Home
မြန်မာသတင်း
ဆည်တမံများ၏ ကြံ့ခိုင်ရေးကို အရင်ထက် ပိုပြီး ဂရုစိုက်ကြရန် ဒုသမ္မတတိုက်တွန်း 
DVB
·
August 13, 2019
အခုနှစ် မြန်မာနိုင်ငံမှာ နှစ်စဉ်ရွာသွန်းတဲ့ မိုးရေချိန်ပမာဏ မပြောင်းလဲပေမယ့် မိုးရွာသွန်းချိန်ကာလ တိုတောင်းမှာဖြစ်လို့ ရုတ်တရက် ရေကြီးရေလျှံတာတွေ ကြုံတွေ့ရနိုင်တယ်လို့ ဒုသမ္မတက ပြောပါတယ်။ ဒါကြောင့် ဆည်တမံတွေရဲ့ကြံ့ခိုင်ရေးကို အရင်ထက် ပိုပြီး ဂရုစိုက်ဖို့လိုတယ်လို့ မနေ့က မော်လမြိုင်မှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောခဲ့တာပါ။ ရာသီဥတုပြောင်းလဲဖောက်ပြန်တဲ့ဒဏ်ကို ကမ္ဘာ့တခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာ လည်း ခံစားနေရပြီး မိုးလေဝသပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဒီနှစ် မြန်မာနိုင်ငံမှာ မုတ်သုန်အဝင် နောက်ကျပြီး အထွက်စောမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆည်တွေထဲကို ရေဝင်တာဟာ အရင်နှစ် ကာလတူထက် ဒီနှစ်မှာ အများကြီးလျော့နည်းနေ လို့ ဆည်ရေကို ထိထိရောက်ရောက် အလေအလွင့်မရှိဘဲ သုံးဖို့လိုပြီး ဆည်မြောင်းဝန်ထမ်းတွေ သာမက တောင်သူတွေလည်း သိရှိလိုက်နာရေး ပညာပေးဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရာသီဥတု ပြုပြင်ပြောင်းလဲမှုဒဏ်ကို အကာကွယ်ပေးနိုင်မယ့် သစ်ပင်သစ်တောတွေ မပြုန်းတီးစေရေး ထိန်းသိမ်းစောင့်ရှောက်သလို သစ်ပင်စိုက်ပျိုးတာကိုလည်း  စီမံချက်ချ အလေးထား ဆောင်ရွက်သွားကြစေလိုတယ်လို့ ပြောပါတယ်။ ကိုယ့်ဒေသက သဘာဝဘေးဖြစ်နိုင်ခြေရှိတဲ့ နေရာတွေမှာ အထူးဂရုစိုက်ပြီး ကြိုတင် ကာကွယ်တာ၊ ဇာတ်တိုက်လေ့ကျင့်တာတွေ လုပ်သွားဖို့ လိုသလို သဘာဝဘေးတွေ ဖြစ်လာရင် ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါ မှန်ကန်တဲ့ စာရင်းဇယားတွေ အချိန်မီရဖို့ အင်မတန်အရေးကြီးတာကြောင့် အောက်ခြေအဆင့်က စပြီး အလေးထား ဆောင်ရွက်ကြဖို့လည်း ပြောပါတယ်။ မနေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ အသင်းခွဲတွေ၊ ကုန်စည်ဒိုင်တွေနဲ့ ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတွေက သဘာဝဘေးသင့်ပြည်သူတွေအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို ဆန်အိတ် ၂၂၅၀ ၊ ငွေကျပ်သိန်း ၂၀၀ နဲ့ ဓာတ်မြေသြဇာအိတ် ၃၇၀ ကို ပေးခဲ့ပါတယ်။ ဓာတ်ပုံ- သမ္မတရုံး
