ကုန်သွယ်ရေး အငြင်းပွားမှုနှင့်ပတ်သက်ပြီး ဆိုးလ်မြို့တွင် ဂျပန်ဝန်ကြီးချုပ်ကို ဆန့်ကျင်ဆန္ဒပြ

တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံအကြား မကြာသေးခင်က ကုန်သွယ်ရေး အငြင်းပွားမှုနဲ့ ပတ်သက်လို့ မနေ့က ဆိုးလ်မြို့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီလအစောပိုင်းမှာ ဂျပန်က တောင်ကိုရီးယားအပေါ် ယုံကြည်မှု ပျက်ပြားတယ်လို့ ပြောကြားပြီး ကုန်သွယ်မှု ကန့်သတ်ချက် အနည်းဆုံးနိုင်ငံများ စာရင်းကနေ ဖယ်ရှားတယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီလို တောင်ကိုရီးယားကို whitelist စာရင်းက ဖယ်ရှားလိုက်တာဟာ ကုန်သွယ်မှု လက်တုံ့ပြန်တာပဲလို့ ဆန္ဒပြသူတွေက ပြောခဲ့ပါတယ်။
ဒါပေမယ့် တောင်ကိုရီးယား ဆန္ဒပြသူတွေဟာ ဂျပန်နိုင်ငံသားတွေနဲ့ ဆက်ဆံရေး ကောင်းမွန်နေတာကို ဆက်လက်ထိန်းသိမ်းလိုကြပါတယ်။
သြဂုတ် ၁၂ ရက်နေ့မှာ တောင်ကိုရီးယား အစိုးရကလည်း လက်တုံ့ပြန်ပြီး ဂျပန်နိုင်ငံကို သူ့ရဲ့ အလျင်အမြန် ကုန်သွယ်မှုစာရင်း "white list" ကနေ ဖယ်ရှားဖို့ စီစဉ်နေတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
ကိုရီးယား လွတ်မြောက်ရေး ဖက်ဒရေးရှင်း အထွေထွေအတွင်းရေးမှူးချုပ်က “တောင်ကိုရီးယားကို whitelist စာရင်းက ဖယ်ရှားလိုက်တာဟာ ဂျပန်သိမ်းပိုက်ကာလက လုပ်ခလစာမပေးဘဲ အတင်းအကျပ် စေခိုင်းခံရတဲ့ တောင်ကိုရီးယား အလုပ်သားတွေကို လျော်ကြေးပေးဖို့ ဆုံးဖြတ်လိုက်တာကို ဂျပန်က ကုန်သွယ်ရေး လက်တုံ့ပြန်တာဖြစ်တယ်။ အဲဒီအတွက် အာဘေးအစိုးရကို ပြစ်တင်ရှုတ်ချပါတယ်” လို့ ပြောပါတယ်။
Zawgyi Version
ကုန္သြယ္ေရး အျငင္းပြားမႈႏွင့္ပတ္သက္ၿပီး ဆိုးလ္ၿမိဳ႕တြင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကို ဆန႔္က်င္ဆႏၵျပ
DVB
ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ ႏွစ္ႏိုင္ငံအၾကား မၾကာေသးခင္က ကုန္သြယ္ေရး အျငင္းပြားမႈနဲ႔ ပတ္သက္လို႔ မေန႔က ဆိုးလ္ၿမိဳ႕မွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးကို ဆန႔္က်င္ဆႏၵျပပြဲ ျပဳလုပ္ခဲ့ပါတယ္။
ဒီလအေစာပိုင္းမွာ ဂ်ပန္က ေတာင္ကိုရီးယားအေပၚ ယုံၾကည္မႈ ပ်က္ျပားတယ္လို႔ ေျပာၾကားၿပီး ကုန္သြယ္မႈ ကန႔္သတ္ခ်က္ အနည္းဆုံးႏိုင္ငံမ်ား စာရင္းကေန ဖယ္ရွားတယ္လို႔ ေၾကညာခဲ့ပါတယ္။
အဲဒီလို ေတာင္ကိုရီးယားကို whitelist စာရင္းက ဖယ္ရွားလိုက္တာဟာ ကုန္သြယ္မႈ လက္တုံ႔ျပန္တာပဲလို႔ ဆႏၵျပသူေတြက ေျပာခဲ့ပါတယ္။
ဒါေပမယ့္ ေတာင္ကိုရီးယား ဆႏၵျပသူေတြဟာ ဂ်ပန္ႏိုင္ငံသားေတြနဲ႔ ဆက္ဆံေရး ေကာင္းမြန္ေနတာကို ဆက္လက္ထိန္းသိမ္းလိုၾကပါတယ္။
ၾသဂုတ္ ၁၂ ရက္ေန႔မွာ ေတာင္ကိုရီးယား အစိုးရကလည္း လက္တုံ႔ျပန္ၿပီး ဂ်ပန္ႏိုင္ငံကို သူ႔ရဲ႕ အလ်င္အျမန္ ကုန္သြယ္မႈစာရင္း "white list" ကေန ဖယ္ရွားဖို႔ စီစဥ္ေနတယ္ဆိုၿပီး ေၾကညာခဲ့ပါတယ္။
ကိုရီးယား လြတ္ေျမာက္ေရး ဖက္ဒေရးရွင္း အေထြေထြအတြင္းေရးမႉးခ်ဳပ္က “ေတာင္ကိုရီးယားကို whitelist စာရင္းက ဖယ္ရွားလိုက္တာဟာ ဂ်ပန္သိမ္းပိုက္ကာလက လုပ္ခလစာမေပးဘဲ အတင္းအက်ပ္ ေစခိုင္းခံရတဲ့ ေတာင္ကိုရီးယား အလုပ္သားေတြကို ေလ်ာ္ေၾကးေပးဖို႔ ဆုံးျဖတ္လိုက္တာကို ဂ်ပန္က ကုန္သြယ္ေရး လက္တုံ႔ျပန္တာျဖစ္တယ္။ အဲဒီအတြက္ အာေဘးအစိုးရကို ျပစ္တင္ရႈတ္ခ်ပါတယ္” လို႔ ေျပာပါတယ္။