A d v e r t i s e m e n t With Us

ဗီယက်နမ်ဖိတ်ခေါ် ၁၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာ ပါဝင်မည်

Photo : Myanmar Football Federation
ဗီယက်နမ်ဖိတ်ခေါ် အသက် ၁၅ နှစ်အောက် အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ် အသက် ၁၅ နှစ်အောက် အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်မှ ၅ ရက်ထိ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်၊ မြန်မာ၊ ဟောင်ကောင်၊ အိုက်စလန်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ မြန်မာ့လက်ရွေးစင် ယူ ၁၅ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး ပဏာမ ကစားသမား ၂၅ ဦးနဲ့ ဇူလိုင် ဒုတိယပတ်မှ စတင်ကာ စခန်းသွင်းလေ့ကျင့်နေပါတယ်။ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲကို အုပ်စုပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး အသက် ၁၅ နှစ်အောက်ဖြစ်တဲ့အတွက် နိုင်ငံတကာပြိုင်ပွဲစည်းမျဉ်းများအတိုင်း မိနစ် ၈၀ ယှဉ်ပြိုင်မှာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဗီယက္နမ္ဖိတ္ေခၚ ၁၅ ႏွစ္ေအာက္ အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲ ျမန္မာ ပါဝင္မည္ ဗီယက္နမ္ဖိတ္ေခၚ အသက္ ၁၅ ႏွစ္ေအာက္ အမ်ိဳးသမီး ဖိတ္ေခၚၿပိဳင္ပြဲကို ျမန္မာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ ေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ပါတယ္။ ဗီယက္နမ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ္ အသက္ ၁၅ ႏွစ္ေအာက္ အမ်ိဳးသမီးဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲကို စက္တင္ဘာ ၁ ရက္မွ ၅ ရက္ထိ က်င္းပမွာျဖစ္ၿပီး အိမ္ရွင္ ဗီယက္နမ္၊ ျမန္မာ၊ ေဟာင္ေကာင္၊ အိုက္စလန္အသင္းတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါ။ ျမန္မာ့လက္ေ႐ြးစင္ ယူ ၁၅ အမ်ိဳးသမီးအသင္းကို နည္းျပခ်ဳပ္အျဖစ္ ေဒၚစန္းစန္းသိန္းက တာဝန္ယူ ေဆာင္႐ြက္မွာျဖစ္ၿပီး ပဏာမ ကစားသမား ၂၅ ဦးနဲ႔ ဇူလိုင္ ဒုတိယပတ္မွ စတင္ကာ စခန္းသြင္းေလ့က်င့္ေနပါတယ္။ ဗီယက္နမ္ ဖိတ္ေခၚၿပိဳင္ပြဲကို အုပ္စုပတ္လည္စနစ္နဲ႔ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အသက္ ၁၅ ႏွစ္ေအာက္ျဖစ္တဲ့အတြက္ ႏိုင္ငံတကာၿပိဳင္ပြဲစည္းမ်ဥ္းမ်ားအတိုင္း မိနစ္ ၈၀ ယွဥ္ၿပိဳင္မွာပါ။

A d v e r t i s e m e n t With Us

More News
Up