Home
မြန်မာသတင်း
တပ်သိမ်းလယ်ယာမြေကိစ္စ ဖြေရှင်းပေးရန် မြစ်သားမြို့တွင် တောင်သူများဆန္ဒပြ
Aung Aung Naing
·
August 14, 2019
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မှာ တပ်မတော်သားရေစက်ရုံကနေ တောင်သူပိုင်မြေတွေ သိမ်းဆည်းခံထားရတာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ သိမ်းဆည်းခံတောင်သူတွေက ဒီနေ့ တောင်းဆိုဆန္ဒပြကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်သူ  ဦးဝင်းသော်က “ကျနော်တို့ ၁၉၆၈ ခုနှစ်ကတည်းက လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာမြေတွေကို တပ်မတော်ချည်ထည်က အဓမ္မသိမ်းယူခဲ့ပြီးတပ်မတော် သားရေစက်ရုံကိုလွှဲ ပြောင်းပေးခဲ့တာ အခု ခြံစည်းရိုးကာနေတာကို ရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်ရတာပါ။ လွှတ်တော် ကိုယ်စားလှယ်ကို လယ်ယာမြေတွေကို ပြန်လည်စိစစ်ပေးဖို့ အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် ဒီနေ့ ဒီအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိတာကြောင့် ဒီနေ့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်”လို့ ပြောပါတယ်။ ဒေသခံတောင်သူတွေဟာ ၁၉၆၈ -၆၉ ခုနှစ်ကတည်းက ဘိုးဘွားတွေ လက်ထက်ကတည်းက လယ်ယာမြေတွေကို လုပ်ကိုင်စားသောက်ခဲ့ကြပါတယ်။ ၁၉၉၃-၉၄ ခုနှစ်မှာ တပ်မတော်ချည်ထည်က သိမ်းယူခဲ့ကာ တပ်မတော်သားရေစက်ရုံကို လွှဲပြောင်းပေးခဲ့ပေမယ့် သိမ်းဆည်းခံတောင်သူတွေဟာ လယ်ယာမြေနဲ့ ပတ်သက်တဲ့သီးနှံခွန်တွေကို ၂၀၁၂ ခုနှစ်အထိ နိုင်ငံတော်ကို အခွန်ပေးဆောင်ထားခဲ့ပါတယ်။ မြနဒီရွာ၊ မြဝတီရွာ၊ ချမ်းငြိမ်းသာ တောင်တောရွာကုန်းမြင့်ရွာလေးက လယ်မြေဧက ၁၁၀၀ ကျော်ကို သိမ်းယူခဲ့တာကြောင့် သိမ်းဆည်းခံ ဒေသခံတောင်သူ ၁၅၀ နီးပါးက မြစ်သားမြို့တွင်း လူစည်ကားရာနေရာမှာ မြို့တပတ်ပါတ်ပြီး ဆန္ဒထုတ်ခဲ့သလို သိမ်းဆည်းခဲ့တဲ့ တပ်မတော်သားရေစက်ရုံရှေ့အထိ တရက်ထည်းနှစ်နေရာကိုအင်အား ၁၅၀ နီးပါးနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ သိမ်းဆည်းထားတဲ့မြေတွေ ခြံစည်းရိုးကားရံနေတာ ရပ်ဆိုင်းပေးရေး၊ တပ်မတော်သားရေစက်ရုံက တောင်သူပိုင်မြေများ သိမ်းဆည်းထားမူ လွှတ်တော်ကိုယ်စားလှယ်များက ဖြေရှင်းပေးရေး၊ လယ်ယာမြေစီမံခန့်ခွဲမူ အဆင့်ဆင့်က သိမ်းဆည်းမြေပြသနာများ ဖြေရှင်းပေးရေး စတဲ့ကြွေးကြော်သံ သုံးချက်ကို ဒေသခံတွေက  လမ်းလျောက်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။
