမြဲအမှတ်ရနေမှာ ဖြစ်တယ်လို့ စီရော်နယ်ဒိုက ပြောပါတယ်။
ကစားသမားတဦးက ယုံကြည်မှုရှိရုံနဲ့တင်မရဘဲ နည်းပြနဲ့ အသင်းဖော်တွေရဲ့ ဖေးမမှုလည်း လိုအပ်တယ်လို့ စီရော်နယ်ဒိုက ပြောပါတယ်။
နည်းပြဇီဒန်းကတော့ မိမိပေါ်မှာ ရိုးသားစွာနဲ့ အားပေးစကား ပြောကြားလေ့ရှိတာကြောင့် အမြဲတမ်း အမှတ်ရနေမှာဖြစ်တယ်လို့ စီရော်နယ်ဒိုက ဆိုပါတယ်။
Zawgyi Version
ရီးရဲလ္နည္းျပ ဇီဒန္းကို အၿမဲအမွတ္ရေနမည္ဟု တိုက္စစ္မႉး ေရာ္နယ္ဒို ေျပာ
DVB
ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းကို ႏွလုံးသားထဲမွာ အၿမဲအမွတ္ရေနမွာ ျဖစ္တယ္လို႔ ဂ်ဴဗင္တပ္ တိုက္စစ္မႉး စီေရာ္နယ္ဒိုက ေျပာပါတယ္။
စီေရာ္နယ္ဒိုဟာ ရီးရဲလ္အသင္းမွာတုန္းက နည္းျပဇီဒန္းနဲ႔ လက္တြဲၿပီး ဥေရာပခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္ဆက္တိုက္ ရယူႏိုင္ခဲ့သလို လာလီဂါခ်န္ပီယံတႀကိမ္လည္း ရယူႏိုင္ခဲ့တာပါ။
ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အသင္းဆီ ေျပာင္းေ႐ႊ႕သြားခဲ့ေပမယ့္လည္း နည္းျပ ဇီဒန္းဟာ သူေျခစြမ္းျပသႏိုင္ဖို႔ ကူညီေပးခဲ့သူ ျဖစ္တာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕သြားေပမယ့္လည္း ရင္ထဲမွာ အၿမဲအမွတ္ရေနမွာ ျဖစ္တယ္လို႔ စီေရာ္နယ္ဒိုက ေျပာပါတယ္။
ကစားသမားတဦးက ယုံၾကည္မႈရွိ႐ုံနဲ႔တင္မရဘဲ နည္းျပနဲ႔ အသင္းေဖာ္ေတြရဲ႕ ေဖးမမႈလည္း လိုအပ္တယ္လို႔ စီေရာ္နယ္ဒိုက ေျပာပါတယ္။
နည္းျပဇီဒန္းကေတာ့ မိမိေပၚမွာ ႐ိုးသားစြာနဲ႔ အားေပးစကား ေျပာၾကားေလ့ရွိတာေၾကာင့္ အၿမဲတမ္း အမွတ္ရေနမွာျဖစ္တယ္လို႔ စီေရာ္နယ္ဒိုက ဆိုပါတယ္။