Home
မြန်မာသတင်း
ငပုတောတွင် ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် သက်ကြီးဆင်များကို သီးနှံစုံ ဘူဖေးကျွေး
DVB
·
August 12, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု  ထန်းတပင်ဆင်စခန်း မှာ သြဂုတ် ၁၂ ရက် ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်အနေနဲ့ သက်ကြီးဆင်တွေကို သီးနှံစုံ ဘူဖေး ကျွေးမွေးပွဲ ပြုလုပ်ပါတယ်။ အခမ်းအနားမှာ အသက်အရွယ်အိုမင်းပြီး ထိခိုက်ဒါဏ်ရာတွေကြောင့် နိုင်ငံတာဝန် ထမ်းဆောင်ခြင်းတွေက ရပ်နားထားတဲ့ ဆင်အိုနာ ၅ ကောင်နဲ့ ကွန်ဂျီဆင် ၃ ကောင် စုစုပေါင်း ဆင် ၈ ကောင်ကို သစ်သီးဝလံမျိုးစုံ အစာကျွေးခဲ့ပါတယ်။ အရင်က ဆင်သတ်မုဆိုးတွေဟာ အစွယ်ကိုသာယူလေ့ရှိပြီး အစွယ်တစ်ချောင်းရဲ့ တန်ဖိုးဟာ မြန်မာငွေကျပ်သိန်း ၁၇၀ ကျပ်နီးပါးရှိပြီး အခုအချိန်အချိန်မှာတော့ အရေပြားနဲ့ အသားတွေကိုပါ ရောင်းဝယ်တာတွေရှိနေတာပါ။ ဒါ့အပြင် ဒေသခံတွေနဲ့ ပူးပေါင်းပြီး တခြားဒေသက ဆင်သတ်မုဆိုးတွေ လာရောက်လှုပ်ရှားနေလို့ ဆင်တွေမျိုးမတုံးရေး ကာကွယ်ဖို့ အရေးကြီးကြောင်း အခမ်းအနားကို တက်ရောက်သူတွေက ပြောပါတယ်။ ယနေ့အချိန် အာဖရိကတိုက်မှာ ဆင်ကောင်ရေ ၄ သိန်းနီးပါးကျန်ရှိနေပြီး အာရှတိုက်မှာတော့ ဆင်ကောင်ရေ ၄ သောင်း ခန့်သာကျန်ရှိပါတယ်။  မြန်မာနိုင်ငံမှာတော့ ဆင်ကောင် ၁၆၀၀ ကနေ ၂၀၀၀ လောက်သာ ရှိတော့တယ်လို့ မြန်မာ့သစ်လုပ်ငန်း ဦးစီးဌာနစာရင်းတွေအရ သိရပါတယ်။ မြမင်းဦး(ပုသိမ်)
ငပုေတာတြင္ ကမာၻ႔ဆင္မ်ားေန႔အထိမ္းအမွတ္ သက္ႀကီးဆင္မ်ားကို သီးႏွံစုံ ဘူေဖးေကြၽး ျမမင္းဦး(ပုသိမ္) ဧရာဝတီတိုင္းေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္၊ တင္းေခ်ာင္းေက်း႐ြာအုပ္စု ထန္းတပင္ဆင္စခန္း မွာ ၾသဂုတ္ ၁၂ ရက္ ကမာၻ႔ဆင္မ်ားေန႔အထိမ္းအမွတ္အေနနဲ႔ သက္ႀကီးဆင္ေတြကို သီးႏွံစုံ ဘူေဖး ေကြၽးေမြးပြဲ ျပဳလုပ္ပါတယ္။ အခမ္းအနားမွာ အသက္အ႐ြယ္အိုမင္းၿပီး ထိခိုက္ဒါဏ္ရာေတြေၾကာင့္ ႏိုင္ငံတာဝန္ ထမ္းေဆာင္ျခင္းေတြက ရပ္နားထားတဲ့ ဆင္အိုနာ ၅ ေကာင္နဲ႔ ကြန္ဂ်ီဆင္ ၃ ေကာင္ စုစုေပါင္း ဆင္ ၈ ေကာင္ကို သစ္သီးဝလံမ်ိဳးစုံ အစာေကြၽးခဲ့ပါတယ္။ အရင္က ဆင္သတ္မုဆိုးေတြဟာ အစြယ္ကိုသာယူေလ့ရွိၿပီး အစြယ္တစ္ေခ်ာင္းရဲ႕ တန္ဖိုးဟာ ျမန္မာေငြက်ပ္သိန္း ၁၇၀ က်ပ္နီးပါးရွိၿပီး အခုအခ်ိန္အခ်ိန္မွာေတာ့ အေရျပားနဲ႔ အသားေတြကိုပါ ေရာင္းဝယ္တာေတြရွိေနတာပါ။ ဒါ့အျပင္ ေဒသခံေတြနဲ႔ ပူးေပါင္းၿပီး တျခားေဒသက ဆင္သတ္မုဆိုးေတြ လာေရာက္လႈပ္ရွားေနလို႔ ဆင္ေတြမ်ိဳးမတုံးေရး ကာကြယ္ဖို႔ အေရးႀကီးေၾကာင္း အခမ္းအနားကို တက္ေရာက္သူေတြက ေျပာပါတယ္။ ယေန႔အခ်ိန္ အာဖရိကတိုက္မွာ ဆင္ေကာင္ေရ ၄ သိန္းနီးပါးက်န္ရွိေနၿပီး အာရွတိုက္မွာေတာ့ ဆင္ေကာင္ေရ ၄ ေသာင္း ခန႔္သာက်န္ရွိပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ဆင္ေကာင္ ၁၆၀၀ ကေန ၂၀၀၀ ေလာက္သာ ရွိေတာ့တယ္လို႔ ျမန္မာ့သစ္လုပ္ငန္း ဦးစီးဌာနစာရင္းေတြအရ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024