နေမာအား အသင်းမှထွက်သွားရန် ပရိသတ်များ ဆန္ဒပြ

ဘရာဇီးတိုက်စစ်မှူး နေမာအား အသင်းကနေ ထွက်သွားဖို့ ပီအက်စ်ဂျီအသင်းကို အားပေးတဲ့ ပရိသတ်တွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပြင်သစ် လီဂူးဝမ်းအဖွင့်ပွဲစဉ်ဖြစ်တဲ့ နိုင်းမ်စ်အသင်းနဲ့ပွဲမှာ အသင်းပရိသတ်တွေက ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
ပီအက်စ်ဂျီအသင်းရဲ့ အစောပိုင်း လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ခဲ့ပေမယ့် ကစားသမားဟာ လီဂူးအဖွင့်ပွဲစဉ်မှာ ဝင်ရောက်မကစားနိုင်ကြောင်း တရားဝင် ပြောကြားထားပါတယ်။
အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ နေမာ ပါဝင်လာခြင်း မရှိပေမယ့်လည်း ကာဗာနီ၊ အန်ဘာပေး၊ ဒီမာရီယာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။
နေမာအား အသင်းကနေ ထွက်သွားဖို့အတွက် ပရိသတ်တွေဟာ လိင်ကိစ္စ အရှုပ်အထွေး ပြဿနာတွေနဲ့ ပတ်သက်ပြီး ရေးသား ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်သလို နေမာ ထွက်သွားဆိုတဲ့ စာသားပါ ဆိုင်းဘုတ်တွေကလည်း ပွဲကြည့်စင် အနှံ့အပြားမှာ မြင်တွေ့ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က စပိန်ထိပ်သီး ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးတော့ ခြေစွမ်းပြဂိုးတွေ သွင်းယူထားခဲ့ပေမယ့် ဒဏ်ရာပြဿနာ၊ ကွင်းပြင်ပကိစ္စတွေဖြစ်တဲ့ လိင်အရှုပ်အထွေး ကိစ္စတွေကြောင့် ပရိသတ်တွေက သဘောမတွေ့ ဖြစ်ခဲ့ကြပါတယ်။
လတ်တလော ပါရီအခြေစိုက်ကလပ်မှာ ကစားဖို့ လုံးဝ စိတ်မဝင်စားတော့တဲ့ ပုံစံဖြစ်နေတဲ့ နေမာဟာ သူ့ကို ခေါ်ယူဖို့ လိုလားနေတဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ပြောင်းရွှေ့ဖို့အတွက်ပဲ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေနမာအား အသင္းမွထြက္သြားရန္ ပရိသတ္မ်ား ဆႏၵျပ
ဘရာဇီးတိုက္စစ္မႉး ေနမာအား အသင္းကေန ထြက္သြားဖို႔ ပီအက္စ္ဂ်ီအသင္းကို အားေပးတဲ့ ပရိသတ္ေတြက ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။
ျပင္သစ္ လီဂူးဝမ္းအဖြင့္ပြဲစဥ္ျဖစ္တဲ့ ႏိုင္းမ္စ္အသင္းနဲ႔ပြဲမွာ အသင္းပရိသတ္ေတြက ဆႏၵေဖာ္ထုတ္ခဲ့ၾကတာပါ။
ပီအက္စ္ဂ်ီအသင္းရဲ႕ အေစာပိုင္း ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ပါဝင္ခဲ့ေပမယ့္ ကစားသမားဟာ လီဂူးအဖြင့္ပြဲစဥ္မွာ ဝင္ေရာက္မကစားႏိုင္ေၾကာင္း တရားဝင္ ေျပာၾကားထားပါတယ္။
အဲဒီပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းဟာ ေနမာ ပါဝင္လာျခင္း မရွိေပမယ့္လည္း ကာဗာနီ၊ အန္ဘာေပး၊ ဒီမာရီယာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။
ေနမာအား အသင္းကေန ထြက္သြားဖို႔အတြက္ ပရိသတ္ေတြဟာ လိင္ကိစၥ အရႈပ္အေထြး ျပႆနာေတြနဲ႔ ပတ္သက္ၿပီး ေရးသား ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္သလို ေနမာ ထြက္သြားဆိုတဲ့ စာသားပါ ဆိုင္းဘုတ္ေတြကလည္း ပြဲၾကည့္စင္ အႏွံ႔အျပားမွာ ျမင္ေတြ႕ခဲ့ရပါတယ္။
လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ေလာက္က စပိန္ထိပ္သီး ဘာစီလိုနာအသင္းကေန ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၂၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေတာ့ ေျခစြမ္းျပဂိုးေတြ သြင္းယူထားခဲ့ေပမယ့္ ဒဏ္ရာျပႆနာ၊ ကြင္းျပင္ပကိစၥေတြျဖစ္တဲ့ လိင္အရႈပ္အေထြး ကိစၥေတြေၾကာင့္ ပရိသတ္ေတြက သေဘာမေတြ႕ ျဖစ္ခဲ့ၾကပါတယ္။
လတ္တေလာ ပါရီအေျခစိုက္ကလပ္မွာ ကစားဖို႔ လုံးဝ စိတ္မဝင္စားေတာ့တဲ့ ပုံစံျဖစ္ေနတဲ့ ေနမာဟာ သူ႔ကို ေခၚယူဖို႔ လိုလားေနတဲ့ အသင္းေဟာင္း ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ပဲ စိတ္အားထက္သန္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။