Home
ဆောင်းပါး
ခဲဆိပ်သင့် ဘဝများ
DVB
·
August 12, 2019
အချိန်အားဖြင့် ည ၈ နာရီခန့်ရှိပြီ ဖြစ်ပေမယ့် ပတ်ဝန်းကျင်ဟာ လှုပ်ရှားသက်ဝင်နေဆဲ ဖြစ်ပါတယ်။ တောင်စောင်းတွေပေါ်မှာ ရှိနေတဲ့ လူနေရပ်ကွက်တလျှောက်က ထမင်းဆိုင်၊ စားသောက်ဆိုင်တွေထဲမှာ လက်ဖက်ရည်သောက်ပြီး တီဗွီကြည့်နေသူ၊ ထမင်းစားနေသူ၊ ဆေးလိပ်သောက်နေသူ အမျိုးသားတွေနဲ့ ပြည့်နှက်စည်ကားနေပါတယ်။ ယာယီတဲသာသာရှိတဲ့ လူနေအိမ်တွေကနေ ထွက်ပေါ်လာတဲ့ အမျိုးသမီးတွေရဲ့ ကျောက်ထုသံကလည်း အခုလို ညအချိန်ကို တနည်းတဖုံ အသက်ဝင်စေပါတယ်။ “ဒီမှာပဲ ပိုက်ဆံရှာလို့ ကောင်းတာလေ။ ကိုယ့်မိသားစုအတွက် လုံလောက်တာ။ ဗမာပြည် (မြန်မာပြည် အလယ်ပိုင်းကို ဒေသအခေါ်) မှာကျတော့ ပိုက်ဆံလေး ၂ ထောင် ၃ ထောင်နဲ့ မလုံလောက်ဘူး၊ ကလေးတွေနဲ့ .. သူတို့ရှေ့ရေးအတွက်လည်း ကိုယ် မထောက်ပံ့နိုင်ဘူး” လို့ ကျောက်ကပ် (ခဲ ပါဝင်တဲ့ကျောက်) ထုပြီး အသက်မွေးဝမ်းကျောင်းပြုနေသူ မအေးက ဆိုပါတယ်။ မအေး ဆိုတဲ့ နာမည်ကတော့ နာမည်လွှဲတခု ဖြစ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ နယ်က ကျောင်းဆရာမဟောင်းတဦး ဖြစ်ပါတယ်။

ပြီးခဲ့သည့်နှစ်က ပြိုကျခဲ့သည့် တောင်ကုန်းတနေရာ

  မြန်မာနိုင်ငံရဲ့ ခဲသတ္တုတွင်းထွက် အများဆုံး ထွက်ရှိတဲ့နေရာတွေထဲက တခုဖြစ်တဲ့ ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်က မော်ချီးဒေသဟာ အလုပ်အကိုင်ရှားပါးတဲ့  မြန်မာနိုင်ငံ အလယ်ပိုင်းက မအေးတို့လို လူတွေအတွက်တော့ ငွေတွင်းကြီးတခုပါပဲ။ လူနေအိမ်ရပ်ကွက်တွေရှိရာ တောင်စောင်းပေါ်ကနေ လှမ်းမြင်နေရတဲ့ ကြီးမားတဲ့ နောက်ထပ် တောင်ကြီးတလုံးကတော့ မြေတွေ ပြိုကျထားပြီး ကျန်တဲ့တောင်ဘေးတခြမ်းလုံးက အညိုရောင်မ မြေသားပြင်ကြီးဟာ မအေး အပါအဝင် ခဲမိုင်းလုပ်သားတွေအားလုံးကို ညအမှောင်ထဲမှာ လှောင်ပြောင် ကျီစယ်နေပါတယ်။ “ကြောက်တယ်၊ ညဆို မိုးရွာရင် ကောင်းကောင်းမအိပ်ရဲဘူး၊ နားစွင့်နေရတယ်” လို့ ပိန်ပိန်သွယ်သွယ်နဲ့ အသက် (၄၀) အရွယ် မအေးက ပြောပါတယ်။ မော်ချီးဒေသဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အထိ တိုင်းရင်းသား လက်နက်ကိုင်နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပဋိပက္ခတွေကြောင့် အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒေသတခု ဖြစ်ပြီး ဒေ သခံတွေကတော့ ကရင်လူမျိုးအများစု ဖြစ်ကြပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရစစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်း စီးပွားရေးအခွင့်အလမ်း ပိုမိုပေါများလာချိန်မှာ တနယ်တကျေးကနေ လာရောက် အလုပ် လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုဝင်ရောက်လာခဲ့ပါတယ်။ ဒေသခံတွေအပါအဝင် ရွှေ့ပြောင်းလာသူတွေရဲ့ အဓိက အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်ကတော့ ခဲတူးဖော်ရေးလုပ်ငန်းပဲ ဖြစ်ပါတယ်။ မော်ချီးဒေသဟာ ၁၉၀၃ ခုနှစ်ကနေ အင်္ဂလိပ်အစိုးရခေတ်တလျှောက် ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို လုပ်ခဲ့ကြပြီး အခုချိန်ထိ ခဲကျင်းပေါင်း ၁၀၀ ကျော်နဲ့ ဧကပေါင်း ၇ ထောင်ကျော်မှာ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေအပါအဝင် ဒေသခံတွေပါ ခဲလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါ တယ်။ ခဲကျင်းထဲကို အမျိုးသမီးတွေ ဝင်ရောက်လုပ်ကိုင်ခွင့်ကို အန္တရာယ်ရှိလို့ တရားဝင် ပိတ်ပင်ထားပေမယ့် မော်ချီးဒေသဟာ အမျိုးသမီးတွေအတွက် ပိုပြီး အလုပ်ဖြစ်တဲ့နေရာလို့ အမျိုးသမီးအများစုက ဆိုပါတယ်။ အမျိုးသမီးတွေ ဘာလို့ ပိုအလုပ်ဖြစ်သလဲ မော်ချီးဒေသ ခဲမဖြူ-အဖြိုက်နက် သတ္တုတွင်းလုပ်ငန်းကို သတ္တုတွင်းဝန်ကြီးဌာ နလက်အောက်ကနေ လုပ်ကွက်အဆင့် ၆ ခုနဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေ အဓိက လုပ်ဆောင်ကြပြီး အဲဒီထဲမှာမှ ရဲထွဋ်ကျော် ကုမ္ပဏီကတော့ ဧကအများဆုံး လုပ်ပိုင်ခွင့်ရ ထားပါတယ်။ ခဲကျင်းပေါင်း ၁၀၀ ကျော်ထဲမှာ ကုမ္ပဏီက တိုက်ရိုက်လုပ်ဆောင်တဲ့ ကျင်းတွေရှိသလို ကုမ္ပဏီလက်အောက်ကနေ ချိတ်ဆက်လုပ်ကိုင်တဲ့ ဒေသခံတွေရဲ့ ကျင်းတွေလည်း  ပါဝင်ပါတယ်။ အမျိုးသားအများစုကတော့ ခဲကျင်းထဲ ဆင်းပြီး တရက်ကို ခန့်မှန်းချေ ၁ သောင်းကျပ်နဲ့ နေ့စားအလုပ်ကို အများဆုံး လုပ်ကြသလို အချို့ကလည်း ပုတ်ပြတ်ဈေးနဲ့ ခဲကျင်းအလုပ်ကို လုပ်ကြပါတယ်။ ခဲကျင်းထဲ ဝင်ခွင့် တရားဝင်ပိတ်ပင်ခံရတဲ့ အမျိုးသမီးတွေကတော့ ခဲတွင်းပြင်ပက အလုပ်တွေဖြစ်တဲ့ ခဲဆေး ခဲပြာ အလုပ်တွေ၊ ကျောက်ကပ်ထုတဲ့ အလုပ်တွေကို လုပ်ကြပါတယ်။ အမျိုးသမီးအများစုကတော့ နေ့စားအလုပ်ထက် မှောင်ခိုလမ်းကြောင်းကနေ မြေစာ၊ ကျောက်ကပ်တွေ ဝယ်ယူပြီး ခဲဆေးကျောက်ကပ်ထုတဲ့ တနိုင်တပိုင် ကိုယ်ပိုင်အလုပ်တွေကို ပိုပြီး လုပ်ဆောင်ကြပါတယ်။ “မိုးလင်းသွား၊ အောက်မှာ ကျောက်ကပ်သွားကောက်၊ သူများလှည်းတွေ (မြေစာလှည်း) တွန်းထားတာ နားပြီဆို အဲဒီလှည်းတွေမှာ ကျန်ခဲ့တဲ့ အကပ်ကလေးတွေကို သွားခြစ်။ ဒီမှာကတော့ အဲဒီလိုရှာမယ်ဆိုရင် တရက်ကို ၂ သောင်း၊ ၃ သောင်းကတော့ ရတယ်” လို့ ချောက်မြို့နယ်က လာရောက်လုပ်ကိုင်သူ မအေး က ပြောပါတယ်။

ကြယ်ဖြူလက်နက်ကိုင် ထိန်းချုပ်ဒေသ ခဲလုပ်ကွက် တနေရာ

  ဒါပေမယ့် ဒီလိုရရှိဖို့ မနက်(၄)နာရီကနေ ည(၉)နာရီအထိ မနေမနားလုပ်ရတယ်လို့ သူမက ဆိုပါတယ်။ မြေစာနဲ့ ကျောက်ကပ်ဝယ်ရာမှာ တခါတရံ ခန့်မှန်းတာထက် ခဲပါဝင်မှုများလို့ ပိုပြီးတွက်ခြေကိုက်သလို တခါတရံမှာလည်း ထင်သလောက် မပါလို့ ရှုံးတာမျိုးလည်း ရှိပါတယ်လို့ သူမက ဆိုပါတယ်။ မြေစာလှည်းကနေ ကြွင်းကျန်တာတွေကိုတော့ အခမဲ့ ခြစ်ယူလို့ရတယ်လို့ ဆိုပါတယ်။ “ဒီနေ့ပစ္စည်းဝယ်ရရင် ရသလို မြတ်တာလေ။ ယောက်ျားလေးတွေက အရောင်းအဝယ် သိပ်မလုပ်ဘူး။ မိန်းကလေးတွေပဲ လုပ်တာများတယ်။ မော်ချီးကလည်း မိန်းမတွေပဲ အလုပ်ဖြစ်တာ”  လို့ သူမ ဆိုပါတယ်။ ဒါပေမယ့် အချို့ဒေသခံ ကရင်အမျိုးသမီးတွေကတော့ မြေစာအကြွင်းအကျန်ကနေ ခဲဆေးတဲ့ အလုပ်ကို လုပ်ရာမှာ တပတ်လုံးနေမှ ၂ သောင်းကနေ ၃ သောင်းအထိသာရပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြသူတွေလည်း ရှိပါတယ်။ ခဲကျင်းထဲမှာ ဂန်းထိုးတဲ့အလုပ် (စက်နှင့် ကျောက်ဖောက်ခြင်း) ကို လုပ်ကိုင်တဲ့ အမျိုးသားတွေကတော့ ဖောက်နိုင်တဲ့ အရေအတွက်အလိုက် ပုတ်ပြတ်လုပ်မယ်ဆိုရင် တရက်ကို အနည်းဆုံး ၈ သောင်းကျပ်အထိ ရကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း သောက်စားမူးယစ်တာကြောင့် ရတဲ့ငွေတွေ အဖတ်မတင်သလို ဂန်းထိုးတာဟာ အဆုတ်ကို ထိခိုက်လို့ ဆေးပြန်ကုသရတဲ့ စရိတ်တွေက မိသားစုကို ဝန်ထုပ်ဝန်ပိုး ပြန်ဖြစ်စေတယ်လို့ အမျိုးသမီးတွေက ဆိုပါတယ်။ မုဆိုးမတွေ နေတဲ့မြေ မော်ချီးဒေသဟာ ငွေတွင်းတခုအဖြစ် အခြေခံလူတန်းစားတရပ်လုံးကို ဆွဲဆောင်နေပြီး တပြိုင်နက်တည်းမှာ အကာအကွယ်မဲ့ ခဲလုပ်ငန်း လုပ်ကိုင်နေမှုနဲ့ ဝင်ငွေနဲ့အတူ အရက်သေစာ သောက်စားမှုနှုန်း မြင့်မားလာတာတွေကလည်း အမျိုးသား ခဲလုပ်နေသူတွေကို အချိန်မတန်ဘဲ သေမင်းလက်ထဲ တွန်းပို့နေပါတယ်။