တပ္သိမ္းလယ္ယာေျမကိစၥ ေျဖရွင္းေပးရန္ ျမစ္သားၿမိဳ႕တြင္ ေတာင္သူမ်ားဆႏၵျပ ေအာင္ေအာင္ႏိုင္ မႏၲေလးတိုင္း၊ ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕မွာ တပ္မေတာ္သားေရစက္႐ုံကေန ေတာင္သူပိုင္ေျမေတြ သိမ္းဆည္းခံထားရတာကို အျမန္ဆုံး ေျဖရွင္းေပးဖို႔ သိမ္းဆည္းခံေတာင္သူေတြက ဒီေန႔ ေတာင္းဆိုဆႏၵျပၾကပါတယ္။ ဆႏၵျပပြဲဦးေဆာင္သူ ဦးဝင္းေသာ္က “က်ေနာ္တို႔ ၁၉၆၈ ခုႏွစ္ကတည္းက လုပ္ကိုင္စားေသာက္လာတဲ့ လယ္ယာေျမေတြကို တပ္မေတာ္ခ်ည္ထည္က အဓမၼသိမ္းယူခဲ့ၿပီးတပ္မေတာ္ သားေရစက္႐ုံကိုလႊဲ ေျပာင္းေပးခဲ့တာ အခု ၿခံစည္း႐ိုးကာေနတာကို ရပ္ဆိုင္းေပးဖို႔ ဆႏၵထုတ္ေဖာ္ရတာပါ။ လႊတ္ေတာ္ ကိုယ္စားလွယ္ကို လယ္ယာေျမေတြကို ျပန္လည္စိစစ္ေပးဖို႔ အႀကိမ္ႀကိမ္တင္ျပခဲ့ေပမယ့္ ဒီေန႔ ဒီအခ်ိန္အထိ အေၾကာင္းျပန္ၾကားျခင္း မရွိတာေၾကာင့္ ဒီေန႔ ဆႏၵထုတ္ေဖာ္ရတာျဖစ္တယ္”လို႔ ေျပာပါတယ္။ ေဒသခံေတာင္သူေတြဟာ ၁၉၆၈ -၆၉ ခုႏွစ္ကတည္းက ဘိုးဘြားေတြ လက္ထက္ကတည္းက လယ္ယာေျမေတြကို လုပ္ကိုင္စားေသာက္ခဲ့ၾကပါတယ္။ ၁၉၉၃-၉၄ ခုႏွစ္မွာ တပ္မေတာ္ခ်ည္ထည္က သိမ္းယူခဲ့ကာ တပ္မေတာ္သားေရစက္႐ုံကို လႊဲေျပာင္းေပးခဲ့ေပမယ့္ သိမ္းဆည္းခံေတာင္သူေတြဟာ လယ္ယာေျမနဲ႔ ပတ္သက္တဲ့သီးႏွံခြန္ေတြကို ၂၀၁၂ ခုႏွစ္အထိ ႏိုင္ငံေတာ္ကို အခြန္ေပးေဆာင္ထားခဲ့ပါတယ္။ ျမနဒီ႐ြာ၊ ျမဝတီ႐ြာ၊ ခ်မ္းၿငိမ္းသာ ေတာင္ေတာ႐ြာကုန္းျမင့္႐ြာေလးက လယ္ေျမဧက ၁၁၀၀ ေက်ာ္ကို သိမ္းယူခဲ့တာေၾကာင့္ သိမ္းဆည္းခံ ေဒသခံေတာင္သူ ၁၅၀ နီးပါးက ျမစ္သားၿမိဳ႕တြင္း လူစည္ကားရာေနရာမွာ ၿမိဳ႕တပတ္ပါတ္ၿပီး ဆႏၵထုတ္ခဲ့သလို သိမ္းဆည္းခဲ့တဲ့ တပ္မေတာ္သားေရစက္႐ုံေရွ႕အထိ တရက္ထည္းႏွစ္ေနရာကိုအင္အား ၁၅၀ နီးပါးနဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။ သိမ္းဆည္းထားတဲ့ေျမေတြ ၿခံစည္း႐ိုးကားရံေနတာ ရပ္ဆိုင္းေပးေရး၊ တပ္မေတာ္သားေရစက္႐ုံက ေတာင္သူပိုင္ေျမမ်ား သိမ္းဆည္းထားမူ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျဖရွင္းေပးေရး၊ လယ္ယာေျမစီမံခန႔္ခြဲမူ အဆင့္ဆင့္က သိမ္းဆည္းေျမျပသနာမ်ား ေျဖရွင္းေပးေရး စတဲ့ေႂကြးေၾကာ္သံ သုံးခ်က္ကို ေဒသခံေတြက လမ္းေလ်ာက္ဆႏၵထုတ္ေဖာ္ေတာင္းဆိုခဲ့ၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024