အိန္ဒိယနှင့်တရုတ် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ဆုံ

1.3K
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ တရုတ် ဒုသမ္မတ ဝမ်ချီရှန်းတို့နဲ့ တရုတ်မြို့တော် ပေကျင်းမှာ သြဂုတ် ၁၂ ရက်က တွေ့ဆုံပါတယ်။
အစည်းအဝေးအတွင်း ၂ နိုင်ငံ အပြန်အလှန်ဆက်ဆံရေး အားဖြည့်ဖို့ ဝန်ကြီး ၂ ယောက် ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယ ရုပ်သံ ANI က အစီရင်ခံပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ ကက်ရှ်မီးယား ဒေသအရေး ဆက်ဆံရေး တင်းမာနေချိန်မှာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ် ကူရေးရှီးကလည်း တရုတ်မြို့တော် ပေကျင်းကို သွားရောက် လည်ပတ်ပြီး ကက်ရှ်မီးယားအရေးကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက်မှာ ဂျိုင်ရှန်ကာရဲ့ တရုတ်နိုင်ငံဆီ ၃ ရက်ကြာ အလည်အပတ် ခရီးစဉ် ထွက်ပေါ်လာတာပါ။
အိန္ဒိယအစိုးရဟာ ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားဒေသရဲ့ အထူးအခွင့်အရေးကို ရုပ်သိမ်းခဲ့လို့ တရုတ်ရဲ့ အထောက်အပံ့ကို ယူပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြမယ်လို့ ပါကစ္စတန် အစိုးရက သြဂုတ် ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။
တရုတ်အစိုးရကလည်း ကက်ရှ်မီးယားရဲ့ အထူးအခြေအနေကို ပယ်ဖျက်မယ့် အိန္ဒိယ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တယ်၊ အိန္ဒိယအစိုးရဟာ နယ်စပ်အရေးကိစ္စတွေကို သတိထားဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အိႏၵိယႏွင့္တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး ၂ ဦး ေတြ႕ဆုံ
အိႏၵိယ ႏိုင္ငံျခားေရး ဝန္ႀကီး ဆူဘရာမန္ယန္ ဂ်ိဳင္ရွန္ကာဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ၊ တ႐ုတ္ ဒုသမၼတ ဝမ္ခ်ီရွန္းတို႔နဲ႔ တ႐ုတ္ၿမိဳ႕ေတာ္ ေပက်င္းမွာ ၾသဂုတ္ ၁၂ ရက္က ေတြ႕ဆုံပါတယ္။
အစည္းအေဝးအတြင္း ၂ ႏိုင္ငံ အျပန္အလွန္ဆက္ဆံေရး အားျဖည့္ဖို႔ ဝန္ႀကီး ၂ ေယာက္ ေဆြးေႏြးခဲ့ၾကတယ္လို႔ အိႏၵိယ ႐ုပ္သံ ANI က အစီရင္ခံပါတယ္။
အိႏၵိယနဲ႔ ပါကစၥတန္တို႔ ကက္ရွ္မီးယား ေဒသအေရး ဆက္ဆံေရး တင္းမာေနခ်ိန္မွာ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီး ရွားမာမြတ္ ကူေရးရွီး ကလည္း တ႐ုတ္ၿမိဳ႕ေတာ္ ေပက်င္းကို သြားေရာက္ လည္ပတ္ၿပီး ကက္ရွ္မီးယားအေရးကို ေဆြးေႏြးခဲ့ပါတယ္။
အဲဒီေနာက္မွာ ဂ်ိဳင္ရွန္ကာရဲ႕ တ႐ုတ္ႏိုင္ငံဆီ ၃ ရက္ၾကာ အလည္အပတ္ ခရီးစဥ္ ထြက္ေပၚလာတာပါ။
အိႏၵိယအစိုးရဟာ ပိုင္နက္အျငင္းပြား ကက္ရွ္မီးယားေဒသရဲ႕ အထူးအခြင့္အေရးကို ႐ုပ္သိမ္းခဲ့လို႔ တ႐ုတ္ရဲ႕ အေထာက္အပံ့ကို ယူၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ တင္ျပမယ္လို႔ ပါကစၥတန္ အစိုးရက ၾသဂုတ္ ၁၀ ရက္ေန႔မွာ ေျပာခဲ့ပါတယ္။
တ႐ုတ္အစိုးရကလည္း ကက္ရွ္မီးယားရဲ႕ အထူးအေျခအေနကို ပယ္ဖ်က္မယ့္ အိႏၵိယ အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို ဆန႔္က်င္တယ္၊ အိႏၵိယအစိုးရဟာ နယ္စပ္အေရးကိစၥေတြကို သတိထားဖို႔ လိုတယ္လို႔ ေျပာခဲ့ပါတယ္။