A d v e r t i s e m e n t With Us

အာဆင်နယ်က နယူးကာဆယ်ကို အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်စဉ်မှာ အာဆင်နယ်အသင်းက နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က ၃-၅-၂ ကစားကွဲနဲ့ ပွဲထက်ခဲ့ပြီး အာဆင်နယ်အသင်းကတော့ အူဘာမီရန်းကို အထောင်ထားပြီး ၄-၂-၃-၁ နဲ့ ပွဲထွက်ခဲ့တာပါ။ နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာတော့ အာဆင်နယ်အသင်းက အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ အူဘာမီရန်းက ဒုတိယပိုင်း ပွဲကစားချိန် ၅၈ မိနစ်မှာ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာပါ။ တနင်္ဂနွေည ပရီးမီးယားလိဂ် တခြားပွဲစဉ်တွေမှာတော့ မန်ယူက ချဲလ်ဆီးကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး လက်စတာအသင်းနဲ့ ဝုလ်ဗာဟမ်တန်တို့ ပွဲစဉ်မှာ ဂိုးမရှိ သရေကျသွားပါတယ်။ ၂၀၁၉ ပရီးမီးယားလိဂ်ရာ အဖွင့်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ စပါး၊ မန်ယူတို့ အသီးသီးအနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးအသင်းသာ ရှုံးပွဲတွေ့ခဲ့တာပါ။   Zawgyi Version အာဆင္နယ္က နယူးကာဆယ္ကို အႏိုင္ရ (႐ုပ္သံ) DVB မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္စဥ္မွာ အာဆင္နယ္အသင္းက နယူးကာဆယ္ကို ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားပါတယ္။ ဒီပြဲမွာ နယူးကာဆယ္က ၃-၅-၂ ကစားကြဲနဲ႔ ပြဲထက္ခဲ့ၿပီး အာဆင္နယ္အသင္းကေတာ့ အူဘာမီရန္းကို အေထာင္ထားၿပီး ၄-၂-၃-၁ နဲ႔ ပြဲထြက္ခဲ့တာပါ။ နယူးကာဆယ္အသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈမွာေတာ့ အာဆင္နယ္အသင္းက အျပတ္အသတ္ အသာစီးယူကစားႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အတြက္ တလုံးတည္းေသာ အႏိုင္ဂိုးကိုေတာ့ အူဘာမီရန္းက ဒုတိယပိုင္း ပြဲကစားခ်ိန္ ၅၈ မိနစ္မွာ သြင္းယူခဲ့ၿပီး ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ အႏိုင္ ၃ မွတ္ရယူႏိုင္ခဲ့တာပါ။ တနဂၤေႏြည ပရီးမီးယားလိဂ္ တျခားပြဲစဥ္ေတြမွာေတာ့ မန္ယူက ခ်ဲလ္ဆီးကို ၄ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး လက္စတာအသင္းနဲ႔ ဝုလ္ဗာဟမ္တန္တို႔ ပြဲစဥ္မွာ ဂိုးမရွိ သေရက်သြားပါတယ္။ ၂၀၁၉ ပရီးမီးယားလိဂ္ရာ အဖြင့္ပြဲစဥ္ေတြမွာ အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူး၊ အာဆင္နယ္၊ စပါး၊ မန္ယူတို႔ အသီးသီးအႏိုင္ရရွိခဲ့ၿပီး ခ်ဲလ္ဆီးအသင္းသာ ရႈံးပြဲေတြ႕ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up