DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story လူမှုရေး သတင်း

လမ်းပန်းဆက်သွယ်ရေးပြတ်နေသည့် ရေးမြို့နယ်က ရေဘေးသင့်ပြည်သူများ အကူအညီလိုနေ

  • By DVB
  • 14 August 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရေဘေးသင့် ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ နေအိမ်တွေ ပြန်ဆောက်ဖို့နဲ့ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေပါတယ်။

ရေကြီးစဉ်က ကယ်ဆယ်ရေးစခန်းတွေကို မိသားစုအလိုက် မသွားရောက်နိုင်ခဲ့ပေမယ့် နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်ခိုလှုံခဲ့ရသူတွေဟာလည်း နေအိမ်က ပစ္စည်းတွေ ဆုံးရှုံးမှုတွေ ရှိနေသလို စားဝတ်နေရေးအတွက် အကူညီတွေ လိုအပ်နေဆဲပဲလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ကိုးမိုင်ကျေးရွာဒေသခံ ဦးလှိုင်ဘွားက ပရဟိတအဖွဲ့တွေ လာရောက်လှူဒါန်းတဲ့အတွက် လက်တလော အဆင်ပြေသွားပေမယ့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရွာတွေမှာတော့ အကူညီ လိုအပ်နေတယ်လို့  ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေဆီကို အနယ်နယ်အရပ်ရပ်က လာရောက် လှူဒါန်းတာတွေရှိနေလို့  ယာယီကယ်ဆယ်ရေးစခန်းမှာခိုလှုံနေတဲ့ ရေဘေးသင့်ပြည်သူတွေကတော့ လတ်တလော အဆင်ပြေနေပါတယ်။

ရေး-ထားဝယ်ရထားလမ်းကတော့ တောင်ပြိုမှုတွေ မရှင်းလင်းနိုင်သေးလို့ ခရီးစဉ်တွေ ပိတ်ထားဆဲဖြစ်သလို ရေး၊ မော်လမြိုင်၊ ရန်ကုန် ရထားခရီးစဉ်ကို လာမယ့် သြဂုတ် ၁၅ ရက်နေ့ အချိန်မီ ပြန်လည်ပြေးဆွဲမယ်လို့ ရေးမြို့ရထားရုံပိုင်တာဝန်ခံ ဦးမောင်မောင်မြင့် က ပြောပါတယ်။

ရေးမြို့မှာ ရေကပြန်လည်ကျဆင်းသွားပေမယ့် ရေဘေးသင့်စာသင်ကျောင်းတွေ၊ နေအိမ်တွေ ပျက်စီး ရေထဲမျောပါတာအများပြားရှိခဲ့လို့   ပြန်လည်ထူရေးလုပ်ငန်းတွေလုပ်ဖို့လည်း အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း- နေမျိုးထွဋ် 


လမ္းပန္းဆက္သြယ္ေရးျပတ္ေနသည့္ ေရးၿမိဳ႕နယ္က ေရေဘးသင့္ျပည္သူမ်ား အကူအညီလိုေန
DVB
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ထဲက လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ေနတဲ့ ေရေဘးသင့္ ေက်း႐ြာေတြမွာ ေဒသခံျပည္သူေတြ ေနအိမ္ေတြ ျပန္ေဆာက္ဖို႔နဲ႔ စားဝတ္ေနေရးအတြက္ အကူအညီ လိုအပ္ေနပါတယ္။

ေရႀကီးစဥ္က ကယ္ဆယ္ေရးစခန္းေတြကို မိသားစုအလိုက္ မသြားေရာက္ႏိုင္ခဲ့ေပမယ့္ နီးစပ္ရာေဆြမ်ိဳးေတြဆီ သြားေရာက္ခိုလႈံခဲ့ရသူေတြဟာလည္း ေနအိမ္က ပစၥည္းေတြ ဆုံးရႈံးမႈေတြ ရွိေနသလို စားဝတ္ေနေရးအတြက္ အကူညီေတြ လိုအပ္ေနဆဲပဲလို႔ အုပ္ခ်ဳပ္ေရးမႉးေတြက ေျပာပါတယ္။

ကိုးမိုင္ေက်း႐ြာေဒသခံ ဦးလႈိင္ဘြားက ပရဟိတအဖြဲ႕ေတြ လာေရာက္လႉဒါန္းတဲ့အတြက္ လက္တေလာ အဆင္ေျပသြားေပမယ့္ လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ေနတဲ့ ႐ြာေတြမွာေတာ့ အကူညီ လိုအပ္ေနတယ္လို႔ ေျပာပါတယ္။

