A d v e r t i s e m e n t With Us

လုံခြုံရေးအခြေအနေကြောင့် အိုဇေးလ်နှင့် ကိုလာစီနက် အာဆင်နယ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိ

အာဆင်နယ်ကစားသမားနှစ်ဦးဖြစ်တဲ့ အိုဇေးလ်နဲ့ ကိုလာစီနက်တို့ဟာ လုံခြုံရေးအခြေအနေကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို ဆက်လက်လွဲချော်ဖို့ ရှိနေပါတယ်။ အိုဇေးလ်နဲ့ ကိုလာစီနက်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့လပိုင်းက လန်ဒန်မြို့မှာ ဓားကိုင်ဆောင်ထားတဲ့ လူနှစ်ဦးနဲ့ ပြဿနာဖြစ်ခဲ့တာပါ။ ဓားကိုင်ဆောင်ထားသူနှစ်ဦးက အိုဇေးလ်ရဲ့ ကားအနီးမှာ ဆိုင်ကယ်တစီးနဲ့ ရောက်လာပြီး လုယက် ဖို့ ကြိုးပမ်းခဲ့ကြတာပါ။ အဲဒီအချိန်မှာ အတူလိုက်ပါလာတဲ့ အိုဇေးလ်ရဲ့ အသင်းဖော် ကိုလာစီနက်က လုယက် ကိုင်ဆောင်သူနှစ်ဦးကို ပြန်လည် ခြောက်လှန့်ခဲ့တာကြောင့် ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး လုယက်သူတွေဘက်က အိုဇေးလ်နဲ့ ကိုလာစီနက်ကို ခြိမ်းခြောက် စာတွေပို့ပြီး လက်စားချေဖို့ ပြင်ဆင်နေတာကြောင့် သူတို့နှစ်ဦးအတွက် လုံခြုံရေး တင်းကျပ်ထားရပါတယ်။ အဲဒီအခြေအနေကြောင့် အိုဇေးလ်နဲ့ ကိုလာစီနက်တို့ဟာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ အိမ်အနီးမှာလည်း လုံခြုံရေး တင်းကျပ်စွာ ဆက်လက်ချထားရဆဲဖြစ်ပြီး နောက်ထပ်ပွဲစဉ်တွေကိုလည်း လွဲချော်ဖို့ရှိနေတယ်လို့ သိရပါတယ်။
Zawgyi Version လုံၿခဳံေရးအေျခအေနေၾကာင့္ အိုေဇးလ္ႏွင့္ ကိုလာစီနက္ အာဆင္နယ္ပြဲစဥ္မ်ားကို လြဲေခ်ာ္ဖြယ္ရွိ DVB အာဆင္နယ္ကစားသမားႏွစ္ဦးျဖစ္တဲ့ အိုေဇးလ္နဲ႔ ကိုလာစီနက္တို႔ဟာ လုံၿခဳံေရးအေျခအေနေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ေတြကို ဆက္လက္လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။ အိုေဇးလ္နဲ႔ ကိုလာစီနက္တို႔ ႏွစ္ဦးဟာ ၿပီးခဲ့တဲ့လပိုင္းက လန္ဒန္ၿမိဳ႕မွာ ဓားကိုင္ေဆာင္ထားတဲ့ လူႏွစ္ဦးနဲ႔ ျပႆနာျဖစ္ခဲ့တာပါ။ ဓားကိုင္ေဆာင္ထားသူႏွစ္ဦးက အိုေဇးလ္ရဲ႕ ကားအနီးမွာ ဆိုင္ကယ္တစီးနဲ႔ ေရာက္လာၿပီး လုယက္ ဖို႔ ႀကိဳးပမ္းခဲ့ၾကတာပါ။ အဲဒီအခ်ိန္မွာ အတူလိုက္ပါလာတဲ့ အိုေဇးလ္ရဲ႕ အသင္းေဖာ္ ကိုလာစီနက္က လုယက္ ကိုင္ေဆာင္သူႏွစ္ဦးကို ျပန္လည္ ေျခာက္လွန႔္ခဲ့တာေၾကာင့္ ထြက္ေျပးသြားခဲ့တာ ျဖစ္ပါတယ္။ အဲဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး လုယက္သူေတြဘက္က အိုေဇးလ္နဲ႔ ကိုလာစီနက္ကို ၿခိမ္းေျခာက္ စာေတြပို႔ၿပီး လက္စားေခ်ဖို႔ ျပင္ဆင္ေနတာေၾကာင့္ သူတို႔ႏွစ္ဦးအတြက္ လုံၿခဳံေရး တင္းက်ပ္ထားရပါတယ္။ အဲဒီအေျခအေနေၾကာင့္ အိုေဇးလ္နဲ႔ ကိုလာစီနက္တို႔ဟာ နယူးကာဆယ္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ အိမ္အနီးမွာလည္း လုံၿခဳံေရး တင္းက်ပ္စြာ ဆက္လက္ခ်ထားရဆဲျဖစ္ၿပီး ေနာက္ထပ္ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ဖို႔ရွိေနတယ္လို႔ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up