ညအချိန် ကျောက်ကပ်ထုနေသော အမျိုးသမီးများ

  “ဓာတ်မှန် ၁၁ ချက် ရိုက်ရတယ်။ ဘာရောဂါမှ မရှိဘူး။ အဆုတ်ပဲ  ကြွေကျပြီး နည်းနည်းပဲ ကျန်တာလေ” လို့ ဂန်းထိုးအလုပ်လုပ်ပြီး အဆုတ်ပျက်စီးမှုကြောင့် အသက််ဆုံးရှုံးသွားတဲ့ သူမရဲ့ခင်ပွန်းသည်အကြောင်းကို မအေးက ပြောပြပါတယ်။ ဂန်းထိုးအလုပ်လို့ ခေါ်တဲ့ ကျောက်ဖောက်တဲ့အလုပ်ဟာ အချိန် ၁၀ ကျော်ရှိတဲ့ စက်ကို ရင်ဘတ်နဲ့ ကန်ပြီး ဖောက်ရတဲ့လုပ် ဖြစ်ပါတယ်။ စက်ရဲ့ တွန်းကန်အားဟာ အဆုတ်ကို ဒဏ်ဖြစ်စေသလို အဆုတ်ကို ပျက်စီးစေတယ်ဆိုတဲ့ ဆရာဝန်တွေ မှတ်ချက်ကို ဒေသခံများက ရှင်းပြကြပါတယ်။ အဆုတ်ပျက်စီးမှုကြောင့် သေဆုံးသူ အများစုကို ကြည့်ရင် ဂန်းထိုးတဲ့သူတွေချည်းပဲလို့ ဒေသခံ အမျိုးသမီးတွေက ဆိုကြပါတယ်။ ဒေသက ပိုက်ဆံအရဆုံး ဒီအလုပ်ဟာ လုပ်ဆောင်သူ အမျိုးသားတွေအတွက် သေမင်းကို အန်တုပြီး လုပ်ရပေမယ့်လည်း မက်စရာ အလုပ်တခု ဖြစ်နေပြီး သူ့တို့ရဲ့ ဇနီးမယားတွေအတွက်တော့ ကျိန်စာတခု ဖြစ်နေပြန်ပါတယ်။ “သူ ဆုံးသွားပြီးတော့ ၇ လလောက်မှ အဆင်ပြေတာ။ အရင်ကတော့ လုံးချာပတ်ချာလည်နေတာ၊ အတိုးတွေနဲ့ ယူပြီးတော့ ဆေးကုရတယ်”လို့ မအေးလို့ အမည်လွှဲထားသူက ဆိုပါတယ်။ အဆုတ်ရောဂါ ပေါ်လာချိန်မှာတော့ တရက် ကျပ် ၄ သောင်းကျော်၊ ၅ သောင်းနီးပါး ကုန်ကျတဲ့ လွိုင်ကော်က ဆေးကုသစရိတ်ဟာ မအေးအတွက် တငွေ့ငွေ့လောင်နေတဲ့ ဖွဲမီး ဖြစ်ခဲ့ပါတယ်။ ရရာအလုပ်ကို နေ့ညမနား လုပ်လို့ရတဲ့ တနေ့ ဝင်ငွေ ၃ သောင်းက မလုံလောက်ခဲ့ပါဘူး။ “သူ ရှိတုန်းကတော့ ကျန်းမာရေးမကောင်းလို့ ကလေးတွေပါ ကျောင်းထုတ်လိုက်ရတယ်” လို့ မအေးက ဆိုပါတယ်။ ဒေသခံ ကရင်အမျိုးသမီးတဦးဖြစ်သူ နော်ပေထူးဟာလည်း သူမရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က ခဲမိုင်းဂန်း ထိုးတာကြောင့် အဆုတ်ပျက်စီး သေဆုံးခဲ့ရပြီး သားသမီး ၅ ယောက်နဲ့ ဘဝကို ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ “သူများတွေ တောင်ပေါ်မှာ ခဲသွားရောင်းတော့ အမိုးတို့က ထမ်းပေးတယ်လေ။ ၁၀ ပိဿာ ထမ်းမှ ကျပ် ၅၀ ပဲပေးတယ်။ တောင်ပေါ်ရောက်ရင်လည်း တောဈေးသည်ဆီက ဟင်းသီးဟင်းရွက် မှောင်ခို ထမ်းပြီး ရွာမှာ ပြန်ပတ်ရောင်းတယ်။” ခင်ပွန်းသည် ဆုံးချိန်မှာ သူမရဲ့အကြီးဆုံးကလေးက ၁၀ နှစ်ဖြစ်ပြီး အငယ်ဆုံးကတော့ ၃ လသား အရွယ်ပဲ ရှိပါသေးတယ်။ ပဋိပက္ခကာလတွေက အစိုးရစစ်တပ်ရဲ့ ဖြတ်လေးဖြတ် စီမံချက်ကြောင့် လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် မရှိခဲ့သလို ခင်ပွန်းသည် မရှိတဲ့အတွက် လိုအပ်ချိန်မှာလည်း စစ်တပ်ကို ပေါ်တာလိုက်ပေးရတာတွေကြောင့် သူမဘဝရဲ့ အခက်ခဲဆုံး အချိန်တွေလို့ ပြောလို့ရပါတယ်။ “ကြောက်လည်း မတတ်နိုင်ဘူး၊ လုပ်ရမှာပဲ၊ မလုပ်ရင် မစားရတော့ လုပ်ရတာပေါ့”လို့ တိုက်ပွဲတွေကြား မုဆိုးမဘဝနဲ့ ရုန်းကန်ခဲ့ရတာကို ပြောပြပါတယ်။ ဂန်းထိုးတဲ့အလုပ်အပြင် ခဲကျင်းထဲဝင်တဲ့ အခြား အလုပ်သမား အမျိုးသားအများစုဟာလည်း အဆုတ်ရောဂါတွေ ခံစားကြရပါတယ်။ အမျိုးသားတွေဟာ အရက်သေစာ သောက်စားတတ်သူတွေ ဖြစ်ပြီး တီဘီရောဂါနဲ့ သေဆုံးမှုလည်း များတယ်လို့ ရပ်ကွက် (၁၃) မှာ ဆေးခန်းဖွင့်ထားသူလည်းဖြစ်၊ ပပွာကလူ (ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအသင်းက တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ အငြိမ်းစား ကျန်းမာရေးဆရာမ ဒေါ်မာဂရက်စိန်က ပြောပါတယ်။  ဂန်းထိုးနဲ့ ခဲမှုန့်ကြောင့် ရောဂါနဲ့ အသေဆိုးသူ အမျိုးသားတွေ များသလို လုပ်ငန်းခွင် မတော်တဆမှုကြောင့်လည်း သေဆုံးတဲ့ အမျိုးသားတွေ ရှိပါတယ်။ အမျိုးသားတွေ သေဆုံးမှုကြောင့် မုဆိုးမတွေ အများကြီး ကျန်ရစ်နေရတာကလည်း ဒေသရဲ့ စိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ မော်ချီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောအော်ကော်ထူးက ပြောပါတယ်။ “ခဲလုပ်လို့ ယောက်ျားဆုံးသွားတာတို့ ဒါကတော့ စိန်ခေါ်မှုတခုပေါ့။ အဲဒါကတော့ တော်တော်လေး များပါတယ်။ အမျိုးသားတွေ အများကြီး သေတယ်။ အခု မုဆိုးမတွေ ကျန်ခဲ့တာ အများကြီးလေ” ဒီလို အခြေအနေကို လျော့ပါးဖို့အတွက် ခဲကျင်း စည်းကမ်းချက်တွေပဲ ထုတ်နေတာထက် ခဲကျင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ခဲလုပ်ငန်းခွင်မှာ ထိထိရောက်ရောက် ပညာပေးမှုတွေ လုပ်ဆောင်သင့်တယ်လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ခဲကျင်းလုပ်ငန်းက ရတဲ့ရောဂါကြောင့် သေဆုံးသွားသူတွေအတွက် သက်ဆိုင်ရာ ကုမ္ပဏီတွေ၊ ခဲကျင်းပိုင်ရှင်တွေအနေနဲ့ လျော်ကြေးပေးမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း ရှိသင့်တယ်လို့ ဒေသခံတွေရဲ့ ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ၂၀၁၇ ခုနှစ် ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ Close up အစီအစဉ်မှာ ရဲထွဋ်ကျော် ကုမ္ပဏီဒါရိုက်တာ ဒေါ်အိစုကျော်က ကုမ္ပဏီအနေနဲ့ ဖြစ်တဲ့ မတော်တဆမှုအပေါ် လျော်ကြေးပေးမှုတွေ ရှိပြီး မတော်တဆမှု အများစုဟာ ဒေသခံတွေရဲ့ ခဲကျင်းတွေမှာ အဖြစ်များပါတယ်လို့ ပြောဆိုထားပါတယ်။ ဒေသခံ ခဲကျင်းတွေမှာလည်း အချို့က လျော်ကြေးငွေပေးပေမယ့် မပေးတဲ့ ခဲကျင်းပိုင်ရှင်တွေလည်း အများကြီး ရှိတယ်လို့ အမျိုးသမီးတွေက ဆိုပါတယ်။ “ဒီမိုင်းမှာ အလုပ်သမားသမဂ္ဂ မရှိဘူး။ လူမှုဖူလုံရေး မရှိဘူး။ တခုခုဖြစ်လို့ ကျင်းမှာ ဒဏ်ရာရလို့ သေသွားလို့ရှိရင် တချို့က နားလည်မှုရှိတော့ ထိုက်ထိုက်တန်တန်လျ လျော်ပေးတာ ရှိတယ်။ တချို့ မလျော်ပေးတာ ရှိတယ်” လို့ အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်မာဂရက်စိန်က ဆိုပါတယ်။ ခဲကျင်းလုပ်ငန်း လုပ်ကိုင်တဲ့ တိုက်ရိုက်ထိခိုက်သူ ကာယကံရှင် အမျိုးသားတွေရဲ့ လျော်ကြေးငွေအတွက် မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ သေဆုံးသူတွေရဲ့ ကျန်ရစ်သူ ဇနီးသည်တွေအတွက် ကူညီထောက်ပံ့မှု ဆိုတာကတော့ အဝေးကြီး ဝေးနေပါသေးတယ်။ “အစိုးရအနေနဲ့ မုဆိုးမတွေအတွက် သီးသန့်အစီအစဉ် ဖော်ဆောင်ပေးဖို့တော့ မရှိဘူး။ ဒါတွေကျတော့ ဖြစ်တဲ့ အကြောင်းအရင်းပေါ်မှာ ကုမ္ပဏီဆိုလည်း ကုမ္ပဏီနဲ့ခေါ်ပြီး ပြောပေးနိုင်မယ်” လို့ ဖားဆောင်းနဲ့ မော်ချီးဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းထွေးသူက ဆိုပါတယ်။ “အလုပ်သမားတွေကတော့ သေသွားပြီ။ ဒါပေမဲ့ ကျန်ခဲ့တဲ့ အမျိုးသမီးတွေအတွက် စားဝတ်နေရေး အခြေခံ လူတန်းစားအဆင့်ကို ရပ်တည်နိုင်ဖို့အတွက် အစိုးရက ဘာမှ မလုပ်ပေးတဲ့အတွက် ဒီအမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ ဘာမှမရှိတော့ဘူးလေ” လို့ မော်ချီးဒေသ အမျိုးသမီးဖွံ့ဖြိုးရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ဒေါ်မာဂရက်စိန်က ပြောပါတယ်။ ဒေသခံ ကရင်အမျိုးသမီးကြီးတဦးကတော့ လျော်ကြေးငွေတွေထက် ခဲကျင်းလုပ်ငန်းကြောင့် ရောဂါဖြစ်ပြီး သေဆုံးမှုတွေ နည်းပါးစေမယ့် နည်းလမ်းကိုပဲ ပိုသိချင်ပါတယ်လို့ဆိုပါတယ်။ “နည်းနည်းပြောပေးဦး၊ ဂန်းထိုးတာလေ၊ အဲဒီရောဂါ သက်သာအောင် နည်းလမ်းလေး၊ ဘယ်လို ကာကွယ်ရမလဲဆိုတာ နည်းနည်းမေးပေးဦး၊ နည်းရှာပေးဦးလို့” ဆိုပြီး သူမနဲ့ ဆက်သွယ်မေးမြန်းချိန်မှာ ပြောခဲ့ပါတယ်။ အရက်ရဲ့ သားကောင်များ မော်ချီးဒေသမှာရှိတဲ့ ဒေသခံအမျိုးသမီးတွေ အပါအဝင် ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ အမျိုးသမီးတွေ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာတရပ်ကတော့ အရက်သေစာပဲ ဖြစ်ပါတယ်။ “အရက်သောက်ပြီး မိန်းမ ပြန်ထုလိုက်၊ ပြီးရင် အလုပ်လည်း မလုပ်ဘူး။ ပိုက်ဆံတောင်းမရရင် မိန်းမကိုထု၊ အရက်သမားမိန်းမ ဖြစ်ရတာ တော်တော်ကံဆိုးတယ်” လို့ အသက် ၇၀ နီးပါးရှိတဲ့ ဒေသခံ ကရင်အမျိုးသမီးကြီးတဦးက ပြောပါတယ်။