ေရေဘးသင့္ျပည္သူေတြဆီကို အနယ္နယ္အရပ္ရပ္က လာေရာက္ လႉဒါန္းတာေတြရွိေနလို႔ ယာယီကယ္ဆယ္ေရးစခန္းမွာခိုလႈံေနတဲ့ ေရေဘးသင့္ျပည္သူေတြကေတာ့ လတ္တေလာ အဆင္ေျပေနပါတယ္။

ေရး-ထားဝယ္ရထားလမ္းကေတာ့ ေတာင္ၿပိဳမႈေတြ မရွင္းလင္းႏိုင္ေသးလို႔ ခရီးစဥ္ေတြ ပိတ္ထားဆဲျဖစ္သလို ေရး၊ ေမာ္လၿမိဳင္၊ ရန္ကုန္ ရထားခရီးစဥ္ကို လာမယ့္ ၾသဂုတ္ ၁၅ ရက္ေန႔ အခ်ိန္မီ ျပန္လည္ေျပးဆြဲမယ္လို႔ ေရးၿမိဳ႕ရထား႐ုံပိုင္တာဝန္ခံ ဦးေမာင္ေမာင္ျမင့္ က ေျပာပါတယ္။

ေရးၿမိဳ႕မွာ ေရကျပန္လည္က်ဆင္းသြားေပမယ့္ ေရေဘးသင့္စာသင္ေက်ာင္းေတြ၊ ေနအိမ္ေတြ ပ်က္စီး ေရထဲေမ်ာပါတာအမ်ားျပားရွိခဲ့လို႔ ျပန္လည္ထူေရးလုပ္ငန္းေတြလုပ္ဖို႔လည္း အကူအညီေတြ လိုအပ္ေနပါတယ္။
သတင္း- ေနမ်ိဳးထြဋ္

Tags: လမ်းပန်းဆက်သွယ်ရေးပြတ်နေသည့် ရေးမြို့နယ်က ရေဘေးသင့်ပြည်သူများ အကူအညီလိုနေ

  • Previous story လီဗာပူးဂိုးသမား အလစ်ဆန် ရက်သတ္တပတ် အနည်းငယ် အနားယူရမည်
  • Next story သပိတ်ကျင်းမြို့နယ်တွင် ရွှေလုပ်ကွက်များဖယ်ရှားပေးရန်ဆန္ဒပြ
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ICJ တရားရုံးကြားနာပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့တက်ရောက် 

    • gallery

      ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေကြသည့် ရန်ကုန်မြို့က လူပင်လယ်မြင်ကွင်း 

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ဒေးဒရဲမြို့တွင်ကျင်းပ 

    • gallery

      အိုင်စီဂျေ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ မြင်ကွင်း (ဓာတ်ပုံ)

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ ပဲခူးမြို့တွင်ကျင်းပ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
    • 02 ဘုတလင်မြို့နယ်တွင် သားအမိ ၂ ဦး အသတ်ခံရ
    • 03 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 04 စိုင်းထီးဆိုင်ရဲ့ ‘ဒီဆောင်းတစ်ည’သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် အစွမ်းပြသီဆိုခဲ့သူ အေးမြဖြူ(ရုပ်သံ)
    • 05 မြေပုံထိပ်ဖျား သဘာဝအလှတရား (ဓာတ်ပုံ)
    • 01 ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် မသက်ထားသူဇာ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ
    • 02 ICJ တရားရုံးကြားနာပွဲ၌ ဂမ်ဘီယာနိုင်ငံက မြန်မာတပ်မတော်ကို အပြင်းအထန်စွပ်စွဲ 
    • 03 ပန်းတောင်းမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်းနှင့် ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီး 
    • 04 ရုရှားမှ တရုတ်ကို ပို့ဆောင်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်
    • 05 အင်တာမီလန်က အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ပြင်ဆင်
    • 01 ICJ တရားရုံးကြားနာပွဲ၌ ဂမ်ဘီယာနိုင်ငံက မြန်မာတပ်မတော်ကို အပြင်းအထန်စွပ်စွဲ 
    • 02 မြောင်းမြနှင့် ဖျာပုံတွင် နိုင်ငံတော်အတိုင်ပင်ခံအားထောက်ခံပွဲ ပြုလုပ်
    • 03 ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ထောက်ခံဆန္ဒပြ 
    • 04 ပလက်ဝတွင် စက်လှေတစီး ဗုံးသီးဖြင့်အပစ်ခံရ၊ ၃ ဦးသေဆုံး
    • 05 ကော့သောင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲအားထောက်ခံပွဲနှင့် ဆိုင်းဘုတ်ဖွင့်လှစ်ပွဲကျင်းပ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.