ဥရောပစူပါဖလား ရယူနိုင်ရန် မျှော်လင့်ဟု ချဲလ်ဆီးအသင်းခေါင်းဆောင် ပြော

လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ဥရောပစူပါဖလား ဗိုလ်လုပွဲမှာ ဆုဖလားရယူနိုင်ဖို့ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကျူတာက မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဆုရှင် လီဗာပူးနဲ့ ဗုဒ္ဓဟူးနေ့မှာ ဥရောပစူပါဖလား ကစားရဖို့ ရှိနေတာပါ။
အဲဒီ စူပါဖလားပွဲမှာ မန်ယူနဲ့ပွဲက အရှုံးကို ခြေဖျက်ပြနိုင်ဖို့လည်း ချဲလ်ဆီးအသင်းက ယုံကြည်နေပါတယ်။
အသင်း နိုင်ပွဲမရတဲ့အချိန်မှာ မေးခွန်းတွေ ပိုမိုများပြားလာလေ့ ရှိပေမယ့်လည်း ဖြေရှင်းသွားနိုင်ပြီး အသင်းရဲ့ ခြေစွမ်းက တိုးတက်လာမယ်ဆိုတာ တသင်းလုံး ယုံကြည်နေတယ်လို့ အက်ဇ်ပီလီကျူတာက ပြောပါတယ်။
လီဗာပူးနဲ့ပွဲမှာ အခက်အခဲတွေကို ရင်ဆိုင်ပြီး ဆုဖလားတလုံး ရရှိဖို့အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း အသင်းခေါင်းဆောင် အက်ဇ်ပီလီကျူတာက ဆိုပါတယ်။
Zawgyi Version
ဥေရာပစူပါဖလား ရယူႏိုင္ရန္ ေမွ်ာ္လင့္ဟု ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ ေျပာ
DVB
လီဗာပူးနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ဥေရာပစူပါဖလား ဗိုလ္လုပြဲမွာ ဆုဖလားရယူႏိုင္ဖို႔ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီက်ဴတာက ေမွ်ာ္လင့္ေနပါတယ္။
ၿပီးခဲ့တဲ့ရာသီက ယူ႐ိုပါလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ဆုရွင္ လီဗာပူးနဲ႔ ဗုဒၶဟူးေန႔မွာ ဥေရာပစူပါဖလား ကစားရဖို႔ ရွိေနတာပါ။
အဲဒီ စူပါဖလားပြဲမွာ မန္ယူနဲ႔ပြဲက အ႐ႈံးကို ေျခဖ်က္ျပႏိုင္ဖို႔လည္း ခ်ဲလ္ဆီးအသင္းက ယုံၾကည္ေနပါတယ္။
အသင္း ႏိုင္ပြဲမရတဲ့အခ်ိန္မွာ ေမးခြန္းေတြ ပိုမိုမ်ားျပားလာေလ့ ရွိေပမယ့္လည္း ေျဖရွင္းသြားႏိုင္ၿပီး အသင္းရဲ႕ ေျခစြမ္းက တိုးတက္လာမယ္ဆိုတာ တသင္းလုံး ယုံၾကည္ေနတယ္လို႔ အက္ဇ္ပီလီက်ဴတာက ေျပာပါတယ္။
လီဗာပူးနဲ႔ပြဲမွာ အခက္အခဲေတြကို ရင္ဆိုင္ၿပီး ဆုဖလားတလုံး ရရွိဖို႔အတြက္ တိုက္ပြဲဝင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း အသင္းေခါင္းေဆာင္ အက္ဇ္ပီလီက်ဴတာက ဆိုပါတယ္။