Home
မြန်မာသတင်း
မောင်တော-အငူမော် ကားလမ်းတွင် မိုင်း ၁ လုံးပေါက်ကွဲ
DVB
·
August 12, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ မောင်တော-အငူမော်ကားလမ်း ဝေသာလီ ကျေးရွာအနီးမှာ ဩဂုတ် ၁၁ ရက်နေ့က မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သြဂုတ် ၁၁ ရက် မနက် ၁၁ နာရီ ၁၀ မိနစ်လောက်မှာ မိုင်းတလုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျေးရွာသား  ဦးမောင်စိုးသိန်းအား တပ်မတော်က ဖမ်းဆီးထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ "ဝေသာလီကျေးရွာနဲ့တော့ နည်နည်းဝေးပါတယ်။ ရွှေရင်အေးနဲ့ ရဟတ်ယဉ်ကွင်းကြားမှ ပေါက်ကွဲတာပါ။ ဘယ်သူ ထောင်ထားတာလဲတော့ မသိပါဘူး၊ မိုင်းလို့တော့ ပြောကြတယ်၊ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ အခုကတော ရွှေရင်အေးကျေးရွာကို ဝင်ရောက်စစ်ဆေးပြီး ရွာသားတဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။" အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက "ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး၊ မိုင်းတလုံး ဝေသာလီကျေးရွာအနီး လမ်းဘက်မှာ ပေါက်တယ်လို့ သိရတယ်။ ဖမ်းဆီး စစ်ဆေးတာတော့ ရှိမှာပေါ့၊ မိုင်းပေါက်တယ်ဆိုတော့ စစ်ဆေးမေးမြန်းရမှာပဲ" လို့ ဒီဗွီဘီကို ပြောပါတယ်။ ဧပြီ ၂၁ ရက် ညကလည်း မောင်တော-အငူမော်ကားလမ်း ကိုင်းကြီးမြိုရွာ နှစ်ရွာကြား ကားလမ်းတံတားအနီးမှာ မိုင်း ၂ လုံး ပေါက်ကွဲခဲ့သလို သြဂုတ် ၁ ရက် မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် အောင်ဗလနဲ့ ဒုံးပိုက်ကျေးရွာကြား အငူမော-မောင်တော ကားလမ်းပေါ်မှာ နယ်ခြားစောင့်တပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ သတင်း - ကောင်းကောင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေမာင္ေတာ-အငူေမာ္ ကားလမ္းတြင္ မိုင္း ၁ လုံးေပါက္ကြဲ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ေတာင္ပိုင္း၊ ေမာင္ေတာ-အငူေမာ္ကားလမ္း ေဝသာလီ ေက်း႐ြာအနီးမွာ ဩဂုတ္ ၁၁ ရက္ေန႔က မိုင္း ၁ လုံး ေပါက္ကြဲခဲ့ၿပီး ထိခိုက္ဒဏ္ရာရတာ မရွိဘူးလို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ၾသဂုတ္ ၁၁ ရက္ မနက္ ၁၁ နာရီ ၁၀ မိနစ္ေလာက္မွာ မိုင္းတလုံး ေပါက္ကြဲခဲ့တာျဖစ္ၿပီး ေက်း႐ြာသား  ဦးေမာင္စိုးသိန္းအား တပ္မေတာ္က ဖမ္းဆီးထားတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ "ေဝသာလီေက်း႐ြာနဲ႔ေတာ့ နည္နည္းေဝးပါတယ္။ ေ႐ႊရင္ေအးနဲ႔ ရဟတ္ယဥ္ကြင္းၾကားမွ ေပါက္ကြဲတာပါ။ ဘယ္သူ ေထာင္ထားတာလဲေတာ့ မသိပါဘူး၊ မိုင္းလို႔ေတာ့ ေျပာၾကတယ္၊ ထိခိုက္ဒဏ္ရာရတာေတာ့ မရွိပါဘူး။ အခုကေတာ ေ႐ႊရင္ေအးေက်း႐ြာကို ဝင္ေရာက္စစ္ေဆးၿပီး ႐ြာသားတဦးကို ဖမ္းဆီးစစ္ေဆးေနပါတယ္။" အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက "ထိခိုက္ဒဏ္ရာရတာေတာ့ မရွိပါဘူး၊ မိုင္းတလုံး ေဝသာလီေက်း႐ြာအနီး လမ္းဘက္မွာ ေပါက္တယ္လို႔ သိရတယ္။ ဖမ္းဆီး စစ္ေဆးတာေတာ့ ရွိမွာေပါ့၊ မိုင္းေပါက္တယ္ဆိုေတာ့ စစ္ေဆးေမးျမန္းရမွာပဲ" လို႔ ဒီဗြီဘီကို ေျပာပါတယ္။ ဧၿပီ ၂၁ ရက္ ညကလည္း ေမာင္ေတာ-အငူေမာ္ကားလမ္း ကိုင္းႀကီးၿမိဳ႐ြာ ႏွစ္႐ြာၾကား ကားလမ္းတံတားအနီးမွာ မိုင္း ၂ လုံး ေပါက္ကြဲခဲ့သလို ၾသဂုတ္ ၁ ရက္ မနက္ပိုင္းကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္ဗလနဲ႔ ဒုံးပိုက္ေက်း႐ြာၾကား အငူေမာ-ေမာင္ေတာ ကားလမ္းေပၚမွာ နယ္ျခားေစာင့္တပ္ကားတန္း မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရပါတယ္။ သတင္း - ေကာင္းေကာင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024