Home
မြန်မာသတင်း
ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခွင့်မရသဖြင့် ငြိမ်းစုစီခွင့်ပြုချက်တင်ပြီး ကျင်းပ 
သူဇာလင်း
·
August 12, 2019
သြဂုတ်လ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၉ ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီနေ့မနက်က ကျင်းပပါတယ်။  အခုနှစ် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျင်းပခွင့် မပြုတာကြောင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုဖို့ လျှောက်တင်ပြီး ကျင်းပခဲ့တာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။  ဒီနေ့အခမ်းအနားမှာတော့ ကရင်တိုင်းရင်းသား ၁၀၀၀ လောက် တက်ရောက်ပြီး ကျဆုံးသွားတဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးတို့ကို ရည်မှန်းကာ အလေးပြုပြီး လွမ်းသူပန်းခွေ ချခဲ့ကြပါတယ်။ ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီး စောဘဦးကြီးနဲ့ ကရင့်အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တာ လည်း ဖြစ်ပါတယ်။  စောဘဦးကြီးကို ၁၉၀၃ ခုနှစ်မှာ အောက်တိုဘာလ ၇ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီးမှာ မွေးဖွားခဲ့ပြီး ဖခင် စောသာမြတ်ကြီးနဲ့ မိခင် နော်အေးနုတို့က မွေးဖွားခဲ့တာပါ။ ကရင့်အာဇာနည်နေ့တွေကို နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့ရောက်တိုင်း ကျင်းပခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာတော့ အစိုးရက တားမြစ်ခဲ့ပါတယ်။ 
ကရင့္အာဇာနည္ေန႔အခမ္းအနားက်င္းပခြင့္မရသျဖင့္ ၿငိမ္းစုစီခြင့္ျပဳခ်က္တင္ၿပီးက်င္းပ သူဇာလင္း ၾသဂုတ္လ ၁၂ ရက္မွာ က်ေရာက္တဲ့ ၆၉ ႀကိမ္ေျမာက္ ကရင့္အာဇာနည္ေန႔ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ဒီေန႔မနက္က က်င္းပပါတယ္။ အခုႏွစ္ ကရင့္အာဇာနည္ေန႔ အခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရက က်င္းပခြင့္ မျပဳတာေၾကာင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ျပဳဖို႔ ေလွ်ာက္တင္ၿပီး က်င္းပခဲ့တာ ျဖစ္တယ္လို႔ ပြဲစီစဥ္သူေတြက ေျပာပါတယ္။ ဒီေန႔အခမ္းအနားမွာေတာ့ ကရင္တိုင္းရင္းသား ၁၀၀၀ ေလာက္ တက္ေရာက္ၿပီး က်ဆုံးသြားတဲ့ ကရင္အမ်ိဳးသားေခါင္းေဆာင္ ေစာဘဦးႀကီးတို႔ကို ရည္မွန္းကာ အေလးျပဳၿပီး လြမ္းသူပန္းေခြ ခ်ခဲ့ၾကပါတယ္။ ၁၉၅၀ ခုႏွစ္ ၾသဂုတ္လ ၁၂ ရက္ေန႔မွာ ကရင့္ေတာ္လွန္ေရးေခါင္းေဆာင္ႀကီး ေစာဘဦးႀကီးနဲ႔ ကရင့္အာဇာနည္ေခါင္းေဆာင္ေတြ က်ဆုံးခဲ့တဲ့ေန႔ကို ကရင့္အာဇာနည္ေန႔အျဖစ္ သတ္မွတ္ခဲ့တာ လည္း ျဖစ္ပါတယ္။ ေစာဘဦးႀကီးကို ၁၉၀၃ ခုႏွစ္မွာ ေအာက္တိုဘာလ ၇ ရက္ေန႔မွာ ဧရာဝတီတိုင္းေဒသႀကီးမွာ ေမြးဖြားခဲ့ၿပီး ဖခင္ ေစာသာျမတ္ႀကီးနဲ႔ မိခင္ ေနာ္ေအးႏုတို႔က ေမြးဖြားခဲ့တာပါ။ ကရင့္အာဇာနည္ေန႔ေတြကို ႏွစ္စဥ္ ၾသဂုတ္လ ၁၂ ရက္ေန႔ေရာက္တိုင္း က်င္းပခဲ့ေပမယ့္လည္း ၂၀၁၈ ခုႏွစ္မွာေတာ့ အစိုးရက တားျမစ္ခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024