ခဲ ပါဝင်သော ကျောက် သို့မဟုတ် ကျောက်ကပ်

လူ ၁၀ ဦးမှာ ၉ ဦးလောက်က အရက်သေစာ သောက်စားသူတွေ ဖြစ်နေပြီလို့ အမျိုးသမီးတွေက စိုးရိမ်စွာ ပြောကြပါတယ်။ အရက်သေစာ သောက်စားတာကြောင့် ခဲလုပ်ငန်းလုပ်လို့ ရတဲ့ဝင်ငွေဟာ အဖတ်မတင်သလို ခဲကြောင့်ဖြစ်နေတဲ့ ကျန်းမာရေး ထိခိုက်မှုကိုလည်း ပိုပြီးဆိုးဝါးစေတာကြောင့် အမျိုးသားတွေရောဂါရချိန်မှာ စုဆောင်းငွေကြေးမရှိတဲ့ အမျိုးသမီးတွေအဖို့ တပူပေါ် နှစ်ပူဆင့်ပြီး ဝန်ပိကြရပါတယ်။ “ခဲလုပ်လည်း သူက သောက်စားတယ်၊ အလုပ်သမားတွေနဲ့ ထားတယ်ပေါ့။ ပြောမယ်ဆို ရှေ့တန်းမှူးတွေကပဲ ပြန်ကောင်းစားတာပေါ့၊ ကိုယ်က အချိန်တန်ရင် အကြွေးတင်ခဲ့ပေါ့” လို့ အဆုတ်ရောဂါကြောင့် မကြာသေးခင်ကမှ ခင်ပွန်းသည် ဆုံးပါးသွားခဲ့တဲ့ ကျောက်ပန်းတောင်းမြို့နယ်က အလုပ်လာလုပ်သူ အမျိုးသမီးတဦးက ဆိုပါတယ်။ သူမအမျိုးသား ဆုံးပါးချိန်မှာ ကလေးငယ် ၁၁ လသားအရွယ်နဲ့ ကျန်ရစ်ခဲ့ပြီး ယောက္ခမတွေရဲ့ ထောက်ပံ့မှု နဲ့ ရပ်တည်နေရတာ ဖြစ်ပါတယ်။ “မူးရင် ဆိုးတယ်။ မူးရင် ရန်လုပ်တာပေါ့နော်။ ရိုက်တယ်၊ နှက်တယ်။ ဆုံးသွားတော့လည်း ဆိုးတယ်လို့ ပြောမနေတော့ပါဘူး” လို့ ချောက်မြို့နယ်ဘက်က လာရောက်လုပ်ကိုင်သူ မအေးက ပြောပါတယ်။ ဒေသအတွင်းမှာ မုဒိမ်းမှုလို အကြမ်းဖက်မှုပြဿနာတွေ သိပ်မရှိပေမယ့် မူးယစ်ရမ်းကားမှုကြောင့် အိမ်တွင်းရေးပြဿနာတွေ ဖြစ်ပြီး ဖြေရှင်းပေးရတာ များတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသတွင်း နေထိုင်သူတွေအကြား ပညာပေးဆွေးနွေးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ “ဒါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ သူတို့အမျိုးသားတွေက အရက်သောက်တယ်၊ ဒီလိုပဲ ဘာမှမလုပ်ဘူး၊ ဒါ တော်တော်များလာပြီ။ အမျိုးသမီးတွေပဲ ဦးဆောင်နေတာ၊ အိမ်တွင်းရေး စီးပွားရေးကို။ အများကြီး ဒီရွာထဲမှာ” လို့ အုပ်ချုပ်ရေးမှူးက စောအော်ကော်ထူး ပြောပါတယ်။ ကြယ်ဖြူလက်နက်ကိုင်အဖွဲ့ရှိရာ ညောင်သာယာကျေးရွာနဲ့ အနီးအနား ကျေးရွာတွေမှာ၊ အထူးသဖြင့် ကရင်ရွာတွေမှာ အရက်သောက်ခွင့်ကို ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ ကြယ်ဖြူအဖွဲ့အနေနဲ့ အမျိုးသမီးရေးရာအဖွဲ့တခုကို ဖွဲ့စည်းခဲ့ပြီး အရက်သေစာ သောက်စားမှု ပြဿနာကို အဓိကဖြေရှင်းဖို့အတွက် လုပ်နေတယ်လို့ အမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ နော်စဒါက ပြောပါတယ်။ “အရက်သေစာသောက်လို့ မိန်းမတွေ ဒုက္ခရောက်တာ အဲဒါပဲ ရှိတယ်။ ပြီးရင် သားသမီးတွေအတွက် ရုန်းကန်ရတယ်၊ လုပ်ရတယ်” ဒါပေမဲ့ ကြယ်ဖြူ ထိန်းချုပ်တဲ့ ကျေးရွာတွေမှာလည်း အရက် ဆက်လက်သောက်သုံးမှုတွေ ရှိနေသေးသလို ရွှေ့ပြောင်းအလုပ်သမားတွေ အများစု နေထိုင်တဲ့ ရပ်ကွက်တွေမှာတော့ ရောင်းချမှုတွေလည်း ရှိနေဆဲဖြစ်လို့ ကြယ်ဖြူအမျိုးသမီးအဖွဲ့ရဲ့ အရက်ထိန်းချုပ်ရေးလုပ်ငန်းကို ဒေသခံ အမျိုးသမီးတွေအနေနဲ့ အားရမှု မရှိပါဘူး။ “အရက်ကို မူးယစ်ဆေးဝါးထဲ မထည့်ဘူးတဲ့။ အရက်တခုကို တအားမုန်းတယ်။ ကမ္ဘာပေါ်မှာ အမုန်းဆုံးက အရက်ပဲ” လို့ အရက်စွဲနေသူ သားတဦးရဲ့ မိခင်ဖြစ်သူ ကရင်အမျိုးသမီးကြီးက ဆိုပါတယ်။ အမျိုးသမီးတွေကတော့ ခဲကြောင့် ဝင်ငွေရတာထက် အရက်ကြောင့် ငွေကုန်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေ မဖြစ်အောင် အရက်ကို လုံးဝ မပိတ်ပင်နိုင်ရင်တောင် ဒေသထဲမှာ စည်းစနစ်နဲ့ ရောင်းပေးစေချင်တယ်လို့ ပြောကြပါတယ်။ အာမခံချက်မရှိတဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာပြဿနာများ ခဲလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းခွင် လုံခြုံရေး၊ ကျန်းမာရေးရှုထောင့်မှ ကာကွယ်နည်းတွေကို ပညာပေးမှု အားနည်းနေချိန်မှာ ကုမ္ပဏီလုပ်ငန်းခွင်ပြင်ပ တနိုင်တပိုင် ခဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးသမီးတွေအတွက် ကျန်းမာရေး အသိပညာပေးမှုတွေလည်း လုံးဝ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ခဲဆေး၊ ခဲပြာ၊ ကျောက်ကတ်ထုတဲ့ အလုပ်ကို အကာအကွယ်မရှိပဲ မိုးလင်း မိုးချုပ် နေ့တဓူ၀ လုပ်ဆောင်နေကြရတဲ့ အမျိုးသမီးတွေဟာ မိသားစုတာဝန်တွေ ပိနေလို့ ရောဂါဖြစ်ဖို့ မကြောက်အားကြပါဘူး။ “ခဲအမှုန်တွေကတော့ အနည်းနဲ့အများ ရတာပဲလေ။ ဗမာပြည်မှာ နေတဲ့သူက သက်တမ်းက ၆၀ ဆိုရင် မော်ချီးနေတဲ့ တို့က ၅၀ လောက်ပဲနေမှာလို့ ပြောနေသေးတယ်။ ရောဂါရတာပဲလေ” လို့ မျက်တွင်းတွေ မည်းပြီး မွဲခြောက်ခြောက် အသားအရေပိုင်ရှင် မအေးက ဆိုပါတယ်။ “သားသမီးအတွက် ကိုယ့်တယောက်တည်း ရုန်းရမယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ သိနေလို့လား မသိဘူး။ ကိုယ့်ကျန်းမာရေးကို ကိုယ် ဘာမှ မသိတော့ဘူး”လို့ သူမက ဆက်ပြောပါသေးတယ်။ ခဲလုပ်ငန်းလုပ်ကွက်တွေကြားကနေ ထွက်လာတဲ့ ရေထွက်ပေါက်တွေကို အမှီပြုပြီး နိစ္စဓူဝ သောက်သုံးရေအဖြစ် အသုံးပြုနေကြရတဲ့အတွက် ခဲဆိပ်ပါတဲ့ ရေတွေနဲ့ ရေရှည် ကျန်းမာရေး အာမခံချက် ရှိပါ့မလား ဆိုတဲ့ စိုးရိမ်ချက်တွေကတော့ ဒေသခံအားလုံးမှာ ရှိနေကြပါတယ်။ ခဲလုပ်ငန်းအခြေခံ လုပ်နေတဲ့ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင်လုံခြုံရေး၊ နိစ္စဓူဝ ကျန်းမာရေး လုံခြုံမှု မရှိတဲ့အပြင် နေမကောင်းဖြစ်တဲ့အခါ အလွယ်တကူ လက်လှမ်းမီနိုင်တဲ့ ဆေးရုံ ဆေးခန်းတွေလည်း ဒေသခံတွေအတွက်ရော ရွှေ့ပြောင်းအမျိုးသမီးတွေအတွက်ပါ မရှိပါဘူး။

ကျေးလက်ကျန်းမာရေးဌာနတခု

  မော်ချီးဒေသမှာ ရွာပေါင်း ၅၃ ရွာရှိပြီး ဆေးရုံကတော့ ရွာကြီးတခုဖြစ်တဲ့ လိုခါးလိုကျေးရွာမှာသာ ရှိပါတယ်။ တောင်ထူထပ်တဲ့ဒေသ ဖြစ်တဲ့အတွက် တရွာနဲ့တရွာ သွားဖို့ တောင်တွေ ဖြတ်ရပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် ဆေးရုံကို ပုံမှန်လာဖို့ ခက်ခဲကြပါတယ်။ အဲဒီအခက်အခဲနဲ့ အဓိက ရင်ဆိုင်ရတာကတော့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ “ကလေး ဝမ်းသွားလို့ လာပြတာ” လို့ ပြောတဲ့ အသက် (၄၀) နှစ်အရွယ် ကရင်အမျိုးသမီးတဦးရဲ့ လက်ပေါ်မှာ လသားအရွယ် ကလေးအပြင် သူမ ထဘီစကို ဆွဲကိုင်ထားတဲ့ နောက်ထပ်ကလေးငယ် နှစ်ဦးလည်း ရှိနေပါ တယ်။ သူမကတော့ ကုသိုလ်ဖြစ် နယ်လှည့်ဆေးကုပေးနေတဲ့ ပပွာကလူ (ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအသင်းက ယာယီဆေးကုပေးနေတဲ့ သူမတို့ရွာက ဘုရားကျောင်းထဲကို ကလေးတွေနဲ့အတူ လာခဲ့တာပါ။ သူမနဲ့အတူ ပါလာတဲ့ကလေးတွေအပြင် စုစုပေါင်း ကလေး ၈ ယောက် ရှိတယ်လို့ ဆိုပါတယ်။ သူမတို့ကျေးရွာမှာ ရှိနေတဲ့ အစိုးရအနေနဲ့ ကျေးလက်ကျန်းမာရေးဌာနကို ဘာလို့ သွားမပြလဲလို့ မေးတော့ “တခါမှ လူမှမရှိတာ” လို့ သူမ ဖြေပါတယ်။ သူမလို အသက်အရွယ်ကြီးတဲ့ အခြား ဒေသခံကရင်အမျိုးသမီးတွေမှာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိ မရှိကြသလို သားဆက်ခြားဖို့လည်း ဆရာမတွေက အကြံပြုချက်ပေးမှ ဆေးထိုးကြတဲ့သူတွေလည်း ရှိပါတယ်။ 

နယ်လှည့်ကျန်းမာရေးအဖွဲ့ ဆေးကုရာတွင် တွေ့ရသော ကရင်အမျိုးသမီးတဦး

  အစိုးရအနေနဲ့ ကျန်းမာရေးအခြေခံအဆောက်အအုံတွေကို ပထမဆုံးအဆင့်အနေနဲ့ လုပ်ဆောင်နေပြီး ဆရာ၊ ဆရာမ ဖြည့်ဆည်းထားပေမယ့် တာဝန်ကျေတဲ့ အခန်းကဏ္ဍမှာတော့ အားနည်းနေသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းထွေးသူက ဆိုပါတယ်။ “အဓိကက ကျေးရွာတွေက နည်းနည်းအလှမ်းဝေးတဲ့အခါကျတော့ ဆရာ၊ ဆရာမတွေက အမြဲတမ်း မနေချင်ဘူးပေါ့နော်။ အမြဲတမ်း နေထိုင်ဖို့အတွက်ကိုလည်း ကျမတို့က တော်တော်လေးတော့ ပြောရတာပေါ့” ၂၀၁၅ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ကျန်းမာရေ းအဆောက်အအုံအချို့ တိုးတက်လာတယ်လို့ ဆိုရပေမယ့် အခြေခံလိုအပ်တဲ့ အဆင့်ကို အခုချိန်ထိ မပြည့်မီသေးပါဘူး။ ဒီအခြေအနေမှာ ဒေသတွင်းက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးရေးတွေအတွက် သတ္တုထုတ်လုပ်နေသူ ကုမ္ပဏီရဲ့ တာဝန်လား၊ အစိုးရရဲ့ တာဝန်လားဆိုတာ အချို့ဒေသခံ အမျိုးသမီးတွေကြား သေချာမသိကြပါဘူး။ ဘယ်သူ့မှာ တာဝန်ရှိလဲ အစိုးရကတော့ ကျန်းမာရေးပညာပေးတာတွေ သူ့ဌာနနဲ့သူလာပြီး ပညာပေးတာမျိုးတွေတော့ ရှိပေမယ့် လုံလောက်မှု မရှိသေးသလို သတ္တုထုတ်လုပ်သူတွေအနေနဲ့လည်း တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး စောအော်ကော်ထူးက ပြောပါတယ်။ “သက်ဆိုင်ရာ သယံဇာတထုတ်တဲ့သူတွေ သယံဇာတထုတ်မှတော့ အပြန်အလှန် ရှိရမယ်လေ။ ဒီက သယံဇာတကို ယူသွားပြီး ဒီမှာ နေတဲ့သူတွေရဲ့ ကျန်းမာရေး ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ဘာမှမလုပ်ပေးဘူး”

