Home
မြန်မာသတင်း
မင်းပြားမြို့နယ် မြင်းတင်မကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍‌ ရွာသားများ ထွက်ပြေး
DVB
·
August 11, 2019
67788044_845941055761903_6990900469354725376_n
68752015_845941045761904_1688177891155640320_n
68535084_845941062428569_503021029199708160_n
67840220_845936605762348_8799913460042301440_o
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မြောက်ပိုင်းက မြင်းတင်မကျေးရွာမှာ သြဂုတ် ၁၀ နေ့ညပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ကျေးရွာသား ၁ ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်း‌ရှောင်ခဲ့ကြပါတယ်။ မနေ့က ည ၈ နာရီကျော်လောက်မှာ အဲဒီကျေးရွာနဲ့ ကိုက် ၃၀၀ လောက်အကွာမှာ မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲပြီးနောက် လက်နက်ကြီးကျည်တွေ ရွာအတွင်းကို ဆက်တိုက်ကျရောက် လာတာဖြစ်ပြီး နေအိမ် ၅ လုံးနဲ့ ဘုန်းတော်ကြီးကျောင်းတို့ ပျက်စီးခဲ့တယ်လို့ မြင်းတင်မကျေးရွာသားတဦးက ပြောပါတယ်။ “မနေ့က ၈ နာရီကျော်လောက်မှာရွာနဲ့ ကိုက် ၃၀၀ လောက်အကွာ မိုင်းပေါက်ကွဲပါတယ်။ မိုင်းက ၄ လုံးကွဲပါတယ်။ စစ်သားတွေကတော့ လက်နက်တွေနဲ့ တအားပစ်ကြတယ်။ အိမ်က ၅ လုံးနဲ့ ဘုန်းကြီးကျောင်းမှာ လက်နက်တွေကျတယ်။ လက်နက်ကြီးကျတဲ့ အိမ်ကတော့ များများ ပျက်စီးသွားတယ်။ လက်နက်ငယ်ကျတဲ့ အိမ်တွေမှာတော့ အပေါက်သေးလေးတွေဖြစ်သွားပြီးတော့ သွပ်ခေါင်တွေ၊ ဘာတွေပျက်စီးသွားတယ်။ လူထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။ မနက်မိုးလင်းချိန်မှာတော့ လူဦးရေ ၁၀၀၀ လောက်ရှိတဲ့ အဲဒီရွာက တရွာလုံးနီးပါးဟာ မင်းပြားမြို့နဲ့ နရင်းကျေးရွာစတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေရှိတဲ့ နေရာတွေကို ထွက်ပြေးသွားကြပြီးတော့ ရွာမှာ ရွာစောင့်အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “လက်နက်ကြီးကလည်း တိုက်ပွဲတစုံတရာ မရှိဘဲနဲ့ သူတို့ကလုပ်ကြံတဲ့ အနေအထားတခုပါ။ ဟိုဘက်က ပစ်လို့ပစ်ကြတာမျိုးလည်း မဟုတ်ဘူး။ မြင်းတင်မရွာဟာ ဖုန်သာချောင်းရှေ့ကဆိုလည်း သွားလာလို့ရတဲ့ အနေအထားမှာရှိတယ်။ တိုက်ပွဲဖြစ်လို့ လက်နက်ကြီး ကျတယ်ဆိုရင်တော့ တမျိုးပေါ့လေ။ ကျနော်တို့က စပါးထားကျေးရွာမှာလို ရွာကိုများ ပစ်နေတာလားလို့တောင် သံသယဖြစ်မိတယ်။” လို့ ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီကျေးရွာအနီးမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတလုံး ကျန်ရစ်ခဲ့တာကြောင့် နေပူလာရင် ပေါက်ကွဲမှာ စိုးရိမ်နေကြတယ်လို့ ရွာသားတွေက ပြောပါတယ်။ မြင်တင်ကျေးရွာက ကျောင်းထိုင်ဆရာတော်က “ဒိုင်းဒိုင်း ဆိုပြီး သေနတ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ပြီး ဘုန်းကျောင်းဝန်းထဲ ဝင်လာတယ်။ အဲ့ဒီမှာ ဘုန်းဘုန်းရယ် ကိုရင်လေး