ဆည္တမံမ်ား၏ ႀကံ့ခိုင္ေရးကို အရင္ထက္ ပိုၿပီး ဂ႐ုစိုက္ၾကရန္ ဒုသမၼတတိုက္တြန္း DVB အခုႏွစ္ ျမန္မာႏိုင္ငံမွာ ႏွစ္စဥ္႐ြာသြန္းတဲ့ မိုးေရခ်ိန္ပမာဏ မေျပာင္းလဲေပမယ့္ မိုး႐ြာသြန္းခ်ိန္ကာလ တိုေတာင္းမွာျဖစ္လို႔ ႐ုတ္တရက္ ေရႀကီးေရလွ်ံတာေတြ ႀကဳံေတြ႕ရႏိုင္တယ္လို႔ ဒုသမၼတက ေျပာပါတယ္။ ဒါေၾကာင့္ ဆည္တမံေတြရဲ႕ႀကံ့ခိုင္ေရးကို အရင္ထက္ ပိုၿပီး ဂ႐ုစိုက္ဖို႔လိုတယ္လို႔ မေန႔က ေမာ္လၿမိဳင္မွာ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီ ဥကၠ႒ျဖစ္တဲ့ ဒုတိယ သမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာခဲ့တာပါ။ ရာသီဥတုေျပာင္းလဲေဖာက္ျပန္တဲ့ဒဏ္ကို ကမာၻ႔တျခားႏိုင္ငံေတြနည္းတူ ျမန္မာႏိုင္ငံဟာ လည္း ခံစားေနရၿပီး မိုးေလဝသပညာရွင္ေတြရဲ႕ ခန႔္မွန္းခ်က္အရ ဒီႏွစ္ ျမန္မာႏိုင္ငံမွာ မုတ္သုန္အဝင္ ေနာက္က်ၿပီး အထြက္ေစာမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဆည္ေတြထဲကို ေရဝင္တာဟာ အရင္ႏွစ္ ကာလတူထက္ ဒီႏွစ္မွာ အမ်ားႀကီးေလ်ာ့နည္းေန လို႔ ဆည္ေရကို ထိထိေရာက္ေရာက္ အေလအလြင့္မရွိဘဲ သုံးဖို႔လိုၿပီး ဆည္ေျမာင္းဝန္ထမ္းေတြ သာမက ေတာင္သူေတြလည္း သိရွိလိုက္နာေရး ပညာေပးဖို႔ လိုတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ရာသီဥတု ျပဳျပင္ေျပာင္းလဲမႈဒဏ္ကို အကာကြယ္ေပးႏိုင္မယ့္ သစ္ပင္သစ္ေတာေတြ မျပဳန္းတီးေစေရး ထိန္းသိမ္းေစာင့္ေရွာက္သလို သစ္ပင္စိုက္ပ်ိဳးတာကိုလည္း စီမံခ်က္ခ် အေလးထား ေဆာင္႐ြက္သြားၾကေစလိုတယ္လို႔ ေျပာပါတယ္။ ကိုယ့္ေဒသက သဘာဝေဘးျဖစ္ႏိုင္ေျခရွိတဲ့ ေနရာေတြမွာ အထူးဂ႐ုစိုက္ၿပီး ႀကိဳတင္ ကာကြယ္တာ၊ ဇာတ္တိုက္ေလ့က်င့္တာေတြ လုပ္သြားဖို႔ လိုသလို သဘာဝေဘးေတြ ျဖစ္လာရင္ ရွာေဖြကယ္ဆယ္ေရးနဲ႔ ျပန္လည္ထူေထာင္ေရးလုပ္တဲ့အခါ မွန္ကန္တဲ့ စာရင္းဇယားေတြ အခ်ိန္မီရဖို႔ အင္မတန္အေရးႀကီးတာေၾကာင့္ ေအာက္ေျခအဆင့္က စၿပီး အေလးထား ေဆာင္႐ြက္ၾကဖို႔လည္း ေျပာပါတယ္။ မေန႔က ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ရဲ႕ ဦးေဆာင္မႈနဲ႔ ျမန္မာႏိုင္ငံ ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံဆန္စပါး ကုန္သည္မ်ားအသင္း၊ အသင္းခြဲေတြ၊ ကုန္စည္ဒိုင္ေတြနဲ႔ ဆန္စပါးလုပ္ငန္း လုပ္ကိုင္သူေတြက သဘာဝေဘးသင့္ျပည္သူေတြအတြက္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ေကာ္မတီကို ဆန္အိတ္ ၂၂၅၀ ၊ ေငြက်ပ္သိန္း ၂၀၀ နဲ႔ ဓာတ္ေျမၾသဇာအိတ္ ၃၇၀ ကို ေပးခဲ့ပါတယ္။ ဓာတ္ပုံ- သမၼတ႐ုံး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024