ကျေးရွာလမ်းတနေရာ

  အမျိုးသမီးဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားပြီးချိန် ၆ လအထိ တလ ကျပ် ၁ သောင်းခွဲ ထောက်ပံ့မှုကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေစပြီး လုပ်ဆောင်နေပေမယ့် တခြား ပညာပေး လုပ်ဆောင်မှုတွေကိုတော့ လုံး၀ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ အမျိုးသမီးအခွင့်အရေးဆိုင်ရာတွေကို လာမယ့်ကာလတွေမှာ လုပ်ဆောင်သွားဖို့ရှိပြီး ကုမ္ပဏီတွေနဲ့ မဆက်စပ်တဲ့ လက်လုပ်လက်စား ခဲလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအတွက်ကတော့ အလုပ်သမား အခွင့်အရေးရှုထောင့်ကထက် လုပ်ရခက်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းထွေးသူက ဆိုပါ တယ်။ “တဝမ်းတခါး ဝမ်းစာရေးအတွက် အပြင်မှာ လုပ်တဲ့သူတွေလည်း အများကြီးရှိတယ်လေ။ အဲဒါတွေအားလုံး လွှမ်းခြုံအောင် အစိုးရအနေနဲ့ကတော့ အဓိကကတော့ ကျန်းမာရေး အသိပညာ ရှုထောင့်က လုပ်ရမှာပေါ့” ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအောက်ကနေ အမျိုးသမီးတွေအတွက် စက်ချုပ်လုပ်ငန်းနဲ့ ဆပ်ပြာချက်သင်တန်းတွေကို အိမ်တွင်း အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် လုပ်ပေးနေတာ ရှိတယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။ မော်ချီးဒေသတခုလုံးကို ခြိမ်းခြောက်နေတဲ့ အခြားကျန်းမာရေး စိုးရိမ်ချက်တခုဖြစ်တဲ့ သန့်ရှင်းတဲ့ရေ ရရှိရေးဟာ သတ္တုထွက်ဒေသမှာ သတ္တုထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေမှာ အများဆုံး တာဝန်ရှိတယ်လို့ အစိုးရဘက်က ထောက်ပြပေမယ့် သန့်ရှင်းတဲ့ရေရဖို့ မပြောနဲ့ ရေထွက်ပေါက် ရှားပါးတဲ့ အခြေအနေဟာ ကုမ္ပဏီတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ရဲထွဋ်ကျော် ကုမ္ပဏီလိမိတက်ရဲ့ ဒါရိုက်တာ ဒေါ်အိစုကျော်က ပြောပါတယ်။ “ရေထွက်ပေါက်သာ ရှိပါစေ၊ ကျန်တဲ့ဟာက ကူညီလို့ရတယ်။ ဥပမာ ရေထွက်တဲ့နေရာရှိမှ ပိုက်လိုလား၊ စက်လိုလား ကျမတို့ ကူညီလို့ရတယ်။ ရေထွက်မှပဲ လုပ်ပေးလို့ရတယ်။ ရေမထွက်ရင် ဘာမှမတတ်နိုင်ဘူး” လို့ ဒေါ်အိစုကျော်က ဆိုပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေဟာ အားနည်းနေဆဲဖြစ်ပြီး ဒေသအတွက် နစ်နာနေတဲ့ အခြေအနေ ဖြစ်တာကြောင့် လာမယ့်ကာလမှာ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဖို့ရှိသလို အစိုးရ၊ ကုမ္ပဏီ၊ ဒေသခံတွေ ပါဝင်တဲ့ ၃ ပွင့်ဆိုင် တွေ့ဆုံဖို့ ကြိုးစားသွားပြီး ဒေသဖွံ့ဖြိုးရေးနဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ဆွေးနွေးဖို့ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပြပါတယ်။ ဒါပေမယ့် ဒေသခံတွေအနေနဲ့ မြင်နေတဲ့ စိုးရိမ်ချက်တွေ၊ ကြုံနေရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ရပ်တည်ပြောဖို့ လိုအပ်တယ်လို့ ကိုယ်စားလှယ်က ဆိုပါတယ်။ “ကုမ္ပဏီဘက်က အဆင်မပြေမှုအပေါ် ကိုယ်စားလှယ်က မားမားမတ်မတ် ရပ်တည်ပြောတဲ့ အချိန်မှာ လူထုရဲ့ ပါဝင်မှုက အားနည်းနေတယ်။ လူထုဘက်ကို အားမရဘူး။ ရှင်းရှင်းပြောရရင်..” လို့ နန်းထွေးသူက ဆိုပါတယ်။

