ဆစ်ဒနီမြို့လယ်တွင် အမျိုးသမီးတဦးကို သတ်ခဲ့သူအား ဝိုင်းဝန်းဖမ်းဆီး

1.4K
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်ကောင်မှာ သြဂုတ် ၁၃ ရက်နေ့က အကြမ်းဖက် အယူဝါဒရှိသူ အမျိုးသားတယောက်က အမျိုးသမီးတယောက်ကို သတ်ပြီး တခြားအမျိုးသမီးတယောက်ကို ဓားနဲ့ထိုးခဲ့လို့ အနီးဝန်းကျင်ရှိ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။
ဒဏ်ရာရအမျိုးသမီးကို ဆေးရုံပို့ဆောင်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိဘူးလို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ဆစ်ဒနီမြို့မှာ မွန်းလွဲပိုင်းအချိန် လူနဲ့ ယာဉ်အသွားအလာ ကြဲသွားခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတယောက်ကို တိုက်ခန်းတခုအတွင်း သေဆုံးနေတာ တွေ့ရပြီး အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကတော့ ကျောမှာ ဓားဒဏ်ရာ ရခဲ့တာပါ။
နယူးဆောက်ဝေးရဲတပ်ဖွဲ့ ရဲမင်းကြီးက ပထမအမျိုးသမီး သေဆုံးပုံကို မပြောပေမယ့် တိုက်ခိုက်မှု နှစ်ခုစလုံးအတွက် အဲဒီအမျိုးသားဟာ တရားခံဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီတိုက်ခိုက်မှုကို အကြမ်းဖက်ဖြစ်ရပ် မသတ်မှတ်ဘဲ စုံစမ်းရေးလုပ်နေတာမို့ ပြန်သုံးသပ်သွားမယ်လို့ ရဲမင်းကြီးက ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် အမျိုးသားဟာ ဓားတချောင်းနဲ့ ကွန်ပျူတာ thumb drive တခုကိုင်ပြီး ရမ်းကားနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီ thumb drive ထဲမှာ မြောက်အမေရိကနဲ့ နယူးဇီလန်က လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုသတင်းတွေ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Zawgyi Version ဆစ္ဒနီၿမိဳ႕လယ္တြင္ အမ်ဳိးသမီးတဦးကို သတ္ခဲ့သူအား ဝိုင္းဝန္းဖမ္းဆီး DVB ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕လယ္ေကာင္မွာ ၾသဂုတ္ ၁၃ ရက္ေန႔က အၾကမ္းဖက္ အယူဝါဒရွိသူ အမ်ိဳးသားတေယာက္က အမ်ိဳးသမီးတေယာက္ကို သတ္ၿပီး တျခားအမ်ိဳးသမီးတေယာက္ကို ဓားနဲ႔ထိုးခဲ့လို႔ အနီးဝန္းက်င္ရွိ ျပည္သူေတြက ဝိုင္းဝန္းဖမ္းဆီးခဲ့ပါတယ္။ ဒဏ္ရာရအမ်ိဳးသမီးကို ေဆးရံုပို႔ေဆာင္ခဲ့ၿပီး အသက္အႏၲရာယ္ စိုးရိမ္ဖြယ္မရွိဘူးလို႔ ရဲတပ္ဖြဲ႔အႀကီးအကဲက ေျပာပါတယ္။ အဲဒီျဖစ္ရပ္ေၾကာင့္ ဆစ္ဒနီၿမိဳ႕မွာ မြန္းလြဲပိုင္းအခ်ိန္ လူနဲ႔ ယာဥ္အသြားအလာ ႀကဲသြားခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသမီးတေယာက္ကို တိုက္ခန္းတခုအတြင္း ေသဆံုးေနတာ ေတြ႔ရၿပီး အသက္ ၄၁ ႏွစ္အရြယ္ အမ်ိဳးသမီးကေတာ့ ေက်ာမွာ ဓားဒဏ္ရာ ရခဲ့တာပါ။ နယူးေဆာက္ေဝးရဲတပ္ဖြဲ႔ ရဲမင္းႀကီးက ပထမအမ်ိဳးသမီး ေသဆံုးပံုကို မေျပာေပမယ့္ တိုက္ခိုက္မႈ ႏွစ္ခုစလံုးအတြက္ အဲဒီအမ်ိဳးသားဟာ တရားခံျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီတိုက္ခိုက္မႈကို အၾကမ္းဖက္ျဖစ္ရပ္ မသတ္မွတ္ဘဲ စံုစမ္းေရးလုပ္ေနတာမို႔ ျပန္သံုးသပ္သြားမယ္လို႔ ရဲမင္းႀကီးက ေျပာပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသားဟာ ဓားတေခ်ာင္းနဲ႔ ကြန္ပ်ဴတာ thumb drive တခုကိုင္ၿပီး ရမ္းကားေနတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။ အဲဒီ thumb drive ထဲမွာ ေျမာက္အေမရိကနဲ႔ နယူးဇီလန္က လူအေသအေပ်ာက္မ်ားတဲ့ တိုက္ခိုက္မႈသတင္းေတြ ပါဝင္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။