နှစ်ပါး။ ကျောင်းတွေရောခေါ်ပြီး သိမ်အောက်မှာပုန်းနေကြတယ်။ စစ်သားတွေက ၁၀၀ ကျော်လောက်ရှိ မယ်၊ အကုန်လန့်ဖျတ်ကြတယ်။ ပစ်ခတ်သံကတော့ တော်တော်ကြာတယ်။ မှောင်မှောင်မည်းမည်း ဆိုတော့ သိပ်မမြင်ရဘူး။ ဘုန်းကြီးကျောင်းမှာ တချို့ကျည်ထိတာရှိတယ်၊ ရွာမှာ နေအိမ်တွေ ပျက်စီးသွားတယ်။” လို့ မိန့်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျနော်တို့ အဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်တာပဲလေ။ ရွာကိုလာပြီး ဒုက္ခပေးတာမှ မဟုတ်တာ။ ရွာကို လာဒုက္ခပေးတယ်ဆိုရင်တော့ တမျိုးပေါ့။ ထွက်ပြေးတာတို့၊ ဘာတို့ရှိကောင်းရှိမှာပေါ့။ ဒါပေမယ့် ခုနက ကျနော်ပြောခဲ့သလိုပဲလေ ကျနော်တို့က ပြည်သူလူထုကို ကူညီပေးနေတဲ့ အဖွဲ့စည်းပဲလေ။ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင်လုပ်တဲ့အဖွဲ့စည်းမှ မဟုတ်တာ”လို့ ပြောပါတယ်။ မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့ တပ်မတော်တို့ ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီးနောက်ပိုင်း မင်းပြားမြို့နယ်တဝှိုက်မှာ တပ်မတော် ဘက်က နယ်မြေရှင်းလင်းရေးလုပ်တာတွေ၊ တပ်စွဲထားတာတွေ၊ ရွာသားတွေကို သွား၊ လာခွင့် ပိတ်ပင်တာတွေ ပြုလုပ်နေတယ်လို့ ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။ အဲ့ဒီရွာတိုက်ပွဲတွေကြောင့် လက်ရှိမှာတော့ မင်းပြားမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က ၈ မြို့နယ်မှာ စစ်ဘေးရှောင် ၆ သောင်းဝန်းကျင်ထိရှိလာပြီး အကူညီတွေ လိုအပ်နေပါတယ်။ သတင်း-ဝဏ္ဏခွာညို
မင္းျပားၿမိဳ႕နယ္ ျမင္းတင္မေက်း႐ြာတြင္ လက္နက္ႀကီးက်ည္က်၍‌ ႐ြာသားမ်ား ထြက္ေျပး သတင္း-ဝဏၰခြာညိဳ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ေျမာက္ပိုင္းက ျမင္းတင္မေက်း႐ြာမွာ ၾသဂုတ္ ၁၀ ေန႔ညပိုင္းက လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ဒီကေန႔ မနက္ပိုင္းမွာ ေက်း႐ြာသား ၁ ေထာင္ေလာက္ ေဘးလြတ္ရာကို ထြက္ေျပးတိမ္း‌ေရွာင္ခဲ့ၾကပါတယ္။ မေန႔က ည ၈ နာရီေက်ာ္ေလာက္မွာ အဲဒီေက်း႐ြာနဲ႔ ကိုက္ ၃၀၀ ေလာက္အကြာမွာ မိုင္း ၄ လုံး ဆက္တိုက္ေပါက္ကြဲၿပီးေနာက္ လက္နက္ႀကီးက်ည္ေတြ ႐ြာအတြင္းကို ဆက္တိုက္က်ေရာက္ လာတာျဖစ္ၿပီး ေနအိမ္ ၅ လုံးနဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းတို႔ ပ်က္စီးခဲ့တယ္လို႔ ျမင္းတင္မေက်း႐ြာသားတဦးက ေျပာပါတယ္။ “မေန႔က ၈ နာရီေက်ာ္ေလာက္မွာ႐ြာနဲ႔ ကိုက္ ၃၀၀ ေလာက္အကြာ မိုင္းေပါက္ကြဲပါတယ္။ မိုင္းက ၄ လုံးကြဲပါတယ္။ စစ္သားေတြကေတာ့ လက္နက္ေတြနဲ႔ တအားပစ္ၾကတယ္။ အိမ္က ၅ လုံးနဲ႔ ဘုန္းႀကီးေက်ာင္းမွာ လက္နက္ေတြက်တယ္။ လက္နက္ႀကီးက်တဲ့ အိမ္ကေတာ့ မ်ားမ်ား ပ်က္စီးသြားတယ္။ လက္နက္ငယ္က်တဲ့ အိမ္ေတြမွာေတာ့ အေပါက္ေသးေလးေတြျဖစ္သြားၿပီးေတာ့ သြပ္ေခါင္ေတြ၊ ဘာေတြပ်က္စီးသြားတယ္။ လူထိခိုက္တာေတာ့ မရွိဘူး” လို႔ ေျပာပါတယ္။ မနက္မိုးလင္းခ်ိန္မွာေတာ့ လူဦးေရ ၁၀၀၀ ေလာက္ရွိတဲ့ အဲဒီ႐ြာက တ႐ြာလုံးနီးပါးဟာ မင္းျပားၿမိဳ႕နဲ႔ နရင္းေက်း႐ြာစတဲ့ စစ္ေဘးေရွာင္ကယ္ဆယ္ေရးစခန္းေတြရွိတဲ့ ေနရာေတြကို ထြက္ေျပးသြားၾကၿပီးေတာ့ ႐ြာမွာ ႐ြာေစာင့္အနည္းငယ္သာ က်န္ရွိေတာ့တယ္လို႔ ဆိုပါတယ္။ မင္းျပားၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က “လက္နက္ႀကီးကလည္း တိုက္ပြဲတစုံတရာ မရွိဘဲနဲ႔ သူတို႔ကလုပ္ႀကံတဲ့ အေနအထားတခုပါ။ ဟိုဘက္က ပစ္လို႔ပစ္ၾကတာမ်ိဳးလည္း မဟုတ္ဘူး။ ျမင္းတင္မ႐ြာဟာ ဖုန္သာေခ်ာင္းေရွ႕ကဆိုလည္း သြားလာလို႔ရတဲ့ အေနအထားမွာရွိတယ္။ တိုက္ပြဲျဖစ္လို႔ လက္နက္ႀကီး က်တယ္ဆိုရင္ေတာ့ တမ်ိဳးေပါ့ေလ။ က်ေနာ္တို႔က စပါးထားေက်း႐ြာမွာလို ႐ြာကိုမ်ား ပစ္ေနတာလားလို႔ေတာင္ သံသယျဖစ္မိတယ္။” လို႔ ေျပာပါတယ္။ လက္ရွိမွာေတာ့ အဲဒီေက်း႐ြာအနီးမွာ မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးတလုံး က်န္ရစ္ခဲ့တာေၾကာင့္ ေနပူလာရင္ ေပါက္ကြဲမွာ စိုးရိမ္ေနၾကတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။ ျမင္တင္ေက်း႐ြာက ေက်ာင္းထိုင္ဆရာေတာ္က “ဒိုင္းဒိုင္း ဆိုၿပီး ေသနတ္ေတြနဲ႔ ပစ္ခတ္မႈေတြလုပ္ၿပီး ဘုန္းေက်ာင္းဝန္းထဲ ဝင္လာတယ္။ အဲ့ဒီမွာ ဘုန္းဘုန္းရယ္ ကိုရင္ေလး ႏွစ္ပါး။ ေက်ာင္းေတြေရာေခၚၿပီး သိမ္ေအာက္မွာပုန္းေနၾကတယ္။ စစ္သားေတြက ၁၀၀ ေက်ာ္ေလာက္ရွိ မယ္၊ အကုန္လန႔္ဖ်တ္ၾကတယ္။ ပစ္ခတ္သံကေတာ့ ေတာ္ေတာ္ၾကာတယ္။ ေမွာင္ေမွာင္မည္းမည္း ဆိုေတာ့ သိပ္မျမင္ရဘူး။ ဘုန္းႀကီးေက်ာင္းမွာ တခ်ိဳ႕က်ည္ထိတာရွိတယ္၊ ႐ြာမွာ ေနအိမ္ေတြ ပ်က္စီးသြားတယ္။” လို႔ မိန႔္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက “က်ေနာ္တို႔ အဖြဲ႕ေတြက နယ္ေျမရွင္းလင္းေရးလုပ္တာပဲေလ။ ႐ြာကိုလာၿပီး ဒုကၡေပးတာမွ မဟုတ္တာ။ ႐ြာကို လာဒုကၡေပးတယ္ဆိုရင္ေတာ့ တမ်ိဳးေပါ့။ ထြက္ေျပးတာတို႔၊ ဘာတို႔ရွိေကာင္းရွိမွာေပါ့။ ဒါေပမယ့္ ခုနက က်ေနာ္ေျပာခဲ့သလိုပဲေလ က်ေနာ္တို႔က ျပည္သူလူထုကို ကူညီေပးေနတဲ့ အဖြဲ႕စည္းပဲေလ။ ျပည္သူလူထုကို ဝန္ထုပ္ဝန္ပိုး ျဖစ္ေအာင္လုပ္တဲ့အဖြဲ႕စည္းမွ မဟုတ္တာ”လို႔ ေျပာပါတယ္။ မင္းျပားၿမိဳ႕နယ္ ကုလားမေတာင္ေက်း႐ြာအနီးမွာ ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ျမန္မာ့ တပ္မေတာ္တို႔ ထိပ္တိုက္ေတြ႕မႈေတြျဖစ္ၿပီးေနာက္ပိုင္း မင္းျပားၿမိဳ႕နယ္တဝႈိက္မွာ တပ္မေတာ္ ဘက္က နယ္ေျမရွင္းလင္းေရးလုပ္တာေတြ၊ တပ္စြဲထားတာေတြ၊ ႐ြာသားေတြကို သြား၊ လာခြင့္ ပိတ္ပင္တာေတြ ျပဳလုပ္ေနတယ္လို႔ ေဒသဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။ အဲ့ဒီ႐ြာတိုက္ပြဲေတြေၾကာင့္ လက္ရွိမွာေတာ့ မင္းျပားၿမိဳ႕နယ္အပါအဝင္ ရခိုင္ျပည္နယ္က ၈ ၿမိဳ႕နယ္မွာ စစ္ေဘးေရွာင္ ၆ ေသာင္းဝန္းက်င္ထိရွိလာၿပီး အကူညီေတြ လိုအပ္ေနပါတယ္။ သတင္း-ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024