မော်ချီးဒေသ လူနေအိမ်များ

  ကုမ္ပဏီရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိဘူးလို့ ဒေသခံတွေကြား ပြောဆိုနေမှု များပြားနေပေမယ့် ကုမ္ပဏီအနေနဲ့ သတ်မှတ်ထားတဲ့ ဥပဒေပါ အချက်တွေ လုပ်ဆောင်နေတာ ရှိကြောင်း ခဲလုပ်ကွက်ဧက အများဆုံး လုပ်ဆောင်နေတဲ့ ရဲထွဋ်ကျော်ကုမ္ပဏီ ဒါရိုက်တာက ဆိုပါတယ်။ “အတတ်နိုင်ဆုံးတော့ အစိုးရ သတ်မှတ်တာထက် မနည်းသော အနေအထားမှာတော့ ကျမတို့ လုပ်ပေးတယ်။ တတ်နိုင်သလောက် အကောင်းဆုံး အနေအထားမှာတော့ ကျမတို့ လုပ်ပေးတယ်။ အဲဒါကို အသေးစိတ် သိဖို့ကတော့ ပတ်ဝန်းကျင် ကောလာဟလက မသိနိုင်ဘူး။” မော်ချီးဒေသ အမျိုးသမီးဖွံ့ဖြိုရေးလုပ်ဆောင်နေတဲ့ ပပွာကလူ(ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအသင်းက တာဝန်ရှိသူတဦးလည်း ဖြစ်တဲ့ အငြိမ်းစား ကျန်းမာရေးဆရာမ ဒေါ်မာဂရက်စိန်ကတော့ အစိုးရနဲ့ ကုမ္ပဏီတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် ဒေသခံ အမျိုးသမီးတွေအတွက် ခဲလုပ်ငန်းတခုတည်း မဟုတ်ဘဲ အခြား အသက်မွေးဝမ်းကျောင်းမှုတွေ လုပ်လာနိုင်အောင်လည်း စီစဉ်ပေးသင့်တယ်လို့ ပြောပါတယ်။ မသေချာတဲ့ အနာဂတ် အခြေခံ ဖွံ့ဖြိုးရေးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်ထက် ဒေသခံအမျိုးသမီးတွေ၊ ရွှေ့ပြောင်းအမျိုးသမီးတွေရဲ့ အဓိက စိုးရိမ်ချက်ကတော့ မော်ချီးဒေသ သက်ဆိုးရှည်ပါ့မလား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ စက်ယန္တရားကြီးတွေနဲ့ တိုးချဲ့လုပ်ဆောင်လာတဲ့ ခဲလုပ်ငန်းတွေနဲ့ ပိုပိုတိုးလာတဲ့ မြေပြိုမှု အန္တရာယ်တွေကြားမှာ မော်ချီးဒေသကြီး ပျက်စီးတော့မလား၊ ခဲတွေ ကုန်သွားတော့မလားဆိုပြီး အမျိုးသမီးတွေ စိုးရိမ်နေကြပါတယ်။ “အခု သူများလုပ်လို့ ကုန်သွားမှာ အမိုးတို့ စိုးရိမ်နေတယ်။ သားသမီးခေတ် ဘာသွားစားကြမလဲလို့ စိုးရိမ်တယ်လေ။ အမိုးတို့ သားသမီးခေတ်ကျတော့ ဘာမှ မကျန်တော့ရင် ဘာသွားစားကြမလဲ” လို့ ဘိုးဘွားစဉ်ဆက် တနိုင်တပိုင် ခဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းခဲ့သူ အသက် ၆၀ အရွယ် ကရင်အမျိုးသမီးတဦးက ပြောပါတယ်။ ခဲနဲ့ပဲ အသက်မွေးဝမ်းကျောင်းတတ်ကြတဲ့ ဒေသခံတွေအဖို့ ခဲကုန်ရင် ဘာစားကြမလဲ၊ မြေပြိုရင် ဘယ်မှာ သွားနေကြမလဲဆိုတဲ့ သူတို့မေးခွန်းတွေက အခုထိ အဖြေမရှိသေးပါဘူး။ “ညတုန်းက နှာတွေပိတ်ပြီး နေမကောင်းတော့ စဉ်းစားမိတယ်။ ငါလို့.. အများကြီးလည်း မလုပ်ချင်ဘူးလို့။ ဒီမှာ ၂ နှစ်လောက်တော့ လုပ်စားချင်သေးတယ်လို့။ ကလေး ၄ ယောက်ကို တယောက်ကို  ၅၀ စီလောက် ဘဏ်မှာ ထည့်ပေးနိုင်ရင်တော်ပြီလို့။ အဲဒီလောက်တော့ အမေ ရုန်းဦးမယ်လို့” လို့ ချောက်မြို့နယ်က လာရောက်ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူ မအေးက သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပါတယ်။ နောက် နှစ်နှစ်လောက် မြေမပြိုရင် သူမရဲ့ မျှော်လင့်ချက်က ပြည့်နိုင်တယ်လို့ မအေးက ယုံကြည်နေပါ တယ်။ မယ်လွန်း (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_ version ခဲဆိပ္သင့္ ဘဝမ်ား အခ်ိန္အားျဖင့္ ည ၈ နာရီခန႔္ရွိၿပီ ျဖစ္ေပမယ့္ ပတ္ဝန္းက်င္ဟာ လႈပ္ရွားသက္ဝင္ေနဆဲ ျဖစ္ပါတယ္။ ေတာင္ေစာင္းေတြေပၚမွာ ရွိေနတဲ့ လူေနရပ္ကြက္တေလွ်ာက္က ထမင္းဆိုင္၊ စားေသာက္ဆိုင္ေတြထဲမွာ လက္ဖက္ရည္ေသာက္ၿပီး တီဗြီၾကည့္ေနသူ၊ ထမင္းစားေနသူ၊ ေဆးလိပ္ေသာက္ေနသူ အမ်ိဳးသားေတြနဲ႔ ျပည့္ႏွက္စည္ကားေနပါတယ္။ ယာယီတဲသာသာရွိတဲ့ လူေနအိမ္ေတြကေန ထြက္ေပၚလာတဲ့ အမ်ိဳးသမီးေတြရဲ႕ ေက်ာက္ထုသံကလည္း အခုလို ညအခ်ိန္ကို တနည္းတဖုံ အသက္ဝင္ေစပါတယ္။ “ဒီမွာပဲ ပိုက္ဆံရွာလို႔ ေကာင္းတာေလ။ ကိုယ့္မိသားစုအတြက္ လုံေလာက္တာ။ ဗမာျပည္ (ျမန္မာျပည္ အလယ္ပိုင္းကို ေဒသအေခၚ) မွာက်ေတာ့ ပိုက္ဆံေလး ၂ ေထာင္ ၃ ေထာင္နဲ႔ မလုံေလာက္ဘူး၊ ကေလးေတြနဲ႔ .. သူတို႔ေရွ႕ေရးအတြက္လည္း ကိုယ္ မေထာက္ပံ့ႏိုင္ဘူး” လို႔ ေက်ာက္ကပ္ (ခဲ ပါဝင္တဲ့ေက်ာက္) ထုၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနသူ မေအးက ဆိုပါတယ္။ မေအး ဆိုတဲ့ နာမည္ကေတာ့ နာမည္လႊဲတခု ျဖစ္ပါတယ္။ သူမကေတာ့ ျမန္မာႏိုင္ငံ အလယ္ပိုင္း ေခ်ာက္ၿမိဳ႕ နယ္က ေက်ာင္းဆရာမေဟာင္းတဦး ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ခဲသတၱဳတြင္းထြက္ အမ်ားဆုံး ထြက္ရွိတဲ့ေနရာေတြထဲက တခုျဖစ္တဲ့ ကယားျပည္နယ္၊ ဖာေဆာင္းၿမိဳ႕နယ္က ေမာ္ခ်ီးေဒသဟာ အလုပ္အကိုင္ရွားပါးတဲ့  ျမန္မာႏိုင္ငံ အလယ္ပိုင္းက မေအးတို႔လို လူေတြအတြက္ေတာ့ ေငြတြင္းႀကီးတခုပါပဲ။ လူေနအိမ္ရပ္ကြက္ေတြရွိရာ ေတာင္ေစာင္းေပၚကေန လွမ္းျမင္ေနရတဲ့ ႀကီးမားတဲ့ ေနာက္ထပ္ ေတာင္ႀကီးတလုံးကေတာ့ ေျမေတြ ၿပိဳက်ထားၿပီး က်န္တဲ့ေတာင္ေဘးတျခမ္းလုံးက အညိဳေရာင္မ ေျမသားျပင္ႀကီးဟာ မေအး အပါအဝင္ ခဲမိုင္းလုပ္သားေတြအားလုံးကို ညအေမွာင္ထဲမွာ ေလွာင္ေျပာင္ က်ီစယ္ေနပါတယ္။ “ေၾကာက္တယ္၊ ညဆို မိုး႐ြာရင္ ေကာင္းေကာင္းမအိပ္ရဲဘူး၊ နားစြင့္ေနရတယ္” လို႔ ပိန္ပိန္သြယ္သြယ္နဲ႔ အသက္ (၄၀) အ႐ြယ္ မေအးက ေျပာပါတယ္။ ေမာ္ခ်ီးေဒသဟာ လြန္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္အထိ တိုင္းရင္းသား လက္နက္ကိုင္နဲ႔ ျမန္မာ့တပ္မေတာ္အၾကား ျဖစ္ပြားခဲ့တဲ့ စစ္ပြဲပဋိပကၡေတြေၾကာင့္ အမည္းေရာင္နယ္ေျမအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ေဒသတခု ျဖစ္ၿပီး ေဒ သခံေတြကေတာ့ ကရင္လူမ်ိဳးအမ်ားစု ျဖစ္ၾကပါတယ္။ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) နဲ႔ အစိုးရစစ္တပ္ၾကား အပစ္အခတ္ရပ္စဲေရး လက္မွတ္ထိုးၿပီးေနာက္ပိုင္း စီးပြားေရးအခြင့္အလမ္း ပိုမိုေပါမ်ားလာခ်ိန္မွာ တနယ္တေက်းကေန လာေရာက္ အလုပ္ လုပ္ကိုင္ၾကတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ပိုမိုဝင္ေရာက္လာခဲ့ပါတယ္။ ေဒသခံေတြအပါအဝင္ ေ႐ႊ႕ေျပာင္းလာသူေတြရဲ႕ အဓိက အသက္ေမြးဝမ္းေက်ာင္းတဲ့ အလုပ္ကေတာ့ ခဲတူးေဖာ္ေရးလုပ္ငန္းပဲ ျဖစ္ပါတယ္။ ေမာ္ခ်ီးေဒသဟာ ၁၉၀၃ ခုႏွစ္ကေန အဂၤလိပ္အစိုးရေခတ္တေလွ်ာက္ ခဲသတၱဳတူးေဖာ္ေရးလုပ္ငန္းကို လုပ္ခဲ့ၾကၿပီး အခုခ်ိန္ထိ ခဲက်င္းေပါင္း ၁၀၀ ေက်ာ္နဲ႔ ဧကေပါင္း ၇ ေထာင္ေက်ာ္မွာ ျပည္တြင္း ျပည္ပ ကုမၸဏီေတြအပါအဝင္ ေဒသခံေတြပါ ခဲလုပ္ငန္းကို လုပ္ကိုင္ခဲ့ၾကတာ ျဖစ္ပါ တယ္။ ခဲက်င္းထဲကို အမ်ိဳးသမီးေတြ ဝင္ေရာက္လုပ္ကိုင္ခြင့္ကို အႏၲရာယ္ရွိလို႔ တရားဝင္ ပိတ္ပင္ထားေပမယ့္ ေမာ္ခ်ီးေဒသဟာ အမ်ိဳးသမီးေတြအတြက္ ပိုၿပီး အလုပ္ျဖစ္တဲ့ေနရာလို႔ အမ်ိဳးသမီးအမ်ားစုက ဆိုပါတယ္။ အမ်ိဳးသမီးေတြ ဘာလို႔ ပိုအလုပ္ျဖစ္သလဲ ေမာ္ခ်ီးေဒသ ခဲမျဖဴ-အၿဖိဳက္နက္ သတၱဳတြင္းလုပ္ငန္းကို သတၱဳတြင္းဝန္ႀကီးဌာ နလက္ေအာက္ကေန လုပ္ကြက္အဆင့္ ၆ ခုနဲ႔ ျပည္တြင္း ျပည္ပ ကုမၸဏီေတြ အဓိက လုပ္ေဆာင္ၾကၿပီး အဲဒီထဲမွာမွ ရဲထြဋ္ေက်ာ္ ကုမၸဏီကေတာ့ ဧကအမ်ားဆုံး လုပ္ပိုင္ခြင့္ရ ထားပါတယ္။ ခဲက်င္းေပါင္း ၁၀၀ ေက်ာ္ထဲမွာ ကုမၸဏီက တိုက္႐ိုက္လုပ္ေဆာင္တဲ့ က်င္းေတြရွိသလို ကုမၸဏီလက္ေအာက္ကေန ခ်ိတ္ဆက္လုပ္ကိုင္တဲ့ ေဒသခံေတြရဲ႕ က်င္းေတြလည္း  ပါဝင္ပါတယ္။ အမ်ိဳးသားအမ်ားစုကေတာ့ ခဲက်င္းထဲ ဆင္းၿပီး တရက္ကို ခန႔္မွန္းေခ် ၁ ေသာင္းက်ပ္နဲ႔ ေန႔စားအလုပ္ကို အမ်ားဆုံး လုပ္ၾကသလို အခ်ိဳ႕ကလည္း ပုတ္ျပတ္ေဈးနဲ႔ ခဲက်င္းအလုပ္ကို လုပ္ၾကပါတယ္။ ခဲက်င္းထဲ ဝင္ခြင့္ တရားဝင္ပိတ္ပင္ခံရတဲ့ အမ်ိဳးသမီးေတြကေတာ့ ခဲတြင္းျပင္ပက အလုပ္ေတြျဖစ္တဲ့ ခဲေဆး ခဲျပာ အလုပ္ေတြ၊ ေက်ာက္ကပ္ထုတဲ့ အလုပ္ေတြကို လုပ္ၾကပါတယ္။ အမ်ိဳးသမီးအမ်ားစုကေတာ့ ေန႔စားအလုပ္ထက္ ေမွာင္ခိုလမ္းေၾကာင္းကေန ေျမစာ၊ ေက်ာက္ကပ္ေတြ ဝယ္ယူၿပီး ခဲေဆးေက်ာက္ကပ္ထုတဲ့ တႏိုင္တပိုင္ ကိုယ္ပိုင္အလုပ္ေတြကို ပိုၿပီး လုပ္ေဆာင္ၾကပါတယ္။ “မိုးလင္းသြား၊ ေအာက္မွာ ေက်ာက္ကပ္သြားေကာက္၊ သူမ်ားလွည္းေတြ (ေျမစာလွည္း) တြန္းထားတာ နားၿပီဆို အဲဒီလွည္းေတြမွာ က်န္ခဲ့တဲ့ အကပ္ကေလးေတြကို