လူအချို့ မျက်စိနာ အော့အန်ခြင်းကြောင့် ဗြိတိန် ဝါ့သင်းအပန်းဖြေစခန်း ပိတ်ထား

Photo : Reuters/Russell Boyce
736
ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်တောင်ပိုင်း ကမ်းရိုးတန်းက ဝါ့သင်း အပန်းဖြေစခန်းအတွင်း ပင်လယ်ကမ်းခြေပိုင်းကို သြဂုတ် ၁၁ ရက်က ပိတ်ထားလိုက်ပါတယ်။
လူတချို့ မျက်စိနာပြီး အော့အန်နေတဲ့အကြောင်း သတင်းပို့အပြီးမှာ ပိတ်လိုက်တာလို့ ရဲက ပြောပါတယ်။
ပင်လယ်ကမ်းခြေပိုင်းတလျှောက်မှာ အရံအတားတွေနဲ့ ပိတ်ထားပြီး အဲဒီနေရာကို ပတ်ဝန်းကျင်ကလူတွေ ရှောင်ရှားကြဖို့နဲ့ ပြတင်းတံခါးတွေ အားလုံးကို ပိတ်ထားကြဖို့ အကြံပြုထားတယ်လို့ ဆက်စက်စ်မြို့ ရဲဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
လူ ၂ ယောက်ကို ဆေးရုံမှာ စစ်ဆေးအပြီး ဆေးရုံက ဆင်းခွင့်ပြုခဲ့တယ်။ အိမ်ပြန်ပြီး အဝတ်တွေကို လျှော်ဖွပ်ပစ်ဖို့နဲ့ ကိုယ်လက်သန့်စင်ပစ်ဖို့ အကြံပေးခဲ့တယ်လို့ ရဲက ဆက်ပြောပါတယ်။
အမျိုးအစား မဖော်ပြတဲ့ ဓာတုအဆိပ်သင့် မြူတွေကြောင့် ၂၀၁၇ သြဂုတ်လကလည်း ဝါ့သင်းမြို့နဲ့ ကီလိုမီတာ ၆၀ ဝေးတဲ့ အိစ်ဘွန်းမြို့ ကမ်းရိုးတန်းမှာ လူအယောက် ငါးဆယ်လောက် မျက်စိနဲ့ လည်ချောင်းယားတဲ့ ဒဏ်ကို ခံစားခဲ့ရဖူးပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
လူအခ်ိဳ႕ မ်က္စိနာ ေအာ့အန္ျခင္းေၾကာင့္ ၿဗိတိန္ ဝါ့သင္းအပန္းေျဖစခန္း ပိတ္ထား
ၿဗိတိန္ႏိုင္ငံ အဂၤလန္နယ္ေတာင္ပိုင္း ကမ္း႐ိုးတန္းက ဝါ့သင္း အပန္းေျဖစခန္းအတြင္း ပင္လယ္ကမ္းေျခပိုင္းကို ၾသဂုတ္ ၁၁ ရက္က ပိတ္ထားလိုက္ပါတယ္။
လူတခ်ိဳ႕ မ်က္စိနာၿပီး ေအာ့အန္ေနတဲ့အေၾကာင္း သတင္းပို႔အၿပီးမွာ ပိတ္လိုက္တာလို႔ ရဲက ေျပာပါတယ္။
ပင္လယ္ကမ္းေျခပိုင္းတေလွ်ာက္မွာ အရံအတားေတြနဲ႔ ပိတ္ထားၿပီး အဲဒီေနရာကို ပတ္ဝန္းက်င္ကလူေတြ ေရွာင္ရွားၾကဖို႔နဲ႔ ျပတင္းတံခါးေတြ အားလုံးကို ပိတ္ထားၾကဖို႔ အႀကံျပဳထားတယ္လို႔ ဆက္စက္စ္ၿမိဳ႕ ရဲဌာနက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
လူ ၂ ေယာက္ကို ေဆး႐ုံမွာ စစ္ေဆးအၿပီး ေဆး႐ုံက ဆင္းခြင့္ျပဳခဲ့တယ္။ အိမ္ျပန္ၿပီး အဝတ္ေတြကို ေလွ်ာ္ဖြပ္ပစ္ဖို႔နဲ႔ ကိုယ္လက္သန႔္စင္ပစ္ဖို႔ အႀကံေပးခဲ့တယ္လို႔ ရဲက ဆက္ေျပာပါတယ္။
အမ်ိဳးအစား မေဖာ္ျပတဲ့ ဓာတုအဆိပ္သင့္ ျမဴေတြေၾကာင့္ ၂၀၁၇ ၾသဂုတ္လကလည္း ဝါ့သင္းၿမိဳ႕နဲ႔ ကီလိုမီတာ ၆၀ ေဝးတဲ့ အိစ္ဘြန္းၿမိဳ႕ ကမ္း႐ိုးတန္းမွာ လူအေယာက္ ငါးဆယ္ေလာက္ မ်က္စိနဲ႔ လည္ေခ်ာင္းယားတဲ့ ဒဏ္ကို ခံစားခဲ့ရဖူးပါတယ္။