Home
မြန်မာသတင်း
မြန်မာရဲတပ်ဖွဲ့ကို အေအေလက်နက်ကိုင်အဖွဲ့ ထပ်မံသတိပေး
DVB
·
August 13, 2019
ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ကို ရဲလုပ်ထုံးလုပ်နည်း ရဲကျင့်ဝတ်ကျော်လွန်ပြီး လုပ်ရပ်တွေကိုမပြုလုပ်ကြဖို့ ရက္ခိုင့်တပ်တော် အေအေက သြဂုတ် ၁၂ ရက်စွဲနဲ့ သတိပေးစာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲလုပ်ထုံးကို ကျော်လွန်ပြီးရခိုင်ဒေသခံတွေကို ဖမ်းဆီး နှိပ်စက်နေ တာ၊ ရဲစခန်းတွေဟာ တပ်မတော်ရဲ့ ထောက်ပို့စခန်းတွေနဲ့ လက်နက်ကြီးပစ်ကူပေးတဲ့ စခန်းတွေ ဖြစ်နေတာ၊ နောက်ပြီးတော့နယ်ခြာစောင့်စခန်းတွေအနေနဲ့ တပ်မတော်ရဲ့စစ်ဆင်ရေးတွေ မှာ ပါဝင်တိုက်ခိုက်နေတာကြောင့် အခုလိုသတိပေးရတာလို့ အေအေ တာဝန်ရှိသူတွေက ပြောပါတယ်။ အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ရဲတွေကနေပြီးတော့ ရဲအလုပ်ကို ရဲမလုပ်ပဲနဲ့ ဗမာစစ်တပ်နဲ့အတူ ပြည်သူတွေကို ဖိနှိပ်တဲ့ဥစ္စာ တွေ၊ ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ် အဲဒီလို ဥပဒေမဲ့လုပ်ရပ်တွေကို အတူတူပူးပေါင်းပြီးတော့ ကျူးလွန်ခဲ့တဲ့ဥစ္စာတွေကို တွေ့ရ တယ်။ နောက်တခုရှိတာက ခုနောက်ပိုင်းမှာ ရဲစခန်းတွေဟာ ဗမာစစ်တပ်ရဲ့ စစ်ဆင်းရေးတွေမှာ အဓိကထောက်ပို့စခန်းတွေ၊ နောက်ပြီးတော့ လက်နက်ကြီး ပစ်ကူပေးတဲ့စခန်းတွေ အဲဒါမျိုးတွေ ဖြစ်နေတယ်။ တဖက်မှာလည်းပဲ နယ်ခြားစောင့်ရဲတွေဟာဗမာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ဗမာစစ်တပ်နဲ့အတူတူပူး ပေါင်းပြီးပါဝင်တိုက်ခိုက်နေကြတာတွေရှိတယ်။ ဆိုတော့ ဒါတွေကို ရပ်တန်းကရပ်ဖို့အတွက် နောက်ပြီးတော့ရဲအလုပ်ကို ရဲလုပ်ဖို့အတွက် သတိပေးချက်ထုတ်ပြန်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။ ရက္ခိုင့်တပ်တော်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း  ရဲတပ်ဖွဲ့တွေကို အလားတူ တစ်ကြိမ်သတိပေးခဲ့ဖူးပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး ကြည်လင်း ကတော့ ဥပဒေနဲ့အညီ နိုင်ငံတော်ကပေးတဲ့တာဝန် အတိုင်း ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။ “သူတို့ဘာသာသူတို့လုပ်ချင်ရာလုပ်ပေါ့ဗျာနော်။ ဘာမှမဖြစ်ပါဘူး။ ကျနော်တို့ကတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ နိုင်ငံတော်က ပေးတဲ့တာဝန်အတိုင်းပဲ ဆက်လုပ်သွားမှာပဲ။” အေအေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရခိုင်ဒေသခံရဲတွေအနေနဲ့လည်း ရက္ခိုင့်တပ် တော်ရဲ့တော်လှန်ရေးကာလမှာ အမျိုးသား အကျိုးစီးပွားကို ထိခိုက်မယ့် အပြောအဆိုအပြုအမှုတွေကို မလုပ်ဆောင်ကြဖို့လိုကြောင်းနဲ့ လုပ်ဆောင်လာပါကာ ကာယကံရှင်ရဲ့ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားပါသေးတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ တပ်အပြောင်းအရွှေ့တွေ၊ လက်နက်ခဲယမ်းအပြောင်းအရွှေ့ တွေမှာ စစ်ကားတွေကို အသုံးမပြုဘဲ ရဲကား ၊ ပြည်သူပိုင်ကား၊ တရုတ်နိုင်ငံက ပေးထားတဲ့ China Aid ကားတွေကို အသုံးပြုနေပြီး စစ်သားတွေဟာ ရဲယူနီဖောင်းဝတ်ဆင်ကာ ကျေးရွာတွေမှာ ပိတ်ဆို့ ဖမ်းဆီးတာတွေနဲ့ စားနပ်ရိက္ခာတွေကို သိမ်းယူတာတွေလုပ်ဆောင် နေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဝဏ္ဏခွာညို
ျမန္မာရဲတပ္ဖြဲ႕ကို ေအေအလက္နက္ကိုင္အဖြဲ႕ ထပ္မံသတိေပး ဝဏၰခြာညိဳ ရခိုင္ျပည္နယ္အတြင္း တာဝန္ထမ္းေဆာင္ေနၾကတဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ကို ရဲလုပ္ထုံးလုပ္နည္း ရဲက်င့္ဝတ္ေက်ာ္လြန္ၿပီး လုပ္ရပ္ေတြကိုမျပဳလုပ္ၾကဖို႔ ရကၡိဳင့္တပ္ေတာ္ ေအေအက ၾသဂုတ္ ၁၂ ရက္စြဲနဲ႔ သတိေပးစာတစ္ေစာင္ထုတ္ျပန္လိုက္ပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြအေနနဲ႔ ရဲလုပ္ထုံးကို ေက်ာ္လြန္ၿပီးရခိုင္ေဒသခံေတြကို ဖမ္းဆီး ႏွိပ္စက္ေန တာ၊ ရဲစခန္းေတြဟာ တပ္မေတာ္ရဲ႕ ေထာက္ပို႔စခန္းေတြနဲ႔ လက္နက္ႀကီးပစ္ကူေပးတဲ့ စခန္းေတြ ျဖစ္ေနတာ၊ ေနာက္ၿပီးေတာ့နယ္ျခာေစာင့္စခန္းေတြအေနနဲ႔ တပ္မေတာ္ရဲ႕စစ္ဆင္ေရးေတြ မွာ ပါဝင္တိုက္ခိုက္ေနတာေၾကာင့္ အခုလိုသတိေပးရတာလို႔ ေအေအ တာဝန္ရွိသူေတြက ေျပာပါတယ္။ ေအေအျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက “ရဲေတြကေနၿပီးေတာ့ ရဲအလုပ္ကို ရဲမလုပ္ပဲနဲ႔ ဗမာစစ္တပ္နဲ႔အတူ ျပည္သူေတြကို ဖိႏွိပ္တဲ့ဥစၥာ ေတြ၊ ျပည္သူေတြကို အႏိုင္က်င့္သတ္ျဖတ္ အဲဒီလို ဥပေဒမဲ့လုပ္ရပ္ေတြကို အတူတူပူးေပါင္းၿပီးေတာ့ က်ဴးလြန္ခဲ့တဲ့ဥစၥာေတြကို ေတြ႕ရ တယ္။ ေနာက္တခုရွိတာက ခုေနာက္ပိုင္းမွာ ရဲစခန္းေတြဟာ ဗမာစစ္တပ္ရဲ႕ စစ္ဆင္းေရးေတြမွာ အဓိကေထာက္ပို႔စခန္းေတြ၊ ေနာက္ၿပီးေတာ့ လက္နက္ႀကီး ပစ္ကူေပးတဲ့စခန္းေတြ အဲဒါမ်ိဳးေတြ ျဖစ္ေနတယ္။ တဖက္မွာလည္းပဲ နယ္ျခားေစာင့္ရဲေတြဟာဗမာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြမွာ ဗမာစစ္တပ္နဲ႔အတူတူပူး ေပါင္းၿပီးပါဝင္တိုက္ခိုက္ေနၾကတာေတြရွိတယ္။ ဆိုေတာ့ ဒါေတြကို ရပ္တန္းကရပ္ဖို႔အတြက္ ေနာက္ၿပီးေတာ့ရဲအလုပ္ကို ရဲလုပ္ဖို႔အတြက္ သတိေပးခ်က္ထုတ္ျပန္ရတာ ျဖစ္တယ္”လို႔ ေျပာပါတယ္။ ရကၡိဳင့္တပ္ေတာ္အေနနဲ႔ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကလည္း ရဲတပ္ဖြဲ႕ေတြကို အလားတူ တစ္ႀကိမ္သတိေပးခဲ့ဖူးပါတယ္။ ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သတ္ၿပီး ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕ ျပည္နယ္ရဲမႉးႀကီး ၾကည္လင္း ကေတာ့ ဥပေဒနဲ႔အညီ ႏိုင္ငံေတာ္ကေပးတဲ့တာဝန္ အတိုင္း ဆက္လုပ္သြားမယ္လို႔ဆိုပါတယ္။ “သူတို႔ဘာသာသူတို႔လုပ္ခ်င္ရာလုပ္ေပါ့ဗ်ာေနာ္။ ဘာမွမျဖစ္ပါဘူး။ က်ေနာ္တို႔ကေတာ့ ဥပေဒလုပ္ထုံးလုပ္နည္းနဲ႔အညီ ႏိုင္ငံေတာ္က ေပးတဲ့တာဝန္အတိုင္းပဲ ဆက္လုပ္သြားမွာပဲ။” ေအေအရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ ရခိုင္ေဒသခံရဲေတြအေနနဲ႔လည္း ရကၡိဳင့္တပ္ ေတာ္ရဲ႕ေတာ္လွန္ေရးကာလမွာ အမ်ိဳးသား အက်ိဳးစီးပြားကို ထိခိုက္မယ့္ အေျပာအဆိုအျပဳအမႈေတြကို မလုပ္ေဆာင္ၾကဖို႔လိုေၾကာင္းနဲ႔ လုပ္ေဆာင္လာပါကာ ကာယကံရွင္ရဲ႕ တာဝန္သာျဖစ္ေၾကာင္း ေဖာ္ျပထားပါေသးတယ္။ ဒါ့အျပင္ ျမန္မာ့တပ္မေတာ္ဟာ တပ္အေျပာင္းအေ႐ႊ႕ေတြ၊ လက္နက္ခဲယမ္းအေျပာင္းအေ႐ႊ႕ ေတြမွာ စစ္ကားေတြကို အသုံးမျပဳဘဲ ရဲကား ၊ ျပည္သူပိုင္ကား၊ တ႐ုတ္ႏိုင္ငံက ေပးထားတဲ့ China Aid ကားေတြကို အသုံးျပဳေနၿပီး စစ္သားေတြဟာ ရဲယူနီေဖာင္းဝတ္ဆင္ကာ ေက်း႐ြာေတြမွာ ပိတ္ဆို႔ ဖမ္းဆီးတာေတြနဲ႔ စားနပ္ရိကၡာေတြကို သိမ္းယူတာေတြလုပ္ေဆာင္ ေနတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024