သြားျခစ္။ ဒီမွာကေတာ့ အဲဒီလိုရွာမယ္ဆိုရင္ တရက္ကို ၂ ေသာင္း၊ ၃ ေသာင္းကေတာ့ ရတယ္” လို႔ ေခ်ာက္ၿမိဳ႕နယ္က လာေရာက္လုပ္ကိုင္သူ မေအး က ေျပာပါတယ္။ ဒါေပမယ့္ ဒီလိုရရွိဖို႔ မနက္(၄)နာရီကေန ည(၉)နာရီအထိ မေနမနားလုပ္ရတယ္လို႔ သူမက ဆိုပါတယ္။ ေျမစာနဲ႔ ေက်ာက္ကပ္ဝယ္ရာမွာ တခါတရံ ခန႔္မွန္းတာထက္ ခဲပါဝင္မႈမ်ားလို႔ ပိုၿပီးတြက္ေျခကိုက္သလို တခါတရံမွာလည္း ထင္သေလာက္ မပါလို႔ ရႈံးတာမ်ိဳးလည္း ရွိပါတယ္လို႔ သူမက ဆိုပါတယ္။ ေျမစာလွည္းကေန ႂကြင္းက်န္တာေတြကိုေတာ့ အခမဲ့ ျခစ္ယူလို႔ရတယ္လို႔ ဆိုပါတယ္။ “ဒီေန႔ပစၥည္းဝယ္ရရင္ ရသလို ျမတ္တာေလ။ ေယာက္်ားေလးေတြက အေရာင္းအဝယ္ သိပ္မလုပ္ဘူး။ မိန္းကေလးေတြပဲ လုပ္တာမ်ားတယ္။ ေမာ္ခ်ီးကလည္း မိန္းမေတြပဲ အလုပ္ျဖစ္တာ”  လို႔ သူမ ဆိုပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ေဒသခံ ကရင္အမ်ိဳးသမီးေတြကေတာ့ ေျမစာအႂကြင္းအက်န္ကေန ခဲေဆးတဲ့ အလုပ္ကို လုပ္ရာမွာ တပတ္လုံးေနမွ ၂ ေသာင္းကေန ၃ ေသာင္းအထိသာရၿပီး မိသားစု စားဝတ္ေနေရးကို ေျဖရွင္းေနၾကသူေတြလည္း ရွိပါတယ္။ ခဲက်င္းထဲမွာ ဂန္းထိုးတဲ့အလုပ္ (စက္ႏွင့္ ေက်ာက္ေဖာက္ျခင္း) ကို လုပ္ကိုင္တဲ့ အမ်ိဳးသားေတြကေတာ့ ေဖာက္ႏိုင္တဲ့ အေရအတြက္အလိုက္ ပုတ္ျပတ္လုပ္မယ္ဆိုရင္ တရက္ကို အနည္းဆုံး ၈ ေသာင္းက်ပ္အထိ ရၾကသူေတြလည္း ရွိပါတယ္။ ဒါေပမယ့္လည္း ေသာက္စားမူးယစ္တာေၾကာင့္ ရတဲ့ေငြေတြ အဖတ္မတင္သလို ဂန္းထိုးတာဟာ အဆုတ္ကို ထိခိုက္လို႔ ေဆးျပန္ကုသရတဲ့ စရိတ္ေတြက မိသားစုကို ဝန္ထုပ္ဝန္ပိုး ျပန္ျဖစ္ေစတယ္လို႔ အမ်ိဳးသမီးေတြက ဆိုပါတယ္။ မုဆိုးမေတြ ေနတဲ့ေျမ ေမာ္ခ်ီးေဒသဟာ ေငြတြင္းတခုအျဖစ္ အေျခခံလူတန္းစားတရပ္လုံးကို ဆြဲေဆာင္ေနၿပီး တၿပိဳင္နက္တည္းမွာ အကာအကြယ္မဲ့ ခဲလုပ္ငန္း လုပ္ကိုင္ေနမႈနဲ႔ ဝင္ေငြနဲ႔အတူ အရက္ေသစာ ေသာက္စားမႈႏႈန္း ျမင့္မားလာတာေတြကလည္း အမ်ိဳးသား ခဲလုပ္ေနသူေတြကို အခ်ိန္မတန္ဘဲ ေသမင္းလက္ထဲ တြန္းပို႔ေနပါတယ္။ “ဓာတ္မွန္ ၁၁ ခ်က္ ႐ိုက္ရတယ္။ ဘာေရာဂါမွ မရွိဘူး။ အဆုတ္ပဲ  ေႂကြက်ၿပီး နည္းနည္းပဲ က်န္တာေလ” လို႔ ဂန္းထိုးအလုပ္လုပ္ၿပီး အဆုတ္ပ်က္စီးမႈေၾကာင့္ အသက္္ဆုံးရႈံးသြားတဲ့ သူမရဲ႕ခင္ပြန္းသည္အေၾကာင္းကို မေအးက ေျပာျပပါတယ္။ ဂန္းထိုးအလုပ္လို႔ ေခၚတဲ့ ေက်ာက္ေဖာက္တဲ့အလုပ္ဟာ အခ်ိန္ ၁၀ ေက်ာ္ရွိတဲ့ စက္ကို ရင္ဘတ္နဲ႔ ကန္ၿပီး ေဖာက္ရတဲ့လုပ္ ျဖစ္ပါတယ္။ စက္ရဲ႕ တြန္းကန္အားဟာ အဆုတ္ကို ဒဏ္ျဖစ္ေစသလို အဆုတ္ကို ပ်က္စီးေစတယ္ဆိုတဲ့ ဆရာဝန္ေတြ မွတ္ခ်က္ကို ေဒသခံမ်ားက ရွင္းျပၾကပါတယ္။ အဆုတ္ပ်က္စီးမႈေၾကာင့္ ေသဆုံးသူ အမ်ားစုကို ၾကည့္ရင္ ဂန္းထိုးတဲ့သူေတြခ်ည္းပဲလို႔ ေဒသခံ အမ်ိဳးသမီးေတြက ဆိုၾကပါတယ္။ ေဒသက ပိုက္ဆံအရဆုံး ဒီအလုပ္ဟာ လုပ္ေဆာင္သူ အမ်ိဳးသားေတြအတြက္ ေသမင္းကို အန္တုၿပီး လုပ္ရေပမယ့္လည္း မက္စရာ အလုပ္တခု ျဖစ္ေနၿပီး သူ႔တို႔ရဲ႕ ဇနီးမယားေတြအတြက္ေတာ့ က်ိန္စာတခု ျဖစ္ေနျပန္ပါတယ္။ “သူ ဆုံးသြားၿပီးေတာ့ ၇ လေလာက္မွ အဆင္ေျပတာ။ အရင္ကေတာ့ လုံးခ်ာပတ္ခ်ာလည္ေနတာ၊ အတိုးေတြနဲ႔ ယူၿပီးေတာ့ ေဆးကုရတယ္”လို႔ မေအးလို႔ အမည္လႊဲထားသူက ဆိုပါတယ္။ အဆုတ္ေရာဂါ ေပၚလာခ်ိန္မွာေတာ့ တရက္ က်ပ္ ၄ ေသာင္းေက်ာ္၊ ၅ ေသာင္းနီးပါး ကုန္က်တဲ့ လြိဳင္ေကာ္က ေဆးကုသစရိတ္ဟာ မေအးအတြက္ တေငြ႕ေငြ႕ေလာင္ေနတဲ့ ဖြဲမီး ျဖစ္ခဲ့ပါတယ္။ ရရာအလုပ္ကို ေန႔ညမနား လုပ္လို႔ရတဲ့ တေန႔ ဝင္ေငြ ၃ ေသာင္းက မလုံေလာက္ခဲ့ပါဘူး။ “သူ ရွိတုန္းကေတာ့ က်န္းမာေရးမေကာင္းလို႔ ကေလးေတြပါ ေက်ာင္းထုတ္လိုက္ရတယ္” လို႔ မေအးက ဆိုပါတယ္။ ေဒသခံ ကရင္အမ်ိဳးသမီးတဦးျဖစ္သူ ေနာ္ေပထူးဟာလည္း သူမရဲ႕ခင္ပြန္းဟာ လြန္ခဲ့တဲ့အႏွစ္ ၂၀ က ခဲမိုင္းဂန္း ထိုးတာေၾကာင့္ အဆုတ္ပ်က္စီး ေသဆုံးခဲ့ရၿပီး သားသမီး ၅ ေယာက္နဲ႔ ဘဝကို ႐ုန္းကန္ခဲ့ရသူ ျဖစ္ပါတယ္။ “သူမ်ားေတြ ေတာင္ေပၚမွာ ခဲသြားေရာင္းေတာ့ အမိုးတို႔က ထမ္းေပးတယ္ေလ။ ၁၀ ပိႆာ ထမ္းမွ က်ပ္ ၅၀ ပဲေပးတယ္။ ေတာင္ေပၚေရာက္ရင္လည္း ေတာေဈးသည္ဆီက ဟင္းသီးဟင္း႐ြက္ ေမွာင္ခို ထမ္းၿပီး ႐ြာမွာ ျပန္ပတ္ေရာင္းတယ္။” ခင္ပြန္းသည္ ဆုံးခ်ိန္မွာ သူမရဲ႕အႀကီးဆုံးကေလးက ၁၀ ႏွစ္ျဖစ္ၿပီး အငယ္ဆုံးကေတာ့ ၃ လသား အ႐ြယ္ပဲ ရွိပါေသးတယ္။ ပဋိပကၡကာလေတြက အစိုးရစစ္တပ္ရဲ႕ ျဖတ္ေလးျဖတ္ စီမံခ်က္ေၾကာင့္ လြတ္လြတ္လပ္လပ္ လုပ္ကိုင္စားေသာက္ခြင့္ မရွိခဲ့သလို ခင္ပြန္းသည္ မရွိတဲ့အတြက္ လိုအပ္ခ်ိန္မွာလည္း စစ္တပ္ကို ေပၚတာလိုက္ေပးရတာေတြေၾကာင့္ သူမဘဝရဲ႕ အခက္ခဲဆုံး အခ်ိန္ေတြလို႔ ေျပာလို႔ရပါတယ္။ “ေၾကာက္လည္း မတတ္ႏိုင္ဘူး၊ လုပ္ရမွာပဲ၊ မလုပ္ရင္ မစားရေတာ့ လုပ္ရတာေပါ့”လို႔ တိုက္ပြဲေတြၾကား မုဆိုးမဘဝနဲ႔ ႐ုန္းကန္ခဲ့ရတာကို ေျပာျပပါတယ္။ ဂန္းထိုးတဲ့အလုပ္အျပင္ ခဲက်င္းထဲဝင္တဲ့ အျခား အလုပ္သမား အမ်ိဳးသားအမ်ားစုဟာလည္း အဆုတ္ေရာဂါေတြ ခံစားၾကရပါတယ္။ အမ်ိဳးသားေတြဟာ အရက္ေသစာ ေသာက္စားတတ္သူေတြ ျဖစ္ၿပီး တီဘီေရာဂါနဲ႔ ေသဆုံးမႈလည္း မ်ားတယ္လို႔ ရပ္ကြက္ (၁၃) မွာ ေဆးခန္းဖြင့္ထားသူလည္းျဖစ္၊ ပပြာကလူ (ကရင္) လူမႈဖြံ႕ၿဖိဳးတိုးတက္ေရး အမ်ိဳးသမီးအသင္းက တာဝန္ရွိသူတဦးလည္းျဖစ္တဲ့ အၿငိမ္းစား က်န္းမာေရးဆရာမ ေဒၚမာဂရက္စိန္က ေျပာပါတယ္။ ဂန္းထိုးနဲ႔ ခဲမႈန႔္ေၾကာင့္ ေရာဂါနဲ႔ အေသဆိုးသူ အမ်ိဳးသားေတြ မ်ားသလို လုပ္ငန္းခြင္ မေတာ္တဆမႈေၾကာင့္လည္း ေသဆုံးတဲ့ အမ်ိဳးသားေတြ ရွိပါတယ္။ အမ်ိဳးသားေတြ ေသဆုံးမႈေၾကာင့္ မုဆိုးမေတြ အမ်ားႀကီး က်န္ရစ္ေနရတာကလည္း ေဒသရဲ႕ စိန္ေခၚမႈတရပ္ ျဖစ္ေနတယ္လို႔ ေမာ္ခ်ီးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ေစာေအာ္ေကာ္ထူးက ေျပာပါတယ္။ “ခဲလုပ္လို႔ ေယာက္်ားဆုံးသြားတာတို႔ ဒါကေတာ့ စိန္ေခၚမႈတခုေပါ့။ အဲဒါကေတာ့ ေတာ္ေတာ္ေလး မ်ားပါတယ္။ အမ်ိဳးသားေတြ အမ်ားႀကီး ေသတယ္။ အခု မုဆိုးမေတြ က်န္ခဲ့တာ အမ်ားႀကီးေလ” ဒီလို အေျခအေနကို ေလ်ာ့ပါးဖို႔အတြက္ ခဲက်င္း စည္းကမ္းခ်က္ေတြပဲ ထုတ္ေနတာထက္ ခဲက်င္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးသက္ေရာက္မႈေတြကို ခဲလုပ္ငန္းခြင္မွာ ထိထိေရာက္ေရာက္ ပညာေပးမႈေတြ လုပ္ေဆာင္သင့္တယ္လို႔ အုပ္ခ်ဳပ္ေရးမႉးက ဆိုပါတယ္။ ခဲက်င္းလုပ္ငန္းက ရတဲ့ေရာဂါေၾကာင့္ ေသဆုံးသြားသူေတြအတြက္ သက္ဆိုင္ရာ ကုမၸဏီေတြ၊ ခဲက်င္းပိုင္ရွင္ေတြအေနနဲ႔ ေလ်ာ္ေၾကးေပးမႈ၊ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြလည္း ရွိသင့္တယ္လို႔ ေဒသခံေတြရဲ႕ ေဝဖန္ ေျပာဆိုမႈေတြလည္း ရွိေနပါတယ္။ ၂၀၁၇ ခုႏွစ္ ဒီမိုကရက္တစ္ျမန္မာ့အသံရဲ႕ Close up အစီအစဥ္မွာ ရဲထြဋ္ေက်ာ္ ကုမၸဏီဒါ႐ိုက္တာ ေဒၚအိစုေက်ာ္က ကုမၸဏီအေနနဲ႔ ျဖစ္တဲ့ မေတာ္တဆမႈအေပၚ ေလ်ာ္ေၾကးေပးမႈေတြ ရွိၿပီး မေတာ္တဆမႈ အမ်ားစုဟာ ေဒသခံေတြရဲ႕ ခဲက်င္းေတြမွာ အျဖစ္မ်ားပါတယ္လို႔ ေျပာဆိုထားပါတယ္။ ေဒသခံ ခဲက်င္းေတြမွာလည္း အခ်ိဳ႕က ေလ်ာ္ေၾကးေငြေပးေပမယ့္ မေပးတဲ့ ခဲက်င္းပိုင္ရွင္ေတြလည္း အမ်ားႀကီး ရွိတယ္လို႔ အမ်ိဳးသမီးေတြက ဆိုပါတယ္။ “ဒီမိုင္းမွာ အလုပ္သမားသမဂၢ မရွိဘူး။ လူမႈဖူလုံေရး မရွိဘူး။ တခုခုျဖစ္လို႔ က်င္းမွာ ဒဏ္ရာရလို႔ ေသသြားလို႔ရွိရင္ တခ်ိဳ႕က နားလည္မႈရွိေတာ့ ထိုက္ထိုက္တန္တန္လ် ေလ်ာ္ေပးတာ ရွိတယ္။ တခ်ိဳ႕ မေလ်ာ္ေပးတာ ရွိတယ္” လို႔ အမ်ိဳးသမီးအဖြဲ႕ေခါင္းေဆာင္ ေဒၚမာဂရက္စိန္က ဆိုပါတယ္။ ခဲက်င္းလုပ္ငန္း လုပ္ကိုင္တဲ့ တိုက္႐ိုက္ထိခိုက္သူ ကာယကံရွင္ အမ်ိဳးသားေတြရဲ႕ ေလ်ာ္ေၾကးေငြအတြက္ ေမးခြန္းထုတ္စရာ ျဖစ္ေနခ်ိန္မွာ ေသဆုံးသူေတြရဲ႕ က်န္ရစ္သူ ဇနီးသည္ေတြအတြက္ ကူညီေထာက္ပံ့မႈ ဆိုတာကေတာ့ အေဝးႀကီး ေဝးေနပါေသးတယ္။ “အစိုးရအေနနဲ႔ မုဆိုးမေတြအတြက္ သီးသန႔္အစီအစဥ္ ေဖာ္ေဆာင္ေပးဖို႔ေတာ့ မရွိဘူး။ ဒါေတြက်ေတာ့ ျဖစ္တဲ့ အေၾကာင္းအရင္းေပၚမွာ ကုမၸဏီဆိုလည္း ကုမၸဏီနဲ႔ေခၚၿပီး ေျပာေပးႏိုင္မယ္” လို႔ ဖားေဆာင္းနဲ႔ ေမာ္ခ်ီးေဒသ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ နန္းေထြးသူက