A d v e r t i s e m e n t With Us

မန်ယူက ချယ်ဆီးကို ၄ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်စဉ်မှာ မန်ချက်စတာယူနိုက်တက်က ချဲလ်ဆီးကို ဂိုးပြတ်နိုင်ပွဲရယူပြီး ရာသီသစ်မှာ အဖွင့်မျက်နှာပန်းလှခဲ့ပါတယ်။ ၄ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်က စတန်းဖို့ဒ်ဘရစ်ချ်ကွင်းကြီးမှာ ၄ ဂိုးပြတ်ရှုံးနိမ့်ခဲ့ဖူးတဲ့ ယူနိုက်တက်တို့အတွက်လည်း လက်စားချေနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာတဲ့ ဖရန့်ခ်လမ်းပတ်ကို လိဂ်အသင်းကြီး ပထမဆုံးအတွေ့အကြုံမှာ အလဲထိုးအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။  ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရသူကတော့ ပင်နယ်တီဂိုးအပါအဝင် သွင်းဂိုး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖိုဒ့်ဖြစ်ပြီး ကျန်ဂိုးတွေကိုတော့ ကစားသမားသစ် ဒန်နီရယ်ဂျိမ်းစ်နဲ့ မာရှယ်တို့က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲဟာ နည်းပြသစ် ဖရန့်ခ်လမ်းပတ်အပါအဝင် ချဲလ်ဆီးအသင်းသားတွေအတွက် သင်ခန်းစာယူရမယ့် ပွဲစဉ်လို့ ဆိုရမှာဖြစ်ပြီးတော့ တိုက်စစ်လိုအပ်ချက်ကြောင့် အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရသလို အဓိကခံစစ်ကစားသမားတချို့ အနားယူနေခဲ့ရတာကြောင့် ချဲလ်ဆီးတို့ အဖွင့်ပွဲမှာ တခြားပြိုင်ဘက်အသင်းတွေနည်းတူ အောင်ပွဲ့ခံရဖို့နဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။ တနင်္ဂနွေည ပရီးမီးယားလိဂ် တခြားပွဲစဉ်တွေမှာတော့ အာဆင်နယ်က နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး လက်စတာအသင်းနဲ့ ဝုလ်ဗာဟမ်တန်တို့ ပွဲစဉ်မှာတော့ ဂိုးမရှိ သရေကျသွားပါတယ်။ ၂၀၁၉ ပရီးမီးယားလိဂ်ရာ အဖွင့်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ စပါး၊ မန်ယူတို့ အသီးသီးအနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးအသင်းသာ ရှုံးပွဲတွေ့ခဲ့တာပါ။ Zawgyi Version မန္ယူက ခ်ယ္ဆီးကို ၄ ဂိုးျပတ္ အႏိုင္ရ (႐ုပ္သံ) DVB မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္စဥ္မွာ မန္ခ်က္စတာယူႏိုက္တက္က ခ်ဲလ္ဆီးကို ဂိုးျပတ္ႏိုင္ပြဲရယူၿပီး ရာသီသစ္မွာ အဖြင့္မ်က္ႏွာပန္းလွခဲ့ပါတယ္။ ၄ ဂိုး ဂိုးမရွိရလဒ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္က စတန္းဖို႔ဒ္ဘရစ္ခ်္ကြင္းႀကီးမွာ ၄ ဂိုးျပတ္ရႈံးနိမ့္ခဲ့ဖူးတဲ့ ယူႏိုက္တက္တို႔အတြက္လည္း လက္စားေခ်ႏိုင္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ ခ်ဲလ္ဆီးနည္းျပသစ္ျဖစ္လာတဲ့ ဖရန႔္ခ္လမ္းပတ္ကို လိဂ္အသင္းႀကီး ပထမဆုံးအေတြ႕အႀကဳံမွာ အလဲထိုးအႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။  ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္သတ္မွတ္ခံခဲ့ရသူကေတာ့ ပင္နယ္တီဂိုးအပါအဝင္ သြင္းဂိုး ၂ ဂိုးသြင္းယူေပးခဲ့တဲ့ မားကပ္စ္ရက္ရွ္ဖိုဒ့္ျဖစ္ၿပီး က်န္ဂိုးေတြကိုေတာ့ ကစားသမားသစ္ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ မာရွယ္တို႔က သြင္းယူေပးခဲ့တာလည္းျဖစ္ပါတယ္။ ဒီပြဲဟာ နည္းျပသစ္ ဖရန႔္ခ္လမ္းပတ္အပါအဝင္ ခ်ဲလ္ဆီးအသင္းသားေတြအတြက္ သင္ခန္းစာယူရမယ့္ ပြဲစဥ္လို႔ ဆိုရမွာျဖစ္ၿပီးေတာ့ တိုက္စစ္လိုအပ္ခ်က္ေၾကာင့္ အေရးပါတဲ့ သြင္းဂိုးေတြနဲ႔ ေဝးခဲ့ရသလို အဓိကခံစစ္ကစားသမားတခ်ိဳ႕ အနားယူေနခဲ့ရတာေၾကာင့္ ခ်ဲလ္ဆီးတို႔ အဖြင့္ပြဲမွာ တျခားၿပိဳင္ဘက္အသင္းေတြနည္းတူ ေအာင္ပြဲ႕ခံရဖို႔နဲ႔ ေဝးကြာခဲ့ရတာျဖစ္ပါတယ္။ တနဂၤေႏြည ပရီးမီးယားလိဂ္ တျခားပြဲစဥ္ေတြမွာေတာ့ အာဆင္နယ္က နယူးကာဆယ္ကို ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး လက္စတာအသင္းနဲ႔ ဝုလ္ဗာဟမ္တန္တို႔ ပြဲစဥ္မွာေတာ့ ဂိုးမရွိ သေရက်သြားပါတယ္။ ၂၀၁၉ ပရီးမီးယားလိဂ္ရာ အဖြင့္ပြဲစဥ္ေတြမွာ အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူး၊ အာဆင္နယ္၊ စပါး၊ မန္ယူတို႔ အသီးသီးအႏိုင္ရရွိခဲ့ၿပီး ခ်ဲလ္ဆီးအသင္းသာ ရႈံးပြဲေတြ႕ခဲ့တာပါ။  

A d v e r t i s e m e n t With Us

More News
Up