ဟောင်ကောင်လေဆိပ်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသမားများ ပဋိပက္ခဖြစ် (ရုပ်သံ)

935
ဟောင်ကောင် နိုင်ငံတကာလေဆိပ်မှာ သြဂုတ် ၁၃ ရက်နေ့က ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ခဲ့ပါတယ်။
လေဆိပ်မှာ ဒုတိယနေ့အဖြစ် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီးနောက် ဟောင်ကောင် နိုင်ငံရေး အကျပ်အတည်း ပိုနက်ရှိုင်းလာပါတယ်။
ထောင်နဲ့ချီတဲ့ အနက်ရောင်ဝတ် ဆန္ဒပြသူတွေက လေဆိပ်ထဲဝင်ရောက်ပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ယာဉ်တွေကို ဆန္ဒပြသူတွေက ပိတ်ဆို့ခဲ့တာကြောင့် အဓိကရုဏ်းရဲတွေ ဝင်လာပြီး ဆန္ဒပြသူတွေကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီလိုဖယ်ရှားရာမှာ ရဲတပ်ဖွဲ့ဝင်တယောက်က သေနတ်ထုတ် ချိန်ရွယ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက လေဆိပ် လူသွားလမ်းတွေကိုလည်း ပစ္စည်းသယ်လှည်းတွေ၊ သတ္တုအရံအတားတွေနဲ့ ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီအတွက် ဆန္ဒပြသူ ၂ ယောက်ထက်မနည်း ရဲက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် ဆန္ဒပြသူတွေက လူတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတချို့က အဲဒီလူဟာ ပြည်မကြီးက လျှို့ဝှက်ရဲအရာရှိတဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း China's Global Times သတင်းဌာန အယ်ဒီတာချုပ်က အဲဒီလူဟာ သူတို့သတင်းထောက်ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က သူ့ကို ကယ်တင်ခဲ့တယ်လို့ အယ်ဒီတာချုပ်က တွစ်တာမှာ ရေးခဲ့ပါတယ်။
Global Times ဟာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ People's Daily ကထုတ်တဲ့ သတင်းစာ ဖြစ်ပါတယ်။
သြဂုတ် ၁၃ ရက်နေ့မှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ် ဘာချဲလက်က ဟောင်ကောင် အာဏာပိုင်တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့နဲ့ နိုင်ငံတကာဥပဒေမှာ တားမြစ်တဲ့ နည်းလမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုတဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။
Zawgyi Version ေဟာင္ေကာင္ေလဆိပ္တြင္ ရဲတပ္ဖြဲ႔ႏွင့္ ဆႏၵျပသမားမ်ား ပဋိပကၡျဖစ္ (႐ုပ္သံ) DVB ေဟာင္ေကာင္ ႏိုင္ငံတကာေလဆိပ္မွာ ၾသဂုတ္ ၁၃ ရက္ေန႔က ရဲတပ္ဖြဲ႔နဲ႔ ဆႏၵျပသူေတြ ပဋိပကၡျဖစ္ခဲ့ပါတယ္။ ေလဆိပ္မွာ ဒုတိယေန႔အျဖစ္ ေလယာဥ္ခရီးစဥ္ေတြ ဖ်က္သိမ္းခဲ့ရၿပီးေနာက္ ေဟာင္ေကာင္ ႏိုင္ငံေရး အက်ပ္အတည္း ပိိုနက္႐ႈိင္းလာပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ အနက္ေရာင္ဝတ္ ဆႏၵျပသူေတြက ေလဆိပ္ထဲဝင္ေရာက္ၿပီး ေႂကြးေၾကာ္သံေတြ ဟစ္ေႂကြးခဲ့ပါတယ္။ ရဲတပ္ဖြဲ႔ယာဥ္ေတြကို ဆႏၵျပသူေတြက ပိတ္ဆို႔ခဲ့တာေၾကာင့္ အဓိက႐ုဏ္းရဲေတြ ဝင္လာၿပီး ဆႏၵျပသူေတြကို ဖယ္ရွားခဲ့ပါတယ္။ အဲဒီလိုဖယ္ရွားရာမွာ ရဲတပ္ဖြဲ႔ဝင္တေယာက္က ေသနတ္ထုတ္ ခ်ိန္ရြယ္ခဲ့ပါတယ္။ ဆႏၵျပသူေတြက ေလဆိပ္ လူသြားလမ္းေတြကိုလည္း ပစၥည္းသယ္လွည္းေတြ၊ သတၱဳအရံအတားေတြနဲ႔ ပိတ္ဆို႔ခဲ့ပါတယ္။ အဲဒီအတြက္ ဆႏၵျပသူ ၂ ေယာက္ထက္မနည္း ရဲက ဖမ္းဆီးခဲ့ပါတယ္။ အဲဒီေနာက္ ဆႏၵျပသူေတြက လူတေယာက္ကို ဖမ္းဆီးခဲ့ပါတယ္။ တက္ႂကြလႈပ္ရွားသူတခ်ိဳ႕က အဲဒီလူဟာ ျပည္မႀကီးက လွ်ဳိ႕ဝွက္ရဲအရာရွိတဦးျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း China's Global Times သတင္းဌာန အယ္ဒီတာခ်ဳပ္က အဲဒီလူဟာ သူတို႔သတင္းေထာက္ျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီေနာက္မွာေတာ့ ရဲတပ္ဖြဲ႔က သူ႔ကို ကယ္တင္ခဲ့တယ္လို႔ အယ္ဒီတာခ်ဳပ္က တြစ္တာမွာ ေရးခဲ့ပါတယ္။ Global Times ဟာ အာဏာရ ကြန္ျမဴနစ္ပါတီရဲ႕ People's Daily ကထုတ္တဲ့ သတင္းစာ ျဖစ္ပါတယ္။ ၾသဂုတ္ ၁၃ ရက္ေန႔မွာပဲ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး မီရွယ္ ဘာခ်ဲလက္က ေဟာင္ေကာင္ အာဏာပိုင္ေတြကို ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔နဲ႔ ႏိုင္ငံတကာဥပေဒမွာ တားျမစ္တဲ့ နည္းလမး္ေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြက မ်က္ရည္ယိုဓာတ္ေငြ႔ အသံုးျပဳတဲ့ အေထာက္အထားေတြကို စံုစမ္းစစ္ေဆးဖို႔ တိုက္တြန္းလိုက္ပါတယ္။