ဆိုပါတယ္။ “အလုပ္သမားေတြကေတာ့ ေသသြားၿပီ။ ဒါေပမဲ့ က်န္ခဲ့တဲ့ အမ်ိဳးသမီးေတြအတြက္ စားဝတ္ေနေရး အေျခခံ လူတန္းစားအဆင့္ကို ရပ္တည္ႏိုင္ဖို႔အတြက္ အစိုးရက ဘာမွ မလုပ္ေပးတဲ့အတြက္ ဒီအမ်ိဳးသမီးေတြရဲ႕ လုံၿခဳံေရးဟာ ဘာမွမရွိေတာ့ဘူးေလ” လို႔ ေမာ္ခ်ီးေဒသ အမ်ိဳးသမီးဖြံ႕ၿဖိဳးေရးလႈပ္ရွားမႈေတြ လုပ္ေဆာင္ေနတဲ့ ေဒၚမာဂရက္စိန္က ေျပာပါတယ္။ ေဒသခံ ကရင္အမ်ိဳးသမီးႀကီးတဦးကေတာ့ ေလ်ာ္ေၾကးေငြေတြထက္ ခဲက်င္းလုပ္ငန္းေၾကာင့္ ေရာဂါျဖစ္ၿပီး ေသဆုံးမႈေတြ နည္းပါးေစမယ့္ နည္းလမ္းကိုပဲ ပိုသိခ်င္ပါတယ္လို႔ဆိုပါတယ္။ “နည္းနည္းေျပာေပးဦး၊ ဂန္းထိုးတာေလ၊ အဲဒီေရာဂါ သက္သာေအာင္ နည္းလမ္းေလး၊ ဘယ္လို ကာကြယ္ရမလဲဆိုတာ နည္းနည္းေမးေပးဦး၊ နည္းရွာေပးဦးလို႔” ဆိုၿပီး သူမနဲ႔ ဆက္သြယ္ေမးျမန္းခ်ိန္မွာ ေျပာခဲ့ပါတယ္။ အရက္ရဲ႕ သားေကာင္မ်ား ေမာ္ခ်ီးေဒသမွာရွိတဲ့ ေဒသခံအမ်ိဳးသမီးေတြ အပါအဝင္ ေ႐ႊ႕ေျပာင္းလာေရာက္လုပ္ကိုင္သူ အမ်ိဳးသမီးေတြ အႀကီးမားဆုံး ရင္ဆိုင္ေနရတဲ့ ျပႆနာတရပ္ကေတာ့ အရက္ေသစာပဲ ျဖစ္ပါတယ္။ “အရက္ေသာက္ၿပီး မိန္းမ ျပန္ထုလိုက္၊ ၿပီးရင္ အလုပ္လည္း မလုပ္ဘူး။ ပိုက္ဆံေတာင္းမရရင္ မိန္းမကိုထု၊ အရက္သမားမိန္းမ ျဖစ္ရတာ ေတာ္ေတာ္ကံဆိုးတယ္” လို႔ အသက္ ၇၀ နီးပါးရွိတဲ့ ေဒသခံ ကရင္အမ်ိဳးသမီးႀကီးတဦးက ေျပာပါ တယ္။ လူ ၁၀ ဦးမွာ ၉ ဦးေလာက္က အရက္ေသစာ ေသာက္စားသူေတြ ျဖစ္ေနၿပီလို႔ အမ်ိဳးသမီးေတြက စိုးရိမ္စြာ ေျပာၾကပါတယ္။ အရက္ေသစာ ေသာက္စားတာေၾကာင့္ ခဲလုပ္ငန္းလုပ္လို႔ ရတဲ့ဝင္ေငြဟာ အဖတ္မတင္သလို ခဲေၾကာင့္ျဖစ္ေနတဲ့ က်န္းမာေရး ထိခိုက္မႈကိုလည္း ပိုၿပီးဆိုးဝါးေစတာေၾကာင့္ အမ်ိဳးသားေတြေရာဂါရခ်ိန္မွာ စုေဆာင္းေငြေၾကးမရွိတဲ့ အမ်ိဳးသမီးေတြအဖို႔ တပူေပၚ ႏွစ္ပူဆင့္ၿပီး ဝန္ပိၾကရပါတယ္။ “ခဲလုပ္လည္း သူက ေသာက္စားတယ္၊ အလုပ္သမားေတြနဲ႔ ထားတယ္ေပါ့။ ေျပာမယ္ဆို ေရွ႕တန္းမႉးေတြကပဲ ျပန္ေကာင္းစားတာေပါ့၊ ကိုယ္က အခ်ိန္တန္ရင္ အေႂကြးတင္ခဲ့ေပါ့” လို႔ အဆုတ္ေရာဂါေၾကာင့္ မၾကာေသးခင္ကမွ ခင္ပြန္းသည္ ဆုံးပါးသြားခဲ့တဲ့ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္က အလုပ္လာလုပ္သူ အမ်ိဳးသမီးတဦးက ဆိုပါတယ္။ သူမအမ်ိဳးသား ဆုံးပါးခ်ိန္မွာ ကေလးငယ္ ၁၁ လသားအ႐ြယ္နဲ႔ က်န္ရစ္ခဲ့ၿပီး ေယာကၡမေတြရဲ႕ ေထာက္ပံ့မႈ နဲ႔ ရပ္တည္ေနရတာ ျဖစ္ပါတယ္။ “မူးရင္ ဆိုးတယ္။ မူးရင္ ရန္လုပ္တာေပါ့ေနာ္။ ႐ိုက္တယ္၊ ႏွက္တယ္။ ဆုံးသြားေတာ့လည္း ဆိုးတယ္လို႔ ေျပာမေနေတာ့ပါဘူး” လို႔ ေခ်ာက္ၿမိဳ႕နယ္ဘက္က လာေရာက္လုပ္ကိုင္သူ မေအးက ေျပာပါတယ္။ ေဒသအတြင္းမွာ မုဒိမ္းမႈလို အၾကမ္းဖက္မႈျပႆနာေတြ သိပ္မရွိေပမယ့္ မူးယစ္ရမ္းကားမႈေၾကာင့္ အိမ္တြင္းေရးျပႆနာေတြ ျဖစ္ၿပီး ေျဖရွင္းေပးရတာ မ်ားတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ဆိုပါတယ္။ ဒီလိုအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေဒသတြင္း ေနထိုင္သူေတြအၾကား ပညာေပးေဆြးေႏြးမႈေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ မရွိေသးပါဘူး။ “ဒါ ပြင့္ပြင့္လင္းလင္းပဲ ေျပာမယ္။ သူတို႔အမ်ိဳးသားေတြက အရက္ေသာက္တယ္၊ ဒီလိုပဲ ဘာမွမလုပ္ဘူး၊ ဒါ ေတာ္ေတာ္မ်ားလာၿပီ။ အမ်ိဳးသမီးေတြပဲ ဦးေဆာင္ေနတာ၊ အိမ္တြင္းေရး စီးပြားေရးကို။ အမ်ားႀကီး ဒီ႐ြာထဲမွာ” လို႔ အုပ္ခ်ဳပ္ေရးမႉးက ေစာေအာ္ေကာ္ထူး ေျပာပါတယ္။ ၾကယ္ျဖဴလက္နက္ကိုင္အဖြဲ႕ရွိရာ ေညာင္သာယာေက်း႐ြာနဲ႔ အနီးအနား ေက်း႐ြာေတြမွာ၊ အထူးသျဖင့္ ကရင္႐ြာေတြမွာ အရက္ေသာက္ခြင့္ကို ပိတ္ပင္ထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကပဲ ၾကယ္ျဖဴအဖြဲ႕အေနနဲ႔ အမ်ိဳးသမီးေရးရာအဖြဲ႕တခုကို ဖြဲ႕စည္းခဲ့ၿပီး အရက္ေသစာ ေသာက္စားမႈ ျပႆနာကို အဓိကေျဖရွင္းဖို႔အတြက္ လုပ္ေနတယ္လို႔ အမ်ိဳးသမီးအဖြဲ႕ရဲ႕ ဥကၠ႒ျဖစ္သူ ေနာ္စဒါက ေျပာပါတယ္။ “အရက္ေသစာေသာက္လို႔ မိန္းမေတြ ဒုကၡေရာက္တာ အဲဒါပဲ ရွိတယ္။ ၿပီးရင္ သားသမီးေတြအတြက္ ႐ုန္းကန္ရတယ္၊ လုပ္ရတယ္” ဒါေပမဲ့ ၾကယ္ျဖဴ ထိန္းခ်ဳပ္တဲ့ ေက်း႐ြာေတြမွာလည္း အရက္ ဆက္လက္ေသာက္သုံးမႈေတြ ရွိေနေသးသလို ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားစု ေနထိုင္တဲ့ ရပ္ကြက္ေတြမွာေတာ့ ေရာင္းခ်မႈေတြလည္း ရွိေနဆဲျဖစ္လို႔ ၾကယ္ျဖဴအမ်ိဳးသမီးအဖြဲ႕ရဲ႕ အရက္ထိန္းခ်ဳပ္ေရးလုပ္ငန္းကို ေဒသခံ အမ်ိဳးသမီးေတြအေနနဲ႔ အားရမႈ မရွိပါဘူး။ “အရက္ကို မူးယစ္ေဆးဝါးထဲ မထည့္ဘူးတဲ့။ အရက္တခုကို တအားမုန္းတယ္။ ကမာၻေပၚမွာ အမုန္းဆုံးက အရက္ပဲ” လို႔ အရက္စြဲေနသူ သားတဦးရဲ႕ မိခင္ျဖစ္သူ ကရင္အမ်ိဳးသမီးႀကီးက ဆိုပါတယ္။ အမ်ိဳးသမီးေတြကေတာ့ ခဲေၾကာင့္ ဝင္ေငြရတာထက္ အရက္ေၾကာင့္ ေငြကုန္မႈေတြ၊ အိမ္တြင္း အၾကမ္းဖက္မႈေတြ မျဖစ္ေအာင္ အရက္ကို လုံးဝ မပိတ္ပင္ႏိုင္ရင္ေတာင္ ေဒသထဲမွာ စည္းစနစ္နဲ႔ ေရာင္းေပးေစခ်င္တယ္လို႔ ေျပာၾကပါတယ္။ အာမခံခ်က္မရွိတဲ့ က်န္းမာေရးနဲ႔ လုံၿခဳံေရးဆိုင္ရာျပႆနာမ်ား ခဲလုပ္ငန္းနဲ႔ပတ္သက္ၿပီး လုပ္ငန္းခြင္ လုံၿခဳံေရး၊ က်န္းမာေရးရႈေထာင့္မွ ကာကြယ္နည္းေတြကို ပညာေပးမႈ အားနည္းေနခ်ိန္မွာ ကုမၸဏီလုပ္ငန္းခြင္ျပင္ပ တႏိုင္တပိုင္ ခဲလုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳသူ အမ်ိဳးသမီးေတြအတြက္ က်န္းမာေရး အသိပညာေပးမႈေတြလည္း လုံးဝ မရွိဘူးလို႔ ဆိုႏိုင္ပါတယ္။ ခဲေဆး၊ ခဲျပာ၊ ေက်ာက္ကတ္ထုတဲ့ အလုပ္ကို အကာအကြယ္မရွိပဲ မိုးလင္း မိုးခ်ဳပ္ ေန႔တဓူ၀ လုပ္ေဆာင္ေနၾကရတဲ့ အမ်ိဳးသမီးေတြဟာ မိသားစုတာဝန္ေတြ ပိေနလို႔ ေရာဂါျဖစ္ဖို႔ မေၾကာက္အားၾကပါဘူး။ “ခဲအမႈန္ေတြကေတာ့ အနည္းနဲ႔အမ်ား ရတာပဲေလ။ ဗမာျပည္မွာ ေနတဲ့သူက သက္တမ္းက ၆၀ ဆိုရင္ ေမာ္ခ်ီးေနတဲ့ တို႔က ၅၀ ေလာက္ပဲေနမွာလို႔ ေျပာေနေသးတယ္။ ေရာဂါရတာပဲေလ” လို႔ မ်က္တြင္းေတြ မည္းၿပီး မြဲေျခာက္ေျခာက္ အသားအေရပိုင္ရွင္ မေအးက ဆိုပါတယ္။ “သားသမီးအတြက္ ကိုယ့္တေယာက္တည္း ႐ုန္းရမယ္ဆိုတာ ကိုယ့္စိတ္ထဲမွာ သိေနလို႔လား မသိဘူး။ ကိုယ့္က်န္းမာေရးကို ကိုယ္ ဘာမွ မသိေတာ့ဘူး”လို႔ သူမက ဆက္ေျပာပါေသးတယ္။ ခဲလုပ္ငန္းလုပ္ကြက္ေတြၾကားကေန ထြက္လာတဲ့ ေရထြက္ေပါက္ေတြကို အမွီျပဳၿပီး နိစၥဓူဝ ေသာက္သုံးေရအျဖစ္ အသုံးျပဳေနၾကရတဲ့အတြက္ ခဲဆိပ္ပါတဲ့ ေရေတြနဲ႔ ေရရွည္ က်န္းမာေရး အာမခံခ်က္ ရွိပါ့မလား ဆိုတဲ့ စိုးရိမ္ခ်က္ေတြကေတာ့ ေဒသခံအားလုံးမွာ ရွိေနၾကပါတယ္။ ခဲလုပ္ငန္းအေျခခံ လုပ္ေနတဲ့ အမ်ိဳးသမီးေတြအတြက္ လုပ္ငန္းခြင္လုံၿခဳံေရး၊ နိစၥဓူဝ က်န္းမာေရး လုံၿခဳံမႈ မရွိတဲ့အျပင္ ေနမေကာင္းျဖစ္တဲ့အခါ အလြယ္တကူ လက္လွမ္းမီႏိုင္တဲ့ ေဆး႐ုံ ေဆးခန္းေတြလည္း ေဒသခံေတြအတြက္ေရာ ေ႐ႊ႕ေျပာင္းအမ်ိဳးသမီးေတြအတြက္ပါ မရွိပါဘူး။ ေမာ္ခ်ီးေဒသမွာ ႐ြာေပါင္း ၅၃ ႐ြာရွိၿပီး ေဆး႐ုံကေတာ့ ႐ြာႀကီးတခုျဖစ္တဲ့ လိုခါးလိုေက်း႐ြာမွာသာ ရွိပါတယ္။ ေတာင္ထူထပ္တဲ့ေဒသ ျဖစ္တဲ့အတြက္ တ႐ြာနဲ႔တ႐ြာ သြားဖို႔ ေတာင္ေတြ ျဖတ္ရၿပီး လမ္းပန္းဆက္သြယ္ေရး မေကာင္းတဲ့အတြက္ ေဆး႐ုံကို ပုံမွန္လာဖို႔ ခက္ခဲၾကပါတယ္။ အဲဒီအခက္အခဲနဲ႔ အဓိက ရင္ဆိုင္ရတာကေတာ့ အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။ “ကေလး ဝမ္းသြားလို႔ လာျပတာ” လို႔ ေျပာတဲ့ အသက္ (၄၀) ႏွစ္အ႐ြယ္ ကရင္အမ်ိဳးသမီးတဦးရဲ႕ လက္ေပၚမွာ လသားအ႐ြယ္ ကေလးအျပင္ သူမ ထဘီစကို ဆြဲကိုင္ထားတဲ့ ေနာက္ထပ္ကေလးငယ္ ႏွစ္ဦးလည္း ရွိေနပါ တယ္။ သူမကေတာ့ ကုသိုလ္ျဖစ္ နယ္လွည့္ေဆးကုေပးေနတဲ့ ပပြာကလူ (ကရင္) လူမႈဖြံ႕ၿဖိဳးတိုးတက္ေရး အမ်ိဳးသမီးအသင္းက ယာယီေဆးကုေပးေနတဲ့ သူမတို႔႐ြာက ဘုရားေက်ာင္းထဲကို ကေလးေတြနဲ႔အတူ လာခဲ့တာပါ။ သူမနဲ႔အတူ ပါလာတဲ့ကေလးေတြအျပင္ စုစုေပါင္း ကေလး ၈ ေယာက္ ရွိတယ္လို႔ ဆိုပါတယ္။ သူမတို႔ေက်း႐ြာမွာ ရွိေနတဲ့ အစိုးရအေနနဲ႔ ေက်းလက္က်န္းမာေရးဌာနကို ဘာလို႔ သြားမျပလဲလို႔ ေမးေတာ့ “တခါမွ လူမွမရွိတာ” လို႔ သူမ ေျဖပါတယ္။ သူမလို အသက္အ႐ြယ္ႀကီးတဲ့ အျခား