တိုက်စစ်မှူး မက်ဆီ လာလီဂါအဖွင့်ပွဲတွင် ပါဝင်ရန် မသေချာ

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ စပိန်လာလီဂါ အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ ခက်ခဲသွားပြီ ဖြစ်ပါတယ်။
ကိုပါအမေရိကဖလားမှာ ခြေသလုံးဒဏ်ရာ ရခဲ့တဲ့ မက်ဆီဟာ ကြံ့ခိုင်မှု ပြည့်ဝလာဖို့ ရုန်းကန်နေရပြီး အသင်းနည်းပြ ဗယ်လ်ဗာဒီကိုယ်တိုင်က မက်ဆီပါဝင်ဖို့ ခက်ခဲသွားပြီ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် သောကြာနေ့မှာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ ကစားရမှာပါ။
ဘာစီလိုနာအသင်းဟာ လာလီဂါ အဖွင့်ပွဲစဉ်မတိုင်မီ သြဂုတ် ၁၁ ရက်က ခြေစမ်းခဲ့တဲ့ နာပိုလီနဲ့ပွဲစဉ်မှာ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီတို့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့အတူ လေးဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
Zawgyi Version
တိုက္စစ္မႉး မက္ဆီ လာလီဂါအဖြင့္ပြဲတြင္ ပါဝင္ရန္ မေသခ်ာ
DVB
ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္မက္ဆီဟာ စပိန္လာလီဂါ အဖြင့္ပြဲစဥ္မွာ ပါဝင္ကစားႏိုင္ဖို႔ ခက္ခဲသြားၿပီ ျဖစ္ပါတယ္။
ကိုပါအေမရိကဖလားမွာ ေျခသလုံးဒဏ္ရာ ရခဲ့တဲ့ မက္ဆီဟာ ႀကံ့ခိုင္မႈ ျပည့္ဝလာဖို႔ ႐ုန္းကန္ေနရၿပီး အသင္းနည္းျပ ဗယ္လ္ဗာဒီကိုယ္တိုင္က မက္ဆီပါဝင္ဖို႔ ခက္ခဲသြားၿပီ ျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ လာမယ့္ ေသာၾကာေန့မွာ လာလီဂါအဖြင့္ပြဲစဥ္အျဖစ္ ဘီလ္ဘာအိုနဲ႔ ကစားရမွာပါ။
ဘာစီလိုနာအသင္းဟာ လာလီဂါ အဖြင့္ပြဲစဥ္မတိုင္မီ ၾသဂုတ္ ၁၁ ရက္က ေျခစမ္းခဲ့တဲ့ နာပိုလီနဲ႔ပြဲစဥ္မွာ ဆြာရက္ဇ္၊ ဂရစ္ဇ္မန္းနဲ႔ ဒမ္ဘီလီတို႔ ေျခစြမ္းျပ သြင္းဂိုးေတြနဲ႔အတူ ေလးဂိုးျပတ္ အႏိုင္ရခဲ့ပါတယ္။