ေဒသခံကရင္အမ်ိဳးသမီးေတြမွာ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္ၿပီး က်န္းမာေရးအသိ မရွိၾကသလို သားဆက္ျခားဖို႔လည္း ဆရာမေတြက အႀကံျပဳခ်က္ေပးမွ ေဆးထိုးၾကတဲ့သူေတြလည္း ရွိပါတယ္။ အစိုးရအေနနဲ႔ က်န္းမာေရးအေျခခံအေဆာက္အအုံေတြကို ပထမဆုံးအဆင့္အေနနဲ႔ လုပ္ေဆာင္ေနၿပီး ဆရာ၊ ဆရာမ ျဖည့္ဆည္းထားေပမယ့္ တာဝန္ေက်တဲ့ အခန္းက႑မွာေတာ့ အားနည္းေနေသးေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ နန္းေထြးသူက ဆိုပါတယ္။ “အဓိကက ေက်း႐ြာေတြက နည္းနည္းအလွမ္းေဝးတဲ့အခါက်ေတာ့ ဆရာ၊ ဆရာမေတြက အၿမဲတမ္း မေနခ်င္ဘူးေပါ့ေနာ္။ အၿမဲတမ္း ေနထိုင္ဖို႔အတြက္ကိုလည္း က်မတို႔က ေတာ္ေတာ္ေလးေတာ့ ေျပာရတာေပါ့” ၂၀၁၅ ခုႏွစ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အရပ္သားအစိုးရ တက္လာၿပီးေနာက္ပိုင္းမွာ လမ္းပန္းဆက္သြယ္ေရးနဲ႔ က်န္းမာေရ းအေဆာက္အအုံအခ်ိဳ႕ တိုးတက္လာတယ္လို႔ ဆိုရေပမယ့္ အေျခခံလိုအပ္တဲ့ အဆင့္ကို အခုခ်ိန္ထိ မျပည့္မီေသးပါဘူး။ ဒီအေျခအေနမွာ ေဒသတြင္းက ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရးဆိုင္ရာ ဖြံ႕ၿဖိဳးေရးေတြအတြက္ သတၱဳထုတ္လုပ္ေနသူ ကုမၸဏီရဲ႕ တာဝန္လား၊ အစိုးရရဲ႕ တာဝန္လားဆိုတာ အခ်ိဳ႕ေဒသခံ အမ်ိဳးသမီးေတြၾကား ေသခ်ာမသိၾကပါဘူး။ ဘယ္သူ႔မွာ တာဝန္ရွိလဲ အစိုးရကေတာ့ က်န္းမာေရးပညာေပးတာေတြ သူ႔ဌာနနဲ႔သူလာၿပီး ပညာေပးတာမ်ိဳးေတြေတာ့ ရွိေပမယ့္ လုံေလာက္မႈ မရွိေသးသလို သတၱဳထုတ္လုပ္သူေတြအေနနဲ႔လည္း တာဝန္ယူမႈ တာဝန္ခံမႈ ရွိသင့္တယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေစာေအာ္ေကာ္ထူးက ေျပာပါတယ္။ “သက္ဆိုင္ရာ သယံဇာတထုတ္တဲ့သူေတြ သယံဇာတထုတ္မွေတာ့ အျပန္အလွန္ ရွိရမယ္ေလ။ ဒီက သယံဇာတကို ယူသြားၿပီး ဒီမွာ ေနတဲ့သူေတြရဲ႕ က်န္းမာေရး ပညာေရး၊ လမ္းပန္းဆက္သြယ္ေရး ဘာမွမလုပ္ေပးဘူး” အမ်ိဳးသမီးဖြံ႕ၿဖိဳးေရးနဲ႔ပတ္သက္ၿပီး ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ ကိုယ္ဝန္ေဆာင္စဥ္နဲ႔ ေမြးဖြားၿပီးခ်ိန္ ၆ လအထိ တလ က်ပ္ ၁ ေသာင္းခြဲ ေထာက္ပံ့မႈကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာကေနစၿပီး လုပ္ေဆာင္ေနေပမယ့္ တျခား ပညာေပး လုပ္ေဆာင္မႈေတြကိုေတာ့ လုံး၀ မေတြ႕ရေသးဘူးလို႔ ဆိုပါတယ္။ အမ်ိဳးသမီးအခြင့္အေရးဆိုင္ရာေတြကို လာမယ့္ကာလေတြမွာ လုပ္ေဆာင္သြားဖို႔ရွိၿပီး ကုမၸဏီေတြနဲ႔ မဆက္စပ္တဲ့ လက္လုပ္လက္စား ခဲလုပ္ငန္း လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးေတြအတြက္ကေတာ့ အလုပ္သမား အခြင့္အေရးရႈေထာင့္ကထက္ လုပ္ရခက္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ နန္းေထြးသူက ဆိုပါ တယ္။ “တဝမ္းတခါး ဝမ္းစာေရးအတြက္ အျပင္မွာ လုပ္တဲ့သူေတြလည္း အမ်ားႀကီးရွိတယ္ေလ။ အဲဒါေတြအားလုံး လႊမ္းၿခဳံေအာင္ အစိုးရအေနနဲ႔ကေတာ့ အဓိကကေတာ့ က်န္းမာေရး အသိပညာ ရႈေထာင့္က လုပ္ရမွာေပါ့” ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာနေအာက္ကေန အမ်ိဳးသမီးေတြအတြက္ စက္ခ်ဳပ္လုပ္ငန္းနဲ႔ ဆပ္ျပာခ်က္သင္တန္းေတြကို အိမ္တြင္း အလုပ္အကိုင္ အခြင့္အလမ္းေတြအတြက္ လုပ္ေပးေနတာ ရွိတယ္လို႔ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုပါတယ္။ ေမာ္ခ်ီးေဒသတခုလုံးကို ၿခိမ္းေျခာက္ေနတဲ့ အျခားက်န္းမာေရး စိုးရိမ္ခ်က္တခုျဖစ္တဲ့ သန႔္ရွင္းတဲ့ေရ ရရွိေရးဟာ သတၱဳထြက္ေဒသမွာ သတၱဳထုတ္လုပ္ေနတဲ့ ကုမၸဏီေတြမွာ အမ်ားဆုံး တာဝန္ရွိတယ္လို႔ အစိုးရဘက္က ေထာက္ျပေပမယ့္ သန႔္ရွင္းတဲ့ေရရဖို႔ မေျပာနဲ႔ ေရထြက္ေပါက္ ရွားပါးတဲ့ အေျခအေနဟာ ကုမၸဏီေတြအတြက္ အခက္အခဲျဖစ္ေစတယ္လို႔ ရဲထြဋ္ေက်ာ္ ကုမၸဏီလိမိတက္ရဲ႕ ဒါ႐ိုက္တာ ေဒၚအိစုေက်ာ္က ေျပာပါတယ္။ “ေရထြက္ေပါက္သာ ရွိပါေစ၊ က်န္တဲ့ဟာက ကူညီလို႔ရတယ္။ ဥပမာ ေရထြက္တဲ့ေနရာရွိမွ ပိုက္လိုလား၊ စက္လိုလား က်မတို႔ ကူညီလို႔ရတယ္။ ေရထြက္မွပဲ လုပ္ေပးလို႔ရတယ္။ ေရမထြက္ရင္ ဘာမွမတတ္ႏိုင္ဘူး” လို႔ ေဒၚအိစုေက်ာ္က ဆိုပါတယ္။ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းနဲ႔ပတ္သက္ၿပီး ကုမၸဏီေတြရဲ႕ တာဝန္ယူမႈ တာဝန္ခံမႈေတြဟာ အားနည္းေနဆဲျဖစ္ၿပီး ေဒသအတြက္ နစ္နာေနတဲ့ အေျခအေန ျဖစ္တာေၾကာင့္ လာမယ့္ကာလမွာ ကုမၸဏီေတြနဲ႔ ေတြ႕ဆုံဖို႔ရွိသလို အစိုးရ၊ ကုမၸဏီ၊ ေဒသခံေတြ ပါဝင္တဲ့ ၃ ပြင့္ဆိုင္ ေတြ႕ဆုံဖို႔ ႀကိဳးစားသြားၿပီး ေဒသဖြံ႕ၿဖိဳးေရးနဲ႔ သဘာဝေဘးအႏၲရာယ္ေတြအတြက္ ေဆြးေႏြးဖို႔ရွိတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာျပပါတယ္။ ဒါေပမယ့္ ေဒသခံေတြအေနနဲ႔ ျမင္ေနတဲ့ စိုးရိမ္ခ်က္ေတြ၊ ႀကဳံေနရတဲ့ အခက္အခဲေတြကို ပြင့္ပြင့္လင္းလင္း ရပ္တည္ေျပာဖို႔ လိုအပ္တယ္လို႔ ကိုယ္စားလွယ္က ဆိုပါတယ္။ “ကုမၸဏီဘက္က အဆင္မေျပမႈအေပၚ ကိုယ္စားလွယ္က မားမားမတ္မတ္ ရပ္တည္ေျပာတဲ့ အခ်ိန္မွာ လူထုရဲ႕ ပါဝင္မႈက အားနည္းေနတယ္။ လူထုဘက္ကို အားမရဘူး။ ရွင္းရွင္းေျပာရရင္..” လို႔ နန္းေထြးသူက ဆိုပါတယ္။ ကုမၸဏီရဲ႕ တာဝန္ယူမႈ တာဝန္ခံမႈေတြ မရွိဘူးလို႔ ေဒသခံေတြၾကား ေျပာဆိုေနမႈ မ်ားျပားေနေပမယ့္ ကုမၸဏီအေနနဲ႔ သတ္မွတ္ထားတဲ့ ဥပေဒပါ အခ်က္ေတြ လုပ္ေဆာင္ေနတာ ရွိေၾကာင္း ခဲလုပ္ကြက္ဧက အမ်ားဆုံး လုပ္ေဆာင္ေနတဲ့ ရဲထြဋ္ေက်ာ္ကုမၸဏီ ဒါ႐ိုက္တာက ဆိုပါတယ္။ “အတတ္ႏိုင္ဆုံးေတာ့ အစိုးရ သတ္မွတ္တာထက္ မနည္းေသာ အေနအထားမွာေတာ့ က်မတို႔ လုပ္ေပးတယ္။ တတ္ႏိုင္သေလာက္ အေကာင္းဆုံး အေနအထားမွာေတာ့ က်မတို႔ လုပ္ေပးတယ္။ အဲဒါကို အေသးစိတ္ သိဖို႔ကေတာ့ ပတ္ဝန္းက်င္ ေကာလာဟလက မသိႏိုင္ဘူး။” ေမာ္ခ်ီးေဒသ အမ်ိဳးသမီးဖြံ႕ၿဖိဳေရးလုပ္ေဆာင္ေနတဲ့ ပပြာကလူ(ကရင္) လူမႈဖြံ႕ၿဖိဳးတိုးတက္ေရး အမ်ိဳးသမီးအသင္းက တာဝန္ရွိသူတဦးလည္း ျဖစ္တဲ့ အၿငိမ္းစား က်န္းမာေရးဆရာမ ေဒၚမာဂရက္စိန္ကေတာ့ အစိုးရနဲ႔ ကုမၸဏီေတြအေနနဲ႔ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြအျပင္ ေဒသခံ အမ်ိဳးသမီးေတြအတြက္ ခဲလုပ္ငန္းတခုတည္း မဟုတ္ဘဲ အျခား အသက္ေမြးဝမ္းေက်ာင္းမႈေတြ လုပ္လာႏိုင္ေအာင္လည္း စီစဥ္ေပးသင့္တယ္လို႔ ေျပာပါတယ္။ မေသခ်ာတဲ့ အနာဂတ္ အေျခခံ ဖြံ႕ၿဖိဳးေရးျဖစ္တဲ့ က်န္းမာေရး၊ ပညာေရး၊ လမ္းပန္းဆက္သြယ္ေရး လိုအပ္ခ်က္ထက္ ေဒသခံအမ်ိဳးသမီးေတြ၊ ေ႐ႊ႕ေျပာင္းအမ်ိဳးသမီးေတြရဲ႕ အဓိက စိုးရိမ္ခ်က္ကေတာ့ ေမာ္ခ်ီးေဒသ သက္ဆိုးရွည္ပါ့မလား ဆိုတဲ့အခ်က္ပဲ ျဖစ္ပါတယ္။ စက္ယႏၲရားႀကီးေတြနဲ႔ တိုးခ်ဲ႕လုပ္ေဆာင္လာတဲ့ ခဲလုပ္ငန္းေတြနဲ႔ ပိုပိုတိုးလာတဲ့ ေျမၿပိဳမႈ အႏၲရာယ္ေတြၾကားမွာ ေမာ္ခ်ီးေဒသႀကီး ပ်က္စီးေတာ့မလား၊ ခဲေတြ ကုန္သြားေတာ့မလားဆိုၿပီး အမ်ိဳးသမီးေတြ စိုးရိမ္ေနၾကပါတယ္။ “အခု သူမ်ားလုပ္လို႔ ကုန္သြားမွာ အမိုးတို႔ စိုးရိမ္ေနတယ္။ သားသမီးေခတ္ ဘာသြားစားၾကမလဲလို႔ စိုးရိမ္တယ္ေလ။ အမိုးတို႔ သားသမီးေခတ္က်ေတာ့ ဘာမွ မက်န္ေတာ့ရင္ ဘာသြားစားၾကမလဲ” လို႔ ဘိုးဘြားစဥ္ဆက္ တႏိုင္တပိုင္ ခဲလုပ္ငန္းနဲ႔ အသက္ေမြးဝမ္းခဲ့သူ အသက္ ၆၀ အ႐ြယ္ ကရင္အမ်ိဳးသမီးတဦးက ေျပာပါတယ္။ ခဲနဲ႔ပဲ အသက္ေမြးဝမ္းေက်ာင္းတတ္ၾကတဲ့ ေဒသခံေတြအဖို႔ ခဲကုန္ရင္ ဘာစားၾကမလဲ၊ ေျမၿပိဳရင္ ဘယ္မွာ သြားေနၾကမလဲဆိုတဲ့ သူတို႔ေမးခြန္းေတြက အခုထိ အေျဖမရွိေသးပါဘူး။ “ညတုန္းက ႏွာေတြပိတ္ၿပီး ေနမေကာင္းေတာ့ စဥ္းစားမိတယ္။ ငါလို႔.. အမ်ားႀကီးလည္း မလုပ္ခ်င္ဘူးလို႔။ ဒီမွာ ၂ ႏွစ္ေလာက္ေတာ့ လုပ္စားခ်င္ေသးတယ္လို႔။ ကေလး ၄ ေယာက္ကို တေယာက္ကို  ၅၀ စီေလာက္ ဘဏ္မွာ ထည့္ေပးႏိုင္ရင္ေတာ္ၿပီလို႔။ အဲဒီေလာက္ေတာ့ အေမ ႐ုန္းဦးမယ္လို႔” လို႔ ေခ်ာက္ၿမိဳ႕နယ္က လာေရာက္ေ႐ႊ႕ေျပာင္းေနထိုင္ လုပ္ကိုင္သူ မေအးက သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ေျပာပါတယ္။ ေနာက္ ႏွစ္ႏွစ္ေလာက္ ေျမမၿပိဳရင္ သူမရဲ႕ ေမွ်ာ္လင့္ခ်က္က ျပည့္ႏိုင္တယ္လို႔ မေအးက ယုံၾကည္ေနပါ တယ္။ မယ္လြန္း (hiburma.net ဝက္ဘ္ဆိုက္မွ ျပန္လည္ေဖာ္